စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲကနေ စစ်ကြောင်းပျက်ပြီး ထွက်ပြေးလာတဲ့ ဒုတပ်ကြပ် ၁ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၂ ယောက်ကို လက်နက် ၃ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ပကဖ (ULF စစ်ကြောင်း) က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၃ ရက် ချောင်းမကျေးရွာတိုက်ပွဲအတွင်း တပ်ပျက်ပြီး ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းက ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ဒုတပ်ကြပ် ၁ ယောက်နဲ့ စစ်မှုထမ်း တပ်သားသစ် ၂ ယောက်ကို အရှင် ဖမ်းမိခဲ့ပြီး MA-1 သေနတ် ၂ လက်၊ MA-2 သေနတ် ၁ လက်၊ 5.56 ကျည် ၂၀၀ တောင့်နဲ့ ဖုန်း ၄ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်ကလည်း ကနီမြို့နယ်၊ ချောင်းမရွာကို ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၆ က ဗိုလ်မှူး သူရိန် ဦးဆောင်တဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် သေဆုံးပြီး စစ်သုံ့ပန်း ၄ ယောက် အရှင်ဖမ်းမိကာ လက်နက် ၇ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂) ရင်းကို တပ်ရင်း (၁) ရင်းတည်းအဖြစ် ပေါင်းစည်း…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း (၂) ရင်းကို တပ်ရင်း ၁ ရင်း တည်းအဖြစ်ပေါင်းစည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကျောက်နီမော် ကျေးရွာက စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄၀ ကျော်သေ၊ တော်လှန်ရေးရဲဘော် ၂ယောက်လည်း ကျဆုံးခဲ့

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကျောက်နီမော် ကျေးရွာက စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

စဉ့်ကူးမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ၊ ပြည်သူပိုင် အဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးခဲ့

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါခရိုင် တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်နေ

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်းတွေအနေနဲ့ ဒေသအတွင်း တော်လှန်ရေး အင်အားစုတွေ ပိုမို ကျစ်လစ်အားကောင်းလာစေဖို့ ရည်ရွယ်ပြီး ဇူလိုင်လ ၂၄ ရက်က စတင်ကာ စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ Yaw Revolution Army - ထီးလင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း CDM ဝန်ထမ်း ၁၂၀၀ ကျော်အတွက် သိန်း ၇၀၀ ကျော် ထောက်ပံ့ခဲ့တယ်လို့ CRPH ထုတ်ပြန်

ပြည်သူ့ဘက်ကိုရပ်တည်နေတဲ့ အလွှာစုံက CDM ဝန်ထမ်းပေါင်း ၁၂၀၀ ကျော်အတွက် ငွေကျပ် သိန်း ၇၀၀ ကျော် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဉာဏ်တောနဲ့ ရွှေသွန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် - TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။