စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ဇီးကုန်းမြို့ရဲစခန်းကို ကန့်ဘလူခရိုင် ပကဖစစ်ကြောင်းက ဦးဆောင်ပြီး ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုအတွင်း အရှင်ဖမ်းမိတဲ့ သုံ့ပန်းနဲ့ မိသားစုဝင်တွေထဲက ဒဏ်ရာရရှိခဲ့တဲ့ ရဲ မိသားစုဝင်အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို မြို့နယ်ကျန်းမာရေးတာဝန်ခံ ဦးဆောင်တဲ့ ဆေးအဖွဲ့က လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မီးဖွားဖို့ လိုအပ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကိုလည်း ကောင်းမွန်စွာ စောင့်ရှောက်ကုသပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ကျန်းမာရေးတာဝန်ခံဆီက သတင်းရရှိကြောင်း ကန့်ဘလူမြို့နယ် ပအဖ က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်က အကြမ်းဖက်စစ်တပ်ကနေ အများပြည်သူကို ဆေးဝါးကုသပေးနေတဲ့ မြို့နယ်ကျန်းမာရေးဆေးရုံကို လေကြောင်းကနေ ၂ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာ ဆေးရုံလုံးဝပျက်စီးခဲ့ပေမယ့် CDM ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအပြင် အကြမ်းဖက်စစ်အုပ်စု ဘက်တော်သား လက်အောက်ခံ သုံ့ပန်းတွေကိုပါ လူသားချင်းစာနာမှုအပြည့်နဲ့ ဆေးဝါးကုသပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပအဖ က ထုတ်ပြန်ထားပါတယ်။

ဇီးကုန်းမြို့ရဲစခန်းကို ကန့်ဘလူခရိုင် ပကဖစစ်ကြောင်းက ဦးဆောင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ ဗိုလ်လေးနဲ့ ရဲတပ်သား ၆ ယောက် သေဆုံးပြီး နောက်ထပ် ဗိုလ်လေး ၂ ယောက်၊ တပ်သား၂ယောက်နဲ့ သူတို့ရဲ့ အမျိုးသမီး ၂ယောက်၊ ကလေး ၂ယောက်၊ အချုပ်သား ၃ ယောက်ကို အရှင်ဖမ်းမိခဲ့တဲ့အပြင် ရဲစခန်းထဲကနေ G3 သေနတ် ၉လက်၊ G4 ၁လက်၊ MA 15 ၁လက်နဲ့ ပစ္စတို ၁လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့ ရန်ကုန်သပိတ်ရဲဘော် ၄ ဦး ဖမ်းဆီးခံရ

တကသ ကျောင်းသားဟောင်းများ အင်အားစု တွဲဖက်တည်ထောင်သူ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC) ရဲ့ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC) အဖွဲ့ဝင် မမြမဉ္စူ နဲ့ နိုင်ငံရေး အကျဥ်းသူဟောင်း မနှင်းအိခိုင် တို့ ၄ ဦးတို့ဟာ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းမှာ မိသားစုနဲ့ နောက်ဆုံး အဆက်အသွယ်ရရှိခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရတာပါ။
Read More

NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဒုဝန်ကြီး ဦးချစ်ထွန်း ကွယ်လွန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဒုဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) ဟာ သူ့ရဲ့ နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ရင်း စက်တင်ဘာ ၂၅ ရက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ NUG ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါနှင့် ပေါက်ရှိ ကပစစက်ရုံနှင့် ခြေလျင်တပ်ရင်းတို့အား ရော့ကတ်၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ဂန့်ဂေါနဲ့ ပေါက်မြို့နယ်မှာ စစ်အုပ်စုအထိုင်ချရာ ခြေလျင်တပ်ရင်းနဲ့ ကပစ စက်ရုံတွေကို တော်လှန်ရေးတပ်တွေက ရော့ကတ်နဲ့ ရှော့တိုက်ဒုံးတွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

လားရှိုးမြို့နဲ့ အနီးတစ်ဝိုက်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို စစ်ကောင်စီတပ် ဗုံးကြဲဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်အုပ်ချုပ်နေတဲ့ လားရှိုးမြို့နဲ့ အနီးဝန်းကျင်က လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေပေါက်ပင်ရဲစခန်းကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၁ဦးနှင့် ပျူ ၁ ဦး သေပြီး ၄ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ရွှေပေါက်ပင်ရပ်ကွက်က ရဲစခန်းကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်မှုမှာ ရဲ ၁ ယောက်နဲ့ ပျူစောထီး ၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ရ ရှိခဲ့တယ်လို့ ဆိပ်ဖြူတစ်ကိုယ်တော်ကျားဇိုး (LDF) က မောင်းကို ပြောပါတယ်။
Read More

မြို့မငြိမ်း ရေးစပ်ခဲ့သည့် ဂန္တဝင်မြောက် “လူချွန်လူကောင်း” သီချင်းကို ပါတီမဲဆွယ်ဖို့ အသုံးပြုခြင်းအား မြို့မငြိမ်းမိသားစု ကန့်ကွက်ကြောင်း ကြေညာ

အလင်္ကာကျော်စွာဘွဲ့ရ မြို့မငြိမ်း ရေးစပ်ခဲ့တဲ့ ဂန္တဝင်မြောက် "လူချွန်လူကောင်း" သီချင်းကို စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက မဲဆွယ်စည်းရုံရာမှာ ရောင်းချအသုံးပြုစေမှုကို ကန့်ကွက်ကြောင်း မြို့မငြိမ်းမိသားစုက စက်တင်ဘာ ၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။