အကြမ်းဖက် စစ်ကော်မရှင်တပ် ပေါ်တာဆွဲ ဖမ်းဆီးထားသည့် စစ်မှုထမ်းတပ်သား ၄ယောက် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းထံ အလင်းဝင်လာကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အတင်းအဓမ္မ ဖမ်းဆီးခံရကာ စစ်သင်တန်းတက်ခဲ့ရပြီး မကွေးတိုင်း၊ ငဖဲမြို့နယ် စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ (ကပစ ၁၄) ကို ပို့ဆောင်ခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သား ၄ ယောက်ဟာ စက်တင်ဘာ ၄ ရက်နေ့မှာ အလင်းဝင်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ ထိန်းသိမ်းထားကြောင်းလည်း အသိပေးထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကော်မရှင်တပ်ကို စွန့်ခွာကာ ပြည်သူ့ထံ အလင်းဝင်ရောက်လိုတဲ့ တပ်သားတွေအနေနဲ့လည်း တပ်ရင်းကို လာရောက်ဆက်သွယ်နိုင်ကြောင်း၊ မိသားစုနဲ့ ပြန်လည်ဆုံတွေ့နိုင်ဖို့ ကူညီပေးသွားမှာဖြစ်ကြောင်း မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

US ရှိ မြန်မာသံရုံးနှင့် တရုတ်သံအမတ် နေအိမ်ရှေ့တွင် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့် ဆန္ဒပြ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးနဲ့ တရုတ်သံအမတ်ကြီးနေအိမ်ရှေ့မှာ အ​မေရိကန်ရောက် မြန်မာပြည်သူတွေက မြန်မာပြည် တစ်ကျော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။
Read More

မင်းလှမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲ၊ ၁ ဦး သေပြီး ဒဏ်ရာရ ၂ ဦးလည်း သေဆုံးနိုင်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ယောက်သေဆုံးပြီး ၂ယောက် ဒဏ်ရာ အပြင်းအထန် ရရှိသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစုဆောင်းခံရသူ လူငယ် ၂ ဦး ဟုမ္မလင်းမြို့နယ် (ပကဖ) ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီကို စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် အလင်းဝင်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောကျီးကန်းတပ်ရင်း စိုးမိုးနယ်မြေအတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေး (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောကျီးကန်းတပ်ရင်းရဲ့ တာဝန်ရှိသူတွေဟာ စိုးမိုးနယ်မြေတွေအတွင်းက ကျေးရွာနေပြည်သူတွေ စစ်ကောင်စီလေကြောင်းအန္တရာယ်ကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကင်းဝေးစေဖို့အတွက် လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးဆွေးနွေးမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

တပ်ပျက် စစ်ကြောင်း ကျန်ရစ်ခဲ့သည့် အလောင်းများကို စစ်တပ် လာမကောက်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ရှာဖွေသင်္ဂြိုဟ်ပေးရ

စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ ရွှေဘိုမြို့နယ်အစပ်က အကြမ်းဖက်စစ်တပ် စစ်ကြောင်းလိုက်ပြုတ်ခဲ့တဲ့ တိုက်ပွဲမှာ ရုပ်ပျက်ဆင်းပျက်သေဆုံးခဲ့တဲ့ စစ်သားအလောင်းတွေကို စစ်တပ်က လာမကောက်တာကြောင့် တော်လှန်ရေးတပ်တွေကပဲ သင်္ဂြိုဟ်ပေးခဲ့ရကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မင်းအောင်လှိုင် ကိုယ့်ကိုယ်ကိုယ် အာဏာပြန်အပ်ကာ ဆက်အုပ်ချုပ်မည်၊ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ညိုစောကို ခန့်အပ်

ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံတော်အာဏာကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ပြန်လည်အပ်နှံပြီးနောက် ယာယီသမ္မတ (တာဝန်) အဖြစ် မင်းအောင်လှိုင်ကိုပဲ ပြန်လည်ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီဟာ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။