မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နယ်နဲ့ ပေါက်နယ်အစပ်ကို စစ်ကော်မရှင်က ပါရာမော်တာတွေနဲ့ ၃ ရက်ဆက် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၆ ရက်မှာ ပခုက္ကူတပ်မ ၁၀၁ က တက်လာတဲ့ ပါရာမော်တာ ၂ စီးဟာ မြိုင်နယ်နဲ့ ပေါက် နယ်အစပ်ရှိ ကျောက်ခွက်ရေနံမှော်အနီးတဝိုက်ကို ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ရွာပြင်ရှိ ပဲစင်းငုံခင်းထဲ ကျရောက်ပြီး ပြည်သူတွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၇ ရက်မှာလည်း ကျောက်ခွက်ရေနံမှော်အနီး ဗုံးသီးထပ်မံကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ယောက်သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၈ ရက် မနေ့ နေ့လယ်ပိုင်းကလည်း ကျောက်ခွက်ရေနံမှော်အနီးကိုပဲ ဗုံးသီးထပ်မံကြဲချတိုက်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုကိုတော့ အညာမြေတပ်ပေါင်းစုက စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။

Video – အညာမြေတပ်ပေါင်းစု

0 Shares:
You May Also Like
Read More

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှာ မီးလောင်မှု ဖြစ်ပွား၊ အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာမှာ မတ်လ ၁၂ ရက် မနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မနေ့ညက မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ အင်အားအသင့်အတင့်ရှိ ငလျင်ထပ်မံလှုပ်ခတ် (ရုပ်/သံ)

မန္တလေးမြို့အပါအဝင် မြို့ကြီးအချို့မှာ ဧပြီ ၁၇ ရက် မနေ့ညပိုင်းက အင်အားအသင့်အတင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

ဖားကန့် ဆွတ်ဘွမ်ကျေးရွာ ကျောက်မျက်လုပ်ကွက်မှာ ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်၊ ၂ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်စီဇာအနီး ဆွတ်ဘွမ်ကျေးရွာ ကျောက်မျက်လုပ်ကွက်မှာ ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပွားပြီး လုပ်သား ၂ ယောက် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေထံက သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ်တွင် စစ်ကော်မရှင်တပ် တပ်စွဲထားရာနေရာများကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားနေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ နည်းဗျူဟာ ၃၃ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အမေရိကန်သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အီလွန်မက်စ် နာဇီအလေးပြုပုံစံနဲ့ အောင်ပွဲခံ (ရုပ်/သံ)

(၄၇) ဆက်မြောက် အမေရိကန်သမ္မတအဖြစ် တကျော့ပြန် သမ္မတဖြစ်လာတဲ့ ဒေါ်နယ်ထရန့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး အီလွန်မက်စ်က နာဇီအလေးပြုပုံစံနဲ့ အောင်ပွဲခံခဲ့ပါတယ်။
Read More

အကြမ်းဖက်စစ်သားတွေ အစောင့်လိုက်ပါလာတဲ့ ဆီဘောက်စာယာဉ်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းမြို့ဘက်ကနေ ထွက်လာတဲ့ ဆီဘောက်စာယာဉ် အစီး ၄၀၊ တွဲကား ၄ စီးနဲ့ သံပြားကာ ယာဉ် ၅ စီးကို နိုဝင်ဘာ ၄ ရက် ညနေပိုင်းက မအူ-မြေနဲကြားမှာ တော်လှန်ရေးတပ်တွေက စောင့်ဆိုင်းပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။