ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-လှိုင်ဘွဲ့ကားလမ်းဘေး မဲဘောင်တံတားအနီးရှိ ကြော်ငြာဆိုင်းဘုတ်ပေါ်ကနေ ဆေးကြောင်နေတဲ့ လူငယ် ၁ ယောက် ခုန်ချမှု ဖြစ်ပွားခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက် မနေ့ညနေပိုင်းက ဘားအံ့မြို့နယ် ဘားအံ-လှိုင်ဘွဲ့ကားလမ်းဘေးရှိ မဲဘောင် တံတားအနီး ကြော်ငြာဆိုင်းဘုတ်ပေါ်ကို လူငယ် ၁ ယောက် တက်ကနေကြောင်း သိရတဲ့အတွက် ဘားအံ့ခရိုင်မီးသတ်က သွားရောက်ကယ်ဆယ်‌ရေးလုပ်‌ဆောင်ခဲ့တယ်လို့ သိရပါတယ်။

”အဲဒီတက္ကသိုလ်ကျောင်းသားက ဆေးကြောင်ပြီး ဖြစ်တာလို့တော့ ပြောကြပါတယ်။ နားမှာ နားကြပ်တပ်ထားပြီး အဲ့အပေါ်မှာ တက်ပြီး ကနေတာ။ သူ့ရဲ့ မိခင်နဲ့ သူငယ်ချင်းတွေလည်း အဲဒီနေရာ ကို ရောက်ရှိပြီး ချော့ပြောကြပေမယ့် မရဘဲ အဲ့အပေါ်မှာပဲ တက်ကနေတာလို့ သိရပါတယ်”လို့ မြို့ခံတစ်ယောက်က ဆိုပါတယ်။ 

ကယ်ဆယ်ရေးတွေက လှေကားတင်ယာဉ်နဲ့ အနီးကပ်ကယ်ဆယ်ရေး လုပ်ဆောင်နေချိန်မှာပဲ အဆိုပါလူငယ်က အောက်ကို ခုန်ချခဲ့ပြီး ကြိုတင်ပြင်ဆင်ထားတဲ့ လေမွေ့ယာပေါ် ကျရောက်ခဲ့တဲ့အတွက် အသက်မသေခဲ့ပေမယ့် ထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့တယ်လို့ သိရပါတယ်။ 

Video – Sayar Lone

0 Shares:
You May Also Like
Read More

ရွာမီးရှို့ပြီး ပြန်လာသည့် စစ်တပ်ယာဉ်တန်းကို ပြင်းအားမြင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဗလဘကျေးရွာကို မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ယာဉ် ၄ စီးကို ဧပြီ ၂၄ ရက် ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဖားဆောင်းမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်း ခလရ ၁၃၅ ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မှတ်တမ်းရုပ်သံ KPLA ထုတ်ပြန်

ကရင်နီပြည်နယ် ဖားဆောင်းမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်း ခလရ ၁၃၅ ကို ထိုးစစ်ဆင်တိုက် ခိုက်နေတဲ့ မှတ်တမ်းရုပ်သံကို Karenni People's Liberation Army မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ပုလဲမြို့နယ် ပကဖတိုက်နယ် ၁ ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပကဖတိုက်နယ် ၁ ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၄ ရက်က ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဥထရစ်ထဗျူဟာစခန်းမြင်ကွင်း (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သက်ရှိစည်းရိုးလို့ ဝါဒဖြန့်ဇာတ်လမ်း ရိုက်ကူးခဲ့တဲ့ ဥကရစ်ထစခန်းကုန်းကို KNLA ပူးပေါင်းတပ်တွေက ဇူလိုင် ၁၂ ရက်က တိုက်ခိုက်သိမ်း ပိုက်ခဲ့ပါတယ်။
Read More

မုဒုံမြို့နယ် အဘစ်ကျေးရွာက စစ်ကောင်စီအမြောက်တပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ် ၃၁၈ ကို အောက်တိုဘာ ၈ ရက်မှာ SDDF Missile Team က ထုတ်လုပ်တဲ့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF Southern Military Region အဖွဲ့ထံကနေ သိရပါတယ်။
Read More

အမျိုးသမီးစစ်သည်များ ပါဝင်ခဲ့သည့် မြိုင်ပကဖ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ထုတ်ပြန်ထားပါတယ်။