ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ရဲ့ အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် – ၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

သင်တန်းကာလအတွင်း အခြေခံ စစ်ပညာဆိုင်ရာသင်ခန်းစာတွေ၊ စစ်နည်းဗျူဟာ ရေးဆွဲခြင်းဆိုင်ရာ သင်ခန်းစာတွေ၊ စစ်သည်တော်ကျင့်ဝတ်နဲ့ စည်းကမ်းဆိုင်ရာသင်ခန်းစာတွေ၊ နိုင်ငံရေးအသိပညာတွေနဲ့ ကိုယ်ကာယကြံ့ခိုင်မှုပိုင်းဆိုင်ရာ သင်ခန်းစာတွေကို ပြင်းပြင်းထန်ထန် လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်က တာဝန်ရှိသူတွေ၊ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နိုင်ငံရေးမှူး၊ ဒေသတွင်း မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ မိုးကုတ်ဗျူဟာ၊ ဗျူဟာအမှတ် (၉၃) (TRI ဗျူဟာ)၊ PDF တပ်ရင်းအမှတ် (၅၁၃) တို့က တာဝန်ရှိသူတွေ တက်ရောက်ပြီး သင်တန်းဆင်းရဲဘော်တွေကို အားပေး ဂုဏ်ပြုစကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မြို့နယ် ပကဖ၊ ပလဖ တာဝန်ရှိသူတွေ၊တော်လှန်ရေးနယ်ပယ်အသီးသီးက ရဲဘော်ရဲဘက်တွေနဲ့ ဒေသခံ ရပ်မိရပ်ဖတွေလည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး တာဝန်တွေကို ဦးလည်မသုန် ဆထက်ထမ်းပိုး ထမ်းဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄ ဦးထက်မနည်း ထိခိုက်သေဆုံး…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄ ယောက်ထက်မနည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦး၊ ဝရဇိန်တပ်ဖွဲ့ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပ၊ သင်တန်းသား ၃၀ ကို လက်နက်တပ်ဆင်ပေးခဲ့

ဖက်ဒရယ်ပြည်ထောင်စုတပ်ဦးရဲ့ ဝရဇိန်တပ်ဖွဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၉ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူအချုပ်ခန်း လိင်အကြမ်းဖက်မှုဖြစ်စဉ်က နစ်နာသူတွေကို တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးမယ်လို့ NUG ကတိပြု

စစ်ကိုင်းတိုင်း ကန့်ဘလူ ပလဖ အချုပ်စခန်းက လိင်အကြမ်းဖက်မှု ဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ နစ်နာသူတွေ တရားမျှတမှုရှိစေဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။
Read More

ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဒေသခံထင်ပြီး ပေါ်တာဆွဲသည့် စစ်ကောင်စီ အရာခံဗိုလ်နှင့် တပ်ကြပ်ကြီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာ အခြေစိုက် ခမရ (၆) ကနေ အုတ်ဖိုတာဆုံဘက်ကိုသွားရင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံထင်ပြီး ပေါ်တာဆွဲတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ် ။
Read More

စစ်ကောင်စီရဲ့ အောင်ဇေယျ ရှေ့တန်းစခန်းကို ဝင်ရောက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာ ရရှိ

မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ အောင်ဇေယနာမည်နဲ့ စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ရဲ့ ယာယီစခန်းတစ်ခုကို ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်တွင် လူ ၅ဦးအထက် စုဝေးခြင်းမပြုရ စည်းကမ်းချက် စစ်ကော်မရှင် ထုတ်ပြန်

ကချင်ပြည်နယ်၊ ဖားကန့်မှာ လူ ၅ ယောက်အထက် စုဝေးခြင်းမပြုရ စည်းကမ်းချက်ကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။