တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိိန်းခွန်းကျေးရွာအနီး အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ၂ ယောက် သေပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ‎ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က မနေ့က ထုတ်ပြန်ပါတယ်။

ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်းခွန်း‌ကျေးရွာ အနီးဝန်းကျင်အတွင်း စက်တင်ဘာလ (၁၈)ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ(၄) လက်အောက်ခံ၊ တပ်ရင်း(၁၁) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က (၂) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်တပ်ဆီက MA1-(၁)လက်၊ MA3-(၁)လက်၊ လက်ပစ်ဗုံး(၁)လုံး၊ ကျည်ဆံ(၁၀၀)လုံး၊ ကျည်ဘောက်(၄)ခု သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

K.N.L.A မှ သိမ်းဆည်းရရှိသော အကြမ်းဖက်စစ်တပ်၏ လက်နက်ခဲယမ်းများ (ဓာတ်ပုံ KNU – Mergui-Tavoy District)

 

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မသန်စွမ်းဖြစ်ရတဲ့ အရပ်သားပြည်သူအရေအတွက် နေ့စဉ်တိုးလာနေ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက မသန်စွမ်းသူတွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို အဓိကခံစားနေရကြောင်း  ကုလသမဂ္ဂရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ 
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်နိုင်ငံ နာဂိုယာမြို့မှာ ချီတက်ဆန္ဒပြ

အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကနေ ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်ရောက်မြန်မာတွေက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
Read More

စစ်ကောင်စီတပ် ကျုးလွန်ခဲ့တဲ့ ဘုတလင်၊ စီပါရွာက လူသတ်မှုဖြစ်ရပ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့တွေ အကြမ်းဖက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကျဆုံး အာဇာနည်သူရဲကောင်းများ၏ မိသားစုဝင်များအား “ပြည်သူမှပြည်သူသို့” အစီအစဥ်ဖြင့် ထောက်ပံ့ ဂုဏ်ပြုပေးအပ်

အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့အာဇာနည် သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ငွေနဲ့ ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့ကြောင်း Natogyi PDF က ထုတ်ပြန်ထားပါတယ်။
Read More

မင်းတုန်းတွင် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အရပ်သားလူငယ်တချို့ ဖမ်းဆီးခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ ရဲစခန်းကို လူချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရပြီးနောက် အရပ်သားတချို့ဖမ်းဆီးခံရကြောင်း ဗမာပြည်ကာကွယ်ရေးတပ်-USBA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုသာချိုက မောင်းကို ပြောပါတယ်။
Read More

ရေစကြိုတွင် အကြမ်းဖက်စစ်ကော်မရှင်က ကုန်စည်စီးဆင်းမှု ခက်ခဲအောင် ပိတ်ဆို့ကန့်သတ်မှုတွေ ပိုမိုလုပ်ဆောင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်စေဖို့ ရည်ရွယ်ချက်နဲ့ လမ်းပိုင်းတွေ၊ မြို့အဝင်အထွက်ဂိတ်တွေ ပိတ်ဆို့ကာ ကုန်ပစ္စည်းသယ်ဆောင်ခွင့်တွေကို ဆိုးဆိုးရွာရွား ကန့်သတ်လိုက်ကြောင်း သိရပါတယ်။