တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ ဝကုန်းကျေးရွာမှာ စစ်ယာဉ်တန်းနဲ့ လိုက်ပါလာတဲ့ စစ် ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်သေပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Eastern Defense Force EDF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်းက စစ်ယာဉ်တန်းနဲ့ လိုက်ပါလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ဝကုန်းကျေးရွာ ၂၃ မိုင်-၂၄ မိုင်ကြားမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

မိနစ် ၃၀ ကြာ ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သား ၂ ယောက် သေဆုံးကာ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို KNLA တပ်ရင်း-၁၂၊ တပ်ခွဲ-၄ (အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့-EDF) ၊ တပ်ခွဲ-၅၊ ဗထူးအာမီ(B.H.A)၊ ဒေါနတပ်ခွဲ-၇ ၊ သံမဏိပြောက်ကျား (နဘယံ)၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း(T5) နဲ့ ဒေါင်းညီနောင်စစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – Eastern Defense Force EDF

0 Shares:
You May Also Like
Read More

စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မကွေးတိုင်း၊ စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ မေလ ၉ ရက်နဲ့ ၁၀ ရက်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ စလင်းပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လင်းကတောရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းကနေ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဧပြီ ၁ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေ ခုခံတိုက်ခိုက်ခဲ့ တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၅ ထံက သိရပါတယ်။
Read More

ရမ်းဖိုရွာအနီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီး စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ကျုံဒိုးမြို့စစ်ဆင်ရေး ထိုးစစ်ဆင်လာတဲ့ တပ်မ ၅၅ နဲ့ တပ်မ ၄၄ ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံ Lion Battalion Commando ထုတ်ပြန်

ကရင်ပြည်နယ် ကျုံဒိုးမြို့ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်မ ၅၅ နဲ့ တပ်မ ၄၄ ပူးပေါင်းစစ် ကြောင်းကို တိုက်ခိုက်ချေမှုန်းလိုက်ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ Lion Battalion Commando စစ်ကြောင်းက မှတ်တမ်းရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွာမီးရှို့ပြီး ပြန်လာသည့် စစ်တပ်ယာဉ်တန်းကို ပြင်းအားမြင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဗလဘကျေးရွာကို မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ယာဉ် ၄ စီးကို ဧပြီ ၂၄ ရက် ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

PDF ထိန်းချုပ်နယ်မြေအတွင်း စားနပ်ရိက္ခာလာဝယ်သည့် ပြည်သူကို ရဲဘော်တစ်ယောက်က ဘယ်တော့မှ သေနတ်ပြောင်းလှည့်မှာ မဟုတ်ကြောင်း ရှင်းပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုရဲ့ ပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်ကာ PDF ထိန်းချုပ်နယ်မြေအတွင်း လာဝယ်တဲ့ ပြည်သူလူထုကို PDF ရဲဘော်က သေနတ်ပြောင်း ဘယ်တော့မှ လှည့်မှာမဟုတ်ဘူးလို့ ရှင်းလင်းတင်ပြနေတဲ့ ရုပ်သံဖိုင်ကို KBL - PDF က ထုတ်ပြန်ခဲ့ပါတယ်။