ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ အတုယောင်ရွေးကောက်ပွဲအတွက် ပါဝင်လှုပ်ရှားပေးနေတဲ့ ၁၂၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေ ပစ်သွင်းတိုက်ခိုက်မှုမှာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေ ထိခိုက်ခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၁၉ ရက် ဒီနေ့မနက်အစောပိုင်းက ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဟံသာဝတီလမ်းနဲ့ ပိတောက်မြိုင်လမ်းဆုံမှာရှိတဲ့ ၁၂၄ ရပ်ကွက် အုပ်ချုပ်ရေးရုံးကို Operation Flame ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုဟာ အတုအယောင်ရွေးကောက်ပွဲအတွက် လှုပ်ရှားပေးနေတဲ့ အကြမ်းဖက်စစ်တပ် လက်ပါးစေတွေကို ရည်ရွယ်ပစ်မှတ်ထားတဲ့ “Fire Power” အထူးစစ်ဆင်ရေး ဖြစ်တယ်လို့လည်း Operation Flame က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း Operation Flame နဲ့အတူ မဟာမိတ် Yangon UG People Army – YUPA တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပြီး လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ၃ ယောက် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

“မနက် ၂ နာရီ ၁၉ မိနစ် ဝန်းကျင်မှာ အရှေ့ဒဂုံမြိုနယ်က ၁၂၄ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ၂လုံး ပစ်သွင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲ့မှာ ရပ်ကွက်ပတ်ကင်းစောင့် ကင်းပတ်လုပ်နေတဲ့ ရုံးက အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီး ၃ ကောင်လောက် ထိတယ်လို့ ကနဦးမြေပြင်သတင်းရပါတယ်။ ဆေးရုံကားတွေလည်း ရောက်သွားတယ်လို့ ပြောပါတယ်” လို့ Operation Flame သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက မောင်းကို ပြောပါတယ်။

ပေါက်ကွဲမှုအပြီး ၁၂၄ ရပ်ကွက်အပါအဝင် ဘေးချင်းကပ် ၁၃၃ ရပ်ကွက်မှာပါ စစ်တပ်၊ ရဲနဲ့ ပျူစောထီးအများအပြား ကင်းပတ်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ကြပြီး ရုံးတဝိုက်ကို ပိတ်ဆို့ကာ လမ်းသွားပြည်သူတွေကို စစ်ဆေးတာမျိုးတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

Operation Flame ကတော့ အကြမ်းဖက်စစ်တပ် လုပ်ဆောင်မယ့် အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်ခံမှာ မဟုတ်ကြောင်းနဲ့ ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေနဲ့ လက်တွဲပြီး အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမယ့်အကြောင်း ပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်ဗျူဟာ အမှတ် ၁၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၈ တပ်ရင်းအမှတ် ၈၀၃ ရဲ့ အမှတ်စဉ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ဝက်လက်မြို့ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် စစ်ကြောင်းများ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထောင်နှင့်ချီ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းတွေ အပြိုင်ဝင်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်ရှိနေတာကြောင့် မြို့နယ်အရှေ့နဲ့အနောက်ခြမ်းက အရပ်သားတွေ ထောင်နဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။
Read More

အောက်တိုဘာ တစ်လအတွင်း ယောမှာ စစ်တပ်လေကြောင်း ၈ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁၁ ယောက် သေဆုံးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်းမှာတင် မကွေးတိုင်း၊ ယောဒေသမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ပဉ္စမ မဏ္ဍိုင်( PMCSG ) က ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့နယ် အင်ပုထိုးကျေးရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၁ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး) - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်းရဲ့ ခရစ်စမတ်ပွဲတော် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း (P23803) ရဲ့ ခရစ်ယာန်ဘာသာဝင်တွေဖြစ်တဲ့ တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ၂ ယောက် အပါအဝင် ရဲဘော်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ခရစ်စမတ်ပွဲတော်ကို သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်းရဲ့ တပ်ရင်းဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပ.က.ဖ) ၏ ၇၈ ကြိမ်မြောက် အာဇာနည်နေ့ ဦးညွှတ်ဂုဏ်ပြုခြင်းအခမ်းအနား… (ဓာတ်ပုံသတင်း)

ဇူလှိုင် ၁၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ၉ ယောက်ကို ဦးညွှတ်အလေးပြုခြင်းနဲ့ နွေဦးတော်လှန်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ရေစကြိုမြို့နယ်(ပ.က.ဖ) မှ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ အာဇာနည်ရဲဘော်(၂၁) ယောက်ကို ဦးညွှတ်အလေးပြုခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။