မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်နယ်အစပ်က ရေနံမှော်တွေရှိရာကို အကြမ်းဖက်စစ်တပ်က ၃ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် အရပ်သား ၂ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ရက်နေ့ကစလို့ မြိုင်နဲ့ပေါက်အစပ်မှာရှိတဲ့ ကျောက်ခွက်ရေနံမှော်နဲ့ ဝဲတူးရေနံမှော် အနီးနေရာတွေကို အကြမ်းဖက်စစ်တပ်က ၃ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ Y12 ထောက်ပို့လေယာဥ်တွေ အပါအဝင် စက်တပ်လေထီးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ၃ရက်အတွင်း အမျိုးသမီး၁ယောက်၊ အမျိုးသား၁ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

“ဒီနေ့ စက်တပ်လေထီး ၂စီးလာပြီးတော့ ပထမ ၁စီးက ပေါက်နယ်အရှေ့မြောက်ပိုင်း မြိုင်နယ်အစပ်ကိုချတယ်။ ဒုတိယအစီးက ပေါက်နယ်အရှေ့ပိုင်းချပါတယ်။ နေ့လည် ၁၂လောက်မှာ တပ်မ ၁၀၁ကနေ တက်လာတာတွေပါ။ လူသေဆုံးမှုရှိပါတယ်။ မနေ့ကချတာ မြိုင်ပါ။ မနေ့ကသေတာ စျေးဆိုင်မှာအလုပ်လုပ်တဲ့ အမျိုးသမီး၊ ဒီနေ့က အမျိုးသားပါ။” လို့ ဒေသတွင်း သတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ ၃ရက်အတွင်း အဆိုပါနေရာတွေကို စက်တပ်လေထီးတွေအပါအဝင် Y12 နဲ့ ဗုံးသီးအလုံး ၅၀ ကျော်အထိ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာ၁၄ရက်နေ့ကစပြီး ရေစကြိုဖူလုံ ၂၅၆တပ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ မြိုင်မြို့နယ်အရှေ့ဘက်ခြမ်းက လင်းကတောရွာကိုဝင်ရောက်ရင်း အနီးနားက ဥယျာဥ်ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သလို ဒီနေ့မနက်ပိုင်းမှာလည်း ကနီပျူစောထီးရွာဘက်ဆီ ဆက်လက်ဝင်ရောက်သွားတယ်လို့ အညာမြေတပ်ပေါင်းစုကလည်း သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

NUG အစိုးရက တစ်ပတ်တိုးချဲ့ထားတဲ့ ထိုးစစ်ရပ်စဲရေးကာလမှာ နိုင်ငံတကာက စောင့်ကြည့်ရေးယန္တရားထူထောင်ပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရက ငလျင်ဘေးကြောင့် ထိုးစစ်ရပ်စဲရေးကာလကို တစ်ပတ်တာ တိုးချဲ့ထားရာ နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ရေးယန္တရားထူထောင်ပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီနေ့ပြုလုပ်တဲ့ စစ်ကိုင်းငလျင်ကြီး (Major Earthquake) တုံ့ပြန်ရေးလုပ်ငန်းစဉ်အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
Read More

ထားဝယ် PDF ရဲ့ ဒရုန်းသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း T5 wings နဲ့ သရက်ချောင်း(ပကဖ) ဒေါင်းညီနောင်စစ်ကြောင်း ဒရုန်းတပ်ဖွဲ့ တို့ရဲ့ အပတ်စဥ် (၁) ဒရုန်းသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

နမ့်ဆန်မြို့နယ်ကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်အပါ ၆ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ နယ်မြေခံတွေထံက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးများ ကြဲချတိုက်ခိုက်၊ ဘုန်းကြီးကျောင်း ၁ ကျောင်း ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းလှတွင် တရားမဝင် ရွေးကောက်ပွဲအတွက် မဲစာရင်းများကို ကာကွယ်ရေးတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဆင်တဲကုန်းအုပ်စု၊ ဆင်တဲကုန်းရွာက လူငယ်အားမာန်စာကြည့်တိုက်မှာ ထားရှိထားတဲ့ စစ်ကော်မရှင် တရားမဝင်ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မြေအောက်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

နွားထိုးကြီး- ပြင်စည်လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ဆက်စပ်တဲ့ ပစ္စည်းတွေ တင်ဆောင်လာတဲ့ ခရီးသည်တင်ကားကို PDF တွေ ဖမ်းဆီးရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီး - ပြင်စည်လမ်းပိုင်းမှာ ခရီးသည်တင်ကား၁စီးကို စစ်ဆေးရင်း စစ်အသုံးဆောင်တွေနဲ့ ဆက်စပ်ပစ္စည်းတစ်ချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ က သတင်းထုတ်ပြန်ပါတယ်။