စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို စီးနင်းတိုက်ခိုက်မှုအတွင်း ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ဇီးကုန်းမြို့ရဲစခန်းကို ကန့်ဘလူခရိုင် ပကဖစစ်ကြောင်းက ဦးဆောင်ပြီး ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုအတွင်း အရှင်ဖမ်းမိတဲ့ သုံ့ပန်းနဲ့ မိသားစုဝင်တွေထဲက ဒဏ်ရာရရှိခဲ့တဲ့ ရဲ မိသားစုဝင်အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို မြို့နယ်ကျန်းမာရေးတာဝန်ခံ ဦးဆောင်တဲ့ ဆေးအဖွဲ့က လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မီးဖွားဖို့ လိုအပ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကိုလည်း ကောင်းမွန်စွာ စောင့်ရှောက်ကုသပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ကျန်းမာရေးတာဝန်ခံဆီက သတင်းရရှိကြောင်း ကန့်ဘလူမြို့နယ် ပအဖ က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်က အကြမ်းဖက်စစ်တပ်ကနေ အများပြည်သူကို ဆေးဝါးကုသပေးနေတဲ့ မြို့နယ်ကျန်းမာရေးဆေးရုံကို လေကြောင်းကနေ ၂ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာ ဆေးရုံလုံးဝပျက်စီးခဲ့ပေမယ့် CDM ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအပြင် အကြမ်းဖက်စစ်အုပ်စု ဘက်တော်သား လက်အောက်ခံ သုံ့ပန်းတွေကိုပါ လူသားချင်းစာနာမှုအပြည့်နဲ့ ဆေးဝါးကုသပေးနေတယ်လို့ ကန့်ဘလူမြို့နယ် ပအဖ က ထုတ်ပြန်ထားပါတယ်။

ဇီးကုန်းမြို့ရဲစခန်းကို ကန့်ဘလူခရိုင် ပကဖစစ်ကြောင်းက ဦးဆောင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ ဗိုလ်လေးနဲ့ ရဲတပ်သား ၆ ယောက် သေဆုံးပြီး နောက်ထပ် ဗိုလ်လေး ၂ ယောက်၊ တပ်သား၂ယောက်နဲ့ သူတို့ရဲ့ အမျိုးသမီး ၂ယောက်၊ ကလေး ၂ယောက်၊ အချုပ်သား ၃ ယောက်ကို အရှင်ဖမ်းမိခဲ့တဲ့အပြင် ရဲစခန်းထဲကနေ G3 သေနတ် ၉လက်၊ G4 ၁လက်၊ MA 15 ၁လက်နဲ့ ပစ္စတို ၁လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်မှာ သပိတ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ် ပူးပေါင်းပြီး တော်လှန်ရုပ်ရှင်ပြပွဲ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း တစ်နေရာမှာ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး( BLDF)၊ စစ်ဒေသ (၁)နဲ့ လက်ပံတောင်းတောင်ပင်မ သပိတ်တို့ ပူးပေါင်းပြီး တော်လှန်ရုပ်ရှင်ပြပွဲ ကို စက်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိတ်ခရိုင် PDF အမှတ် ၂ တပ်ရင်း၏ ‎၇၈ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၁၉ ရက်ဒီနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

အိန္ဒိယနှင့် မလေးရှား ကူညီကယ်ဆယ်ရေးအဖွဲ့များ အသီးသီး ပြန်လည်ထွက်ခွာ

မြန်မာ့ငလျင်ဘေးအတွက် ရောက်ရှိလာတဲ့ အိန္ဒိယနဲ့မလေးရှားနိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ပြန်လည်ထွက်ခွါသွားပြီလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

မြင်းမူမြို့နယ်ရှိ ကျေးရွာ ၂ ရွာမှာ လေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်အတွင်းက ကျေးရွာ ၂ ရွာမှာ ၅/အရတ အရာတော်လူထုသပိတ် နဲ့ မြင်းမူမြို့နယ် သပိတ်အင်အားစု တို့ ပူးပေါင်းပြီး လေကြောင်းအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လုံခြုံရေး စစ်ဆေးမှုလုပ်ဆောင်နေသည့် တော်ဝင်ဒေါင်းတပ်ရင်း အမျိုးသမီးစစ်သည်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ တော်ဝင်ဒေါင်းတပ်ရင်းက အမျိုးသမီးစစ်သည်တချို့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါ စစ်ကြောင်းက ထုတ်ပြန်ဖော်ပြလာပါတယ်။
Read More

လက်နက်စက်ရုံ ကပစ- ၁၃ ကို ရော့တိုက်ဒုံးများနှင့် တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး အရာရှိအပါအဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိ…

အဲ့ဒီတိုက်ခိုက်မှုအတွင်း တာဝန်ကျ အရာရှိ ၃ ယောက်နဲ့ စစ်သား ၁၂ ယောက် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး အရာရှိ ၃ ယောက်ထဲက ၁ ယောက်ဟာ ဘယ်ဘက်နားရွက် ပြတ်ထွက်သွားသလို နောက်တစ်ယောက်ကတော့ ဘယ်ခြေသလုံး အစဖောက်ထွက်ပြီး ကျန်တစ်ယောက်က ကျောတစ်ပြင်လုံး မီးလောင်ဒဏ်ရာ အသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။