မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးဘူတာနားရှိ စစ်ကော်မရှင်တပ်ကင်းပုန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက သံဖြူဇရပ်မြို့နယ် ထင်းရှူးဘူတာနားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်သားတွေရဲ့ ထိခိုက်မှုကို မြေပြင်အခြေအနေအရ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – Mon State Revolutionary Force

0 Shares:
You May Also Like
Read More

ကချင်ပြည်နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကော်မရှင်က လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျည်ဆန်လိုအပ်ချက်နှင့် တိုက်ပွဲဝင်နေကြသည့် ရဲဘော်များရဲ့ ရုပ်သံဖိုင် YARMA BRIGADE ထုတ်ပြန် (ရုပ်/သံ)

ကျိုက်ထို၊ သိမ်ဇရပ်၊ ဘီးလင်းနယ်မြေနဲ့ ဖာပွန်စစ်ဆင်ရေးနယ်မြေတွေမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့ တောင်ပိုင်းတိုင်း၊ ဗျူဟာ(၂၇)၊ အမှတ်(၂)စစ်ဒေသခွဲ၊ တပ်မဟာ-၁၊ တပ်ရင်း(၇၈၀၅)၊ တပ်ခွဲ-၅ (YARMA BRIGADE) မှာ မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်နိုင်ဖို့ ကျည်ဆန်လိုအပ်ချက် ရှိနေတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံအားပေးနေသည့် တရုတ်၏လုပ်ရပ်များ ရပ်တန့်ရန် ခါရာ ဆန္ဒပြတောင်းဆို (ရုပ်/သံ)

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ထောက်ခံအားပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးရှေ့မှာ သရုပ်ဆောင်ခါရာက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
Read More

စလင်းမြို့နယ်အတွင်း တော်လှန်ရေးစိုးမိုးနယ်မြေများကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေတွေကို အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် သားတွေ အထိနာလျက်ရှိတယ်လို့ Bamar Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ဆောင်နန်းခဲကျေးရွာတိုက်ပွဲမှတ်တမ်း (ရုပ်/သံ) 

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်နန်းခဲကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNA နဲ့ အင်းလေး PDF တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Battalion 1009:Inle People's Defence Force-IPDF က ထုတ်ပြန်ထားပါတယ်။
Read More

KNDF တပ်ရင်း ၃ ထံ စစ်ကောင်စီရဲ့ အတင်းအဓမ္မတပ်သားသစ် စုဆောင်းခံရသူ ၁၄ ယောက် ဘက်ပြောင်းလာ (ရုပ်/သံ)

KNDF တပ်ရင်း ၃ ထံ ဖေဖော်ဝါရီလ ၁ လအတွင်း စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မတပ်သားသစ်စုဆောင်းပြီး ရှေ့တန်းပို့ခံရသူ ၁၄ ယောက် ဘက်ပြောင်းခိုလှုံရောက်ရှိလာတယ်လို့ သိရပါတယ်။