အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မနေ့က စက်တင်ဘာ ၁၈ရက်မှာ ထားဝယ်မြို့ကို ရောက်ရှိလာပြီး လုံခြုံရေးအပြည့်နဲ့ မြို့တော်ခန်းမ ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။

ပြည်သူလူထုတရပ်လုံးရဲ့ မုန်းတီးခြင်းတွေ ရရှိထားတဲ့ မင်းအောင်လှိုင်က သူ့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်တာကြောင့် လုံခြုံရေးအင်အား အများအပြား အသုံးပြုခဲ့သလို ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားခဲ့တယ်လို့ သိရပါတယ်။

“မင်းအောင်လှိုင်က ထားဝယ်ကိုမြို့တော်ခန်းမ ဖွင့်ပွဲရယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ နယူးကလီးယားစက်ရုံ ရုရှားနဲ့လုပ်မယ့်ဟာကို တချက်လာကြည့်တာ။ အဲ့အတွက်လာတာ.. မြို့တော်ခန်းမဖွင့်ပွဲကို လာတာ၊ ထားဝယ်မှာဆိုရင် လိုင်းတွေပြတ်နေတယ်။ Wifi လိုင်းတွေလည်း အကုန်ပြတ်နေတယ်။ အဲ့လို လိုင်းဖြတ်ထားတယ်။ လမ်းတွေမှာလည်း ပြည်သူ့စစ်တွေရော အများကြီးရှိတယ်” လို့ ထားဝယ် နယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ထားဝယ်ကို ရောက်မလာခင် ရက်ပိုင်းမှာ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူနဲ့ လောင်းလုံးမြို့နယ်တို့ဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ အဆက်မပြတ် လုပ်ဆောင်ခဲ့ပါတယ်။

အခုလို ပစ်ခတ်ခဲ့တဲ့အတွက် လောင်းလုံးနယ်မြို့ရှိ ဒေသခံ ၂ ယောက်သေဆုံးပြီး ၊ ‌၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိအချိန်ထိလည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ထားဝယ်မြို့ပေါ်ကနေ ပြန် ၊ မပြန် ကိုတော့မသိရှိရသေးဘူးလို့ဆိုပါတယ်။

“အဲဒီ ၄ မြို့နယ်က ရွာတွေကို စစ်ကြောင်းတွေ ဆက်တိုက်ထိုးတယ်။ ပြီးလို့ရှိရင် လက်နက်ကြီးတွေပစ်တယ်။ လေယာဉ် နဲ့ တောက်လျှောက်ဗုံးကြဲတယ်။ လက်နက်ကြီး နဲ့ ပစ်လို့ ဒဏ်ရာရတဲ့သူရောလည်း များတော့များတယ်။ သူကပြန်သွားပြီလား ရှိနေတယ်လားဆိုတာ ဘယ်သူမှမသိသေးဘူး။ လုံခြုံရေးက လုံးဝကို ကြပ်ထားတယ် မပေါက်ကြားဘူးဖြစ်နေတယ်” လို့ အထက်ပါမြို့ခံက ဆက်ပြောပါတယ်။

မင်းအောင်လှိုင်ဟာ ထားဝယ်မှာ ဆွေမျိးတွေရှိတဲ့အတွက် အာဏာမသိမ်းခင်က ထားဝယ်ကို တစ်နှစ်တစ်ခေါက် လာတာမျိုးရှိတယ်လို့ သိရပါတယ်။ အခုတစ်ခေါက် ခရီးစဥ်မှာ အကြမ်းဖက်မင်းအောင်လှိုင်က ထားဝယ်လေဆိပ် အဆင့်မြှင့်တင်ရေး လုပ်ဆောင်နေကြောင်းနဲ့ ထားဝယ်ဆိပ်ကမ်း အဆင့်မြှင့်တင်ရေး လုပ်ဆောင်သွားမယ့်အကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြောင်းမြထောင်တွင် အာဏာပိုင်များ ငွေကြေးတောင်းခံခြင်းနှင့် အကြမ်းဖက် ရိုက်နှက်မှုများ လုပ်ဆောင်နေ

ဧရာဝတီတိုင်း၊ မြောင်းမြအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို အိပ်ဆောင်အတွင်း အကြောင်းပြချက်မရှိ ငွေကြေးတောင်းယူကာ အခန်းလူကြီးတွေကို ခွဲခြမ်းပေးခြင်းဖြင့် အနိုင်ကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

KK Park မှ ထွက်ပြေးလာသူများကြောင့် မြဝတီမှ ဟိုတယ်များ လူပြည့်

ကရင်ပြည်နယ်၊ မြဝတီကို ရွှေကုက္ကိုလ်ကနေ ကျားဖြန့်လုပ်ကိုင်သူတွေ ထွက်ပြေးလာတာကြောင့် မြဝတီမြို့အတွင်းရှိ ဟိုတယ်အခန်းတွေ အကုန်လူပြည့်နေပြီလို့ မြို့ခံတွေထံက သိရပါတယ်။
Read More

အောင်သပြေရဲဝန်းထဲကို ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်က အောင်သပြေ ရဲဝန်းထဲကို ၄၀ မမ (၂) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

မိုးမိတ်မြို့တွင် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် (၁) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ မန်ကျည်းပင်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူလူထု နေအိမ် (၁) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

ကမ္ဘာ့အခြေအနေအရပ်ရပ်က နွေဦးတော်လှန်ရေးအပေါ် မျက်နှာသာပေးမှု အများကြီးမရှိတာကို စိတ်ဓာတ်မကျဘဲ မိမိခွန်အားဖြင့် အဆုံးသတ်အောင်ပွဲ ဆင်နွှဲနိုင်ကြောင်း NUG ဝန်ကြီးချုပ် ပြော

ကမ္ဘာ့အခြေအနေအရပ်ရပ်က ပြည်သူ့နွေဦးတော်လှန်ရေးအပေါ် မျက်နှာသာပေးမှု အများကြီး မရှိနေတာကို စိတ်ဓာတ်မကျဘဲ ကိုယ့်ခွန်အားနဲ့ကိုယ် တော်လှန်ရေး အဆုံးသတ်အောင်ပွဲ ဆင်နွှဲနိုင်တယ်လို့ မနေ့က ပြုလုပ်တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်၊ (၃၄/၂၀၂၅) မှာ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

မင်းလှတွင် အကြမ်းဖက်စစ်ကြောင်းက စိတ်ဝေဒနာရှင် ၁ ဦးကို လက်ပြန်ကြိုးတုပ် ရိုက်သတ်ကာ စွန့်ပစ်ထားခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက စိတ်ကျန်းမာရေးချို့တဲ့သူ ၁ယောက်ကို လက်ပြန်ကြိုးတုပ် သတ်ဖြတ်ကာ ဗုံးခိုကျင်းထဲ စွန့်ပစ်ထားခဲ့ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။