ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်အတွင်း ဖမ်းဆီးရမိတဲ့ ကာလတန်ဖိုး ပျမ်းမျှ ထိုင်းဘတ် ၃,၀၅၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး (WY) အလုံးရေ ၆,၁၁၇,၉၀၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။

KNU ရဲ့ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးနဲ့ လူကုန်ကူးမှု ပပျောက်ရေးကော်မတီ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)တို့က စက်တင်ဘာလ (၁၉) ရက် ဒီနေ့မှာ ထိုင်းနိုင်ငံတာဝန်ရှိပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်ပြီး မူးယစ်ဆေးဝါးတွေကို စစ်ဆေးအတည်ပြုပြီးနောက် ဖားအံခရိုင်၊ တပ်မဟာ (၇) ဌာနချုပ်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမူးယစ်ဆေးဝါးတွေကတော့ တနေးချား(နဘူး)မြို့နယ်မှာ KNLA တပ်ရင်း (၁၀၁) က ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး (WY)ဆေးပြား ၁၂၀,၀၀၀ ပြား၊ သောင်ရင်းမြစ်တစ်လျှောက် လုံခြုံရေးယူထားတဲ့ ဒုဗိုလ်မှူးကြီးစောခင်လေး ဦးဆောင်တဲ့ KNLA တပ်က ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၇) ရက် မနက်ပိုင်းက မူယူထာဒေသမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး (WY)ဆေးပြား ပေါင်း (၅,၉၉၀,၀၀၀) ပြား နဲ့ ၂၀၂၅ ခုနှစ် မေလအတွင်း တာကရယ် (ပိုင်ကျုံ) မြို့နယ်မှာ KNLA တပ်ရင်း (၁၉) က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး (WY)ဆေးပြား (၇,၉၀၁) ပြား တို့ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မူးယစ်ဆေးဝါး(WY) ဆေးပြားတွေ ဖျက်ဆီးတဲ့ အခမ်းအနားကို KNU (ဗဟို) စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ပဒိုနော်ဒါးဒါး၊ KNU ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်ဧ ၊ တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဒိကွယ်ထူး၊ ဖားအံခရိုင် ရဲမှူးကြီး ဒုဗိုလ်မှူးကြီး စောမောင်ကြည်၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်စစ်ဌာနချုပ်-ဒုတိယဗိုလ်မှူးကြီးစောခင်လေး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၇) က တပ်ရင်းမှူးတွေနဲ့ တပ်ရင်းတာဝန်ရှိသူတွေ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) က တာဝန်ရှိသူတွေနဲ့ ဖားအံခရိုင် တာဝန်ရှိသူတွေ၊ ဖားအံခရိုင် ကရင်လူငယ်အစည်းအရုံးက တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

KNU အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ခြင်းကို ထိုင်းနိုင်ငံနဲ့အတူ လက်တွဲဆောင်ရွက်နေပြီး မူးယစ်ဆေးဝါးရောင်းချကုန်ကူးခြင်းနဲ့လည်း လုံးဝ ပတ်သက်မှုမရှိဘူးလို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် KNU အနေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ချိသူတွေကိုလည်း ဖော်ထုတ်အရေးယူသွားမှာဖြစ်သလို မူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့ ဖမ်းဆီးရမိခဲ့သူတွေကို အဆင့်ဆင့် အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်နေပြီး ထိန်းသိမ်းဖမ်းဆီး ရရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ဖျက်ဆီးတာတွေလည်း အစဉ် ပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဖားအံခရိုင်အတွင်း ဖမ်းဆီးရမိသော ကာလတန်ဖိုး ထိုင်းဘတ် ၃,၀၅၉ သိန်းတန်ဖိုးရှိ (WY) ဆေးပြားများကို မီးရှို့ဖျက်ဆီးသည့် ပုံရိပ်များ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်မရှိသည့် တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝ မလုပ်ရန် ပဲခူးတိုင်းစစ်ဌာန အမိန့်ထုတ်

ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ) တွေအနေနဲ့ ကိုယ့်နယ်မြေအတွင်း မဟာမိတ်တွေကလွဲလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှာ မရှိတဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို လက်ခံထားရှိခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေ လုံးဝ မလုပ်ကြဖို့ ပဲခူးတိုင်းစစ်ဌာနက ညွှန်ကြားလိုက်ပါတယ်။
Read More

စစ်ကော်မရှင်ကားကို နွားထိုးကြီး PDF ပြောက်ကျားတိုက်ခိုက်၊ စစ်သား ၃ ဦး သေပြီး ၂ ဦး ထွက်ပြေးသွား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကား ၁ စီး ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းတွင် ရွာမီးရှို့နေသည့် စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်က သိုက်ချောင်းကျွေးရွာကို မီးရှို့ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ယောက် သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်ခရိုင် ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

မြန်မာစစ်တပ်ပိုင် Mytel ကို အမေရိကန် ပိတ်ဆို့အရေးယူ

စစ်ကောင်စီရဲ့ အကျိုးအမြတ်များစွာ ပါဝင်ပတ်သက်နေတဲ့ Mytel ကုမ္ပဏီကို အမေရိကန်က ပိတ်ဆို့အရေးယူမှုစာရင်းထဲ ထည့်သွင်းလိုက်တယ်လို့ ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ် ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ ဦးသေဆုံး…

“တိုက်ပွဲဖြစ်နေတာလည်းမရှိဘူး။ ဖြစ်နေတာက ပလမြို့မှာ ခင်ဗျ။ ဒရုန်းကျချိန်နဲ့ လက်နက်ကြီး ကျချိန် သိပ်မကွာဘူး။ ဒီတိုင်းသက်သက်ကြီး အရပ်သားနေအိမ်တွေကို လာတိုက်ခိုက်သွားတာ ဟုတ်ပါတယ်။ ဒဏ်ရာရတဲ့လူတွေကို ကယ်မယ်ဆိုတာ သေချာပေါက်သိလို့ တမင်ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနဲ့ ထပ်ပစ်တာ သိပ်အောက်တန်းကျတဲ့ လုပ်ရပ်ပါပဲဗျ” လို့ မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဖားကန့်တွင် မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာသူ ၂ ဦး သေဆုံး၊ ၁၄ နှစ်အရွယ် ၁ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မြေပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၂ယောက် သေဆုံးပြီး ၁ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။