ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၁၂) မြို့နယ်မှာ ခြင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေကို ခြင်ထောင်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က မနေ့က ထုတ်ပြန်ပါတယ်။

HDCO အနေနဲ့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အပါအဝင် အခြားဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းကာ မုတ်သုံရာသီအတွင်း ခြင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကာကွယ်ဖို့ ကျန်းမာရေးဆိုင်ရာ စီမံကိန်းတစ်ခုကို ဆောင်ရွက်နေတာဖြစ်ပြီး စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ စုစုပေါင်း အိမ်ထောင်စု (၄,၈၅၁) စု၊ လူဦးရေ (၂၃,၂၈၆) ယောက် အတွက် ကျန်းမာရေးခြင်ထောင် (၆,၈၅၀) လုံး ထောက်ပံ့ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ထောက်ပံ့ထားတဲ့မြို့နယ်တွေကတော့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ မင်းပြား၊ ပေါက်တော၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်နဲ့ ဂွ မြို့နယ်တို့ ဖြစ်တယ်လို့ HDCO က ဆိုပါတယ်။

လက်ရှိအခြေအနေမှာ အကြမ်းဖက် မြန်မာစစ်တပ်က ကြည်း၊ ရေ၊ လေတပ်တွေ အသုံးပြုကာ ပြည်သူနေအိမ်တွေနဲ့ အဆောက်အဦးတွေကို အခုအချိန်ထိ ပစ်မှတ်ထားတိုက်ခိုက်နေဆဲတာကြောင့် အိမ်တွေနဲ့ အဆောက်အဦးအချို့ ပျက်စီး၊ စွန့်ပစ်ထားရပြီး အဆိုပါအဆောက်အဦးတွေမှာ ခြုံနွယ်ထူထပ်လာခြင်းနဲ့ စစ်ဘေးရှောင်စခန်းများတွင် လူဦးရေ တိုးလာခြင်းတို့ကြောင့် ခြင်ပေါက်နှုန်း မြင့်တက်လာကာ ကူးစက်ရောဂါ ဖြစ်ပွားနိုင်မှု တိုးလာစေတယ်လို့ HDCO ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အခုထောက်ပံ့ထားတဲ့ ခြင်ထောင်တွေကြောင့် စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေဟာ Malaria, Dengue Fever, Chikungunya စတဲ့ ခြင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို တားဆီးနိုင်မှာဖြစ်ပြီး ကျန်းမာရေးပညာပေးလှုပ်ရှားမှုတွေနဲ့ တွဲဖက်ဆောင်ရွက်တာကြောင့် လူထုရဲ့ ကျန်းမာရေးအသိပညာ တိုးတက်လာမှာဖြစ်တယ်လို့လည်း HDCO က ဆိုပါတယ်။

ပြည်တွင်း၊ ပြည်ပက အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကအလှူရှင်တွေအနေနဲ့လည်း စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေအတွက် လိုအပ်နေတဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေနဲ့ အခြားလိုအပ်ချက်တွေကို ဝိုင်းဝန်းကူညီဖြည့်ဆည်းပေးဖို့လည်း HDCO က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာပြည်သူတွေ ဒုက္ခဆင်းရဲများ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလလူ့အခွင့်အရေးအရာရှိပြော

မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေးအကျပ်အတည်းထဲမှာ နစ်မွန်းနေရပြီး ပြည်သူတွေဟာလည်း ဒုက္ခဆင်းရဲတွေ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပြောပါတယ်။
Read More

မိခင်နေမကောင်းလို့ ဆေးထွက်ဝယ်ရင်း BGF ကားနဲ့ တိုက်မိလို့ သေဆုံးခဲ့တဲ့ မောင်နှမ ၂ယောက်ဟာ စစ်ဘေးရှောင်လာသူတွေဖြစ်နေ

ကရင်ပြည်နယ် မြဝတီမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့က နယ်ခြားစောင့်တပ် BGF ကားနဲ့တိုက်မိလို့ သေဆုံးခဲ့တဲ့ မောင်နှမ ၂ ယောက်ဟာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာကြသူတွေဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
Read More

အခက်အခဲတွေကြားက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ရဲ့ အပတ်စဉ် ၂ စစ်သင်တန်း ပြီးဆုံးခဲ့ပြီ

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က စစ်အာဏာရှင်တွေကို တွန်းလှန်တိုက်ခိုက်ချင်သူတွေကို ရဲဘော်သစ်တွေအဖြစ် လက်ခံကာ စစ်သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။
Read More

ရန်ကုန်မြို့တွင် “ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ” စာတန်းချိတ်ဆွဲပြီး လူထုလှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့ YBS ကားပေါ်နဲ့ ကုန်းကျော်တံတားတစ်ခုပေါ်မှာ ရွှေပြည်သာသပိတ်ကော်မတီ (SPTSC) က "ငလျင်ဘေးအကြောင်းပြ ဗုံးကြဲတိုက်ခိုက်မှုကို တားဆီးကြ" ဘန်နာစာသားချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မံစီက သိမ်းပိုက်ရရှိတဲ့စစ်ကောင်စီ လက်ကျန်တပ်စခန်းတွေမှာ KIO/KIA အလံတွေကို စတင်လွှင့်ထူ

ကချင်ပြည်နယ်၊ မံစီမြို့ ကို KIA က သိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက် မြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ကာ KIO/KIA အလံတွေကို လွှင့်ထူထားတဲ့ ဓာတ်ပုံတွေကို စစ်ရေးသတင်းအရင်းအမြစ်တချို့မှာ ဖော်ပြလာပါတယ်။
Read More

ဖားဆောင်းနဲ့ ဘောလခဲကြားရှိ ထူးချောင်းစခန်းကုန်းကနေ စစ်ကောင်စီတပ်စခန်း စွန့်ခွာထွက်ပြေး

ကရင်နီဒေသ၊ ဖားဆောင်းမြို့နဲ့ ဘောလခဲမြို့ အကြားရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ “ထူးချောင်းစခန်းကုန်း”ကနေ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဖားဆောင်း PDF က ထုတ်ပြန်ထားပါတယ်။