စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲကနေ စစ်ကြောင်းပျက်ပြီး ထွက်ပြေးလာတဲ့ ဒုတပ်ကြပ် ၁ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၂ ယောက်ကို လက်နက် ၃ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ပကဖ (ULF စစ်ကြောင်း) က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၃ ရက် ချောင်းမကျေးရွာတိုက်ပွဲအတွင်း တပ်ပျက်ပြီး ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းက ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ဒုတပ်ကြပ် ၁ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၂ ယောက်ကို အရှင် ဖမ်းမိခဲ့ပြီး MA-1 သေနတ် ၂ လက်၊ MA-2 သေနတ် ၁ လက်၊ 5.56 ကျည် ၂၀၀ တောင့်နဲ့ ဖုန်း ၄ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်ကလည်း ကနီမြို့နယ်၊ ချောင်းမရွာကို ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၆ က ဗိုလ်မှူး သူရိန် ဦးဆောင်တဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် သေဆုံးပြီး စစ်သုံ့ပန်း ၄ ယောက် အရှင်ဖမ်းမိကာ လက်နက် ၇ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လှိုင်သာယာ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရပြီး အရေးပေါ်ကုသနေရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်း(ခ) ရွှေမန်းဆိုသူ နဲ့ ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရပြီး အရေးပေါ်ကုသနေရကြောင်း Golden Valley  Warriors အဖွဲ့ထံက သိရပါတယ်။
Read More

မန်တုံမြို့နယ်နှင့် နမ္မတူမြို့နယ်တွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်ပိုင်ရှင်များကို ထောက်ပံ့ကြေးများ ပေးအပ်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မန်တုံမြို့နယ်နဲ့ နမ္မတူမြို့နယ်မှာ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်ပိုင်ရှင်တွေ ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းကွန်းဒေသတွင် သေဆုံးသူ ၄၀ ကျော်ရှိနေပြီဖြစ်ပြီး စိုးမိုးနယ်မြေအတွင်း ကယ်ဆယ်ရေးများ လုပ်ဆောင်နေကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ပြော

ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ အယောက် ၄၀ ကျော် ရှိနေပြီးဖြစ်တဲ့ မင်းကွန်းဒေသက တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တညောင်ရဲစခန်းသိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်အတူ ပြန်လာသည့် စလင်း ပကဖ ရဲဘော်များကို ဒေသခံပြည်သူများ ကြိုဆို…

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့ စလင်း ပကဖ ရဲဘော်တွေကို ဒေသခံပြည်သူလူထုက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြစ်ကြီးနားမြို့ စစ်တပ်ရဲ့ နမ့်ပေါင်လေတပ်စခန်း ၁၀၇ မမ ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မောဖောင်းကျေးရွာအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နမ့်ပေါင်လေယာဥ်ကွင်းကို တော်လှန်ရေးတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ကြကြောင်း မောဖောင်းကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

အလံဖြူထောင် ဆုတ်ခွာထွက်ပြေးနေရတဲ့ စစ်ကောင်စီတပ်သားတွေကို ခေတ်မီ စစ်ရေးဗျူဟာတွေ လေ့လာပြင်ဆင်ထားဖို့ မင်းအောင်လှိုင် မှာကြား

ပြောင်းလဲတိုးတက်နေတဲ့ စစ်ရေးဗျူဟာတွေကို ခေတ်နဲ့အညီ လေ့လာလိုက်စားနေဖို့ လိုအပ်တတယ်လို့  နိုင်ငံတစ်ဝန်းမှာ စစ်ရှုံးနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။