စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်စစ်ကြောင်း တပ်ပျက်ကာ နောက်ကြောင်းပြန်ဆုတ်သွားတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၈ ရက် မနေ့က ရွှေဘိုလေ့ကျင့်ရေး (၈) အကြမ်းဖက်စစ်တပ်နဲ့ ရွှေဘို-ဘုတ်ကုန်းလမ်းပိုင်းရှိ ပျူစောထီးစခန်းက စစ်သား၊ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ အင်အား ၈၀ ခန့်ပါ အကြမ်းဖက်စစ်ကြောင်းဟာ ခင်ဦးမြို့နယ်၊ မကျီးတုံကျေးရွာကို စစ်ကြောင်း ထွက်လာရာ ခင်ဦးမြို့နယ် တောင်ဘက်ခြမ်း တိုက်နယ် (၁) နယ်မြေအတွင်း တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါနှစ်ဖက် ထိတွေ့မှု တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး အတိအကျကို စုံစမ်းနေဆဲ ဖြစ်ကာ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကြောင်းဟာ ဘုတ်ကုန်းပျူစောထီးစခန်းနဲ့ လေ့ကျင့်ရေး (၈) တပ်စခန်းတို့ဆီ ညတွင်းချင်း ဖရိုဖရဲနဲ့ ကစဉ့်ကလျား တပ်ပျက် ဆုတ်ပြေးသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအပြီး တော်လှန်ရေးတပ်တွေ နယ်မြေရှင်းလင်းချိန် အကြမ်းဖက်စစ်တပ်ရဲ့ MA 4 သေနတ် (၁) လက်၊ MA 5 ပစ္စတို (၁)လက်၊ RPG အဖူး၊ အီနာဂါ၊ ၄၀ မမ ကျည်တွေ၊ ကျည်ဘောက်နဲ့ အင်ကွပ်၊ ကျည်ကာပြား၊ ဦးထုပ်၊ ခဲယမ်း၊ အသုံးအဆောင်၊ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပြီး သွေးအိုင်တွေကိုပါ တွေ့ရှိခဲ့ရတယ်လို့ ခင်ဦးမြို့နယ် ပကဖ က ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် (၃)တပ်ရင်း၊ ခင်ဦးမြို့နယ် ပကဖ၊ တိုက်နယ် ပကဖ တွေနဲ့ မြို့နယ် ပလဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့ပေါ် မြန်မာ့မီးရထား ကွန်ကရစ် ဇလီဖားတုံးစက်ရုံရှိ စစ်အုပ်စုကို တော်လှန်ရေးရဲဘော် ၇ ဦး ဝင်ရောက်တိုက်ခိုက်၊ ရဲ ၄ ဦး သေပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ မြန်မာ့မီးရထား ကွန်ကရစ် ဇလီဖားတုံးစက်ရုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရာ ရဲ ၄ ယောက် သေဆုံးခဲ့တယ်လို့ Pakokku - Special Task Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်ရဲ့ တပ်ရင်းရဲ့ လှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ - အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် က ရှေ့တန်း၊ နောက်တန်းနဲ့ အခြေခံစစ်သင်တန်းတွေအပါ တပ်ရင်းရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ချပ်သင်းအထိုင်စခန်းမှ ထွက်လာသည့် စစ်အုပ်စု စစ်ရှောင်လင်မယားကို သတ်ဖြတ်ကာ စစ်ရှောင်တဲ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းအထိုင်စခန်းက ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ဟာ စစ်ဘေးရှောင်နေတဲ့ လင်မယား ၂ ယောက်ကို သတ်ဖြတ်ကာ စစ်ရှောင်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ထုတ်ပြန်ပါတယ်။
Read More

သတ်ဖြတ်ပြီး လိုချင်တာတောင်းတဲ့ခေတ် ကုန်သွားပြီလို့ ကြံ့ခိုင်ရေးဥက္ကဌ ဦးခင်ရီ လူငယ်တွေကို ဩဝါဒချွေ

လူငယ်တွေရဲ့ ဘဝဟာ သူများတွေရဲ့ ပါးစပ်ဖျားမှာ ဘဝလမ်းဆုံးနေပြီး နိုင်ငံရေးသမားတွေရဲ့ သွေးထိုးမှုတွေကြောင့် တောထဲဝင်ကုန်တာ ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက နေပြည်တော် ပါတီဌာနချုပ်မှာ လူငယ်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။ 
Read More

ပုလောမြို့နယ် ပြင်းဖြူရွာကို စစ်အုပ်စု ဝင်ရောက်မွှေနှောက်ပြီး PDF နေအိမ်လို့ထင်တဲ့ အိမ် ၁ လုံး မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပြင်းဖြူရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မွှေနှောက်ခဲ့ပြီး PDF တွေရဲ့ နေအိမ်လို့ သူတို့ ယူဆတဲ့ အိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရန်ကုန်နဲ့ ပဲခူး နယ်မြေအတွင်းပိုင်းအထိ စိုးမိုးထိန်းချုပ်နိုင်ဖို့ PDF တပ်ရင်းတပ်ဖွဲ့အချို့ စတင်ပြောင်းရွှေ့

ရန်ကုန် နဲ့ပဲခူးရဲ့ နယ်မြေအတွင်းပိုင်းကို စိုးမိုးထိန်းချုပ်နိုင်ဖို့ တောင်ပိုင်းစစ်ဒေသကတပ်ဖွဲ့ဝင်တွေကို စတင်ရွှေ့ပြောင်းနေပြီဖြစ်တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ရုပ်သံနဲ့တကွ အသိပေးထုတ်ပြန်လိုက်ပါတယ်။