စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ မုံရွေးတိုးဂိတ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ အကြမ်းဖက် စစ်သား ၈ ယောက် သေဆုံးပြီး လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Budalin Defense Force (BDF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက် မနက်အစောပိုင်းမှာ အထက်ပါ မုံရွေးကျေးရွာနားက တိုးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရင်း နှစ်ဖက်ထိတွေ့မှု အချိန် ၁ နာရီကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်တွေဘက်က အသာစီးရခဲ့ပြီး စစ်အုပ်စုသေဆုံးမှုတွေနဲ့အတူ လက်နက်တွေနဲ့ စခန်းကိုပါ သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

သေနတ် ၅ လက်၊ ကျည်ကာ ဦးထုပ် ၂ လုံး၊ ကျည်ကာအင်္ကျီ တစ်ထည်၊ ကာဘိုင်ကျည်အပါ အခြားကျည်မျိုးစုံနဲ့ ဆက်စပ်ပစ္စည်းတွေကို တော်လှန်ရေးတပ်တွေ ရရှိခဲ့တာဖြစ်ပါတယ်။

မုံရွေးတိုးဂိတ်တိုက်ပွဲမှ သိမ်းဆည်းရရှိသည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ

“မနက် ၄ နာရီ ခွဲလောက်မှာ စတိုက်ပြီး ခွေးဘန်ကာတစ်ခုပဲ ကျန်နေတာ မိုးလင်းသွားတာနဲ့ ပြန်ဆုတ်လာခဲ့ကြတာပါ။ အသာစီးရခဲ့ပါတယ်။ အဖွဲ့ပေါင်းစုံ စုစည်းညီညွတ်မှု အကျိုးကျေးဇူးကြောင့်အားတက်ဖို့ကောင်းပါတယ်” လို့ Budalin Defense Force (BDF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း တော်လှန်ရေးဘက်က ရဲဘော် ၃ယောက်လည်း ထိခိုက်ဒဏ်ရာ (မစိုးရိမ်) ရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း လမ်းပိုင်းပိတ်ဆို့မှုတွေရှိခဲ့ပြီး စစ်အုပ်စုဘက်က ပျူ​​စောထီးနဲ့  စစ်မှုထမ်းတွေပါ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ Budalin Defense Force (BDF) တာဝန်ရှိသူက ပြောပါတယ်။

မုံရွေးတိုးဂိတ်တိုက်ခိုက်မှုကို မုံရွာခရိုင်ကွပ််ကဲရေးမှူးရဲ့ကွပ်ကဲမှုနဲ့အတူ မုံရွာခရိုင်တပ်ရင်း ၂၄၊ မုံရွာခရိုင်တပ်ရင်း ၁၄၊ Federal Democratic Force(FDF)၊ Budalin Defense Force(BDF)၊ Chindwin Brother(CB)၊ Bandula Defense Force(BDF)၊ Civil Armed Force(CAF)၊ ဗိုလ်မုတ်ဆိတ်(ဒေါင်းမျိုးဆက်)အဖွဲ့၊ အောက်စီဂျင် အဖွဲ့၊ BHA၊ မုံရွာခရိုင်တပ်ရင်း ၂၁ နဲ့ မုံရွာမြို့နယ်ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

NUG အားနည်းချက်များရှိကြောင်း ယာယီသမ္မတ ဒူဝါလရှီးလ ဝန်ခံပြောကြား.. တိုင်းရင်းသား အင်အားစုကြီးများ အစိုးရအဖွဲ့ထဲ ပါလာရန် ကြိုးပမ်းသော်လည်း အကန့်အသတ်များ ရှိနေဟု ဆို..

ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း နွေဦးတော်လှန်ရေးမှာ အောင်မြင်မှုတွေရှိခဲ့သလို ကျရှုံးမှုတွေလည်း ရှိခဲ့ပြီး အဆိုပါ ကျရှုံးမှုဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဝန်ခံပြောကြားလိုက်ပါတယ်။
Read More

စနစ်ဆိုး၏ တန်းတူညီမျှမှုမရှိသည့် စံနှုန်းများကို ချေဖျက်ပစ်ဖို့ လူနည်းစုလူငယ်များ ဦးဆောင်ပြီး ကမ်ပိန်းပြုလုပ်

စနစ်ဆိုးရဲ့ တန်းတူညီမျှမရှိတဲ့ စံသတ်မှတ်နှုန်းတွေကို ချေဖျက်ပစ်ဖို့ လူနည်းစု လူငယ်တွေ ဦးဆောင်ပြီး K - Word မှသည် Identity Campaign ကို ဇွန်လ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်ရာ ၆လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

ဆားလင်းကြီး ပညာရေးဘုတ်အဖွဲ့ (၁) နှစ်ပြည့်ဆုပေးပွဲ အခမ်းအနား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က NUG ရဲ့ ဆားလင်းကြီးပညာရေးဘုတ်အဖွဲ့ဟာ ၁နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်လို့ ထူးချွန်ကျောင်းသားကျောင်းသူတွေကိုပါ ဆုချီးမြှင့်ပေးအပ်ခဲ့ပါတယ်။ ဒီနေ့စက်တင်ဘာ ၂၂ ရက်နေ့မှာ ဆားလင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပညာရေးဘုတ်အဖွဲ့ ၁နှစ်ပြည့် အခမ်းအနားကို ကျင်းပပေးခဲ့ပြီး ထူးချွန်ကျောင်းသားကျောင်းသူတွေကိုပါ ဆုချီးမြှင့်ခဲ့တာပါ။
Read More

ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ တွေ့ဆုံညှိုနှိုင်းရေးကသာ အဖြေဖြစ်တယ်လို့ မင်းအောင်လှိုင် အကြိမ်ကြိမ် ပြောဆိုနေ

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးမှာ ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ ဆွေးနွေးတွေ့ဆုံ ညှိုနှိုင်းရေးကသာ အောင်မြင်နိုင်မှာဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။