အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမှတ် (၁) စစ်ဒေသ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက်ဟာ စစ်အုပ်စုထံ အလင်းဝင်ရောက်သွားတယ်လို့ အဆိုပါတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။

စစ်ကိုင်းခရိုင်တပ်ရင်း (၁) က တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ သိန်းနိုင်ထွန်း (ခ) ဝက်မဲဟာ လွန်ခဲ့တဲ့ ဇွန်လကတည်းက ခွင့် ၁ ပတ်တောင်းပြီး စခန်းထဲကနေ ထွက်ခွာခဲ့ပါတယ်။ အဲဒီနောက် ခွင့် ၁ ပတ်ပြည့်လို့ သူ့ကို ပြန်လည်ဆက်သွယ်တဲ့အခါ ဘယ်လိုမှဆက်သွယ်လို့မရခဲ့ဘူးလို့ ဆိုပါတယ်။

ဆက်သွယ်လို့မရတော့တဲ့အတွက် တပ်ဖွဲ့ဝင်တွေက လိုက်လံစုံစမ်းခဲ့ရာ သိန်းနိုင်ထွန်း (ခ) ဝက်မဲဟာ ရန်ကုန်မှာရောက်ရှိနေပြီး စစ်ကော်မရှင်တပ်သားတွေနဲ့ တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

“ဝက်မဲဆိုတဲ့ တစ်ယောက်တော့ ခွင့်တောင်းလို့ ခွင့်ပေးလိုက် ၇ ရက်ပေးလိုက်တာ၊ ပြန်မလာတော့ ကျနော်လည်းစုံစမ်းရင်းနဲ့မှ အချို့သိတဲ့သူတွေက ရန်ကုန်မှာ ပြောလာတယ်၊ ပြောလာတော့ အရင်ကရှိတဲ့ဖုန်းတွေဘာတွေက အကုန် ဘာမှဆက်သွယ်လို့မရတော့ဘူး။ ထပ်ပြီးစုံစမ်းကြည့်တော့ စကစတွေနဲ့ တွဲနေတာတွေ့တယ် ပြောလာတယ်ပေါ့ဗျာ” လို့ စစ်ကိုင်းခရိုင်တပ်ရင်း (၁) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နောက်ထပ် တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဝေယံမင်း (ခ) တွတ်ပီဟာ ဇူလိုင်လကုန်ပိုင်းလောက်မှာ စခန်းကနေ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ထွက်ပြေးတိမ်းရှောင်တာနဲ့ ပတ်သက်ပြီး ထပ်မံစုံစမ်းတဲ့အခါ သူဟာ မြင်းခြံဘက်ရှိ တပ်ဖွဲ့တစ်ဖွဲ့ နဲ့ ပူးတွဲသွားလာတာကို တွေ့ရှိကြောင်း မျက်မြင်တွေ့ရှိသူက ပြောတယ်လို့ ဆိုပါတယ်။

အခုလို ပြောဆိုခဲ့တဲ့အတွက် မြင်းခြံဘက်ရှိ တော်လှန်တပ်ဖွဲ့ဝင်တွေကို ဆက်သွယ်မေးမြန်းခဲ့ရာ သူတို့ထံမှာ ဝေယံမင်း (ခ) တွတ်ပီ မရှိကြောင်းနဲ့ သူဟာ စစ်ကော်မရှင်တပ်သားတွေနဲ့ ပူးတွဲသွားလာနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဝက်မဲ နဲ့ တွတ်ပီတို့ ၂ ယောက်ဟာ တော်လှန်ရေးစကတည်းက တပ်ဖွဲ့ထဲဝင်ရောက်ခဲ့တာဖြစ်ပြီး သူတို့ အခုလိုလုပ်သွားတဲ့အတွက် အလွန်ပင် အံ့အားသင့်ရတယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

“သူတို့က CDM တပ်သားတွေမဟုတ်ဘူး ရိုးရိုးတော်လှန်ရေးသမားတွေပဲ ဝက်မဲတစ်ယောက် နဲ့ တွတ်ပီတစ်ယောက်ကတော့ ကျနော်တို့စကတည်းကပါတာ၊ ကျနော်လည်း စဉ်းစားလို့ကိုမရဘူး။ ဘာကြောင့်ဒီလိုမျိုးဖြစ်သွားလဲ၊ ကျနော်က ဝက်မဲဆိုရင် စကစဘက် ဖမ်းခံရမှာစိုးလို့ ဘာမှတောင်တင်တာမရှိဘူး။ ကျနော့်ဟာကျနော် အောက်မှာပဲ စုံစမ်းတယ်။ တကယ်လို့များ မတော်တဆ ဖမ်းခံလိုက် ရရင် ကိုယ်တင်လိုက်တဲ့အတွက်ကြောင့်မို့ သူ့မှာဒုက္ခရောက်သွားမှာစိုးလို့ အကုန်လုံး ဘယ်သူ့ကိုမှလည်းအကြောင်းမကြားဘူး။ တော်လှန်ရေးအစတည်းကပါလာပြီးမှ ဘယ်လိုများပြောင်းလဲသွားလဲပေါ့။ ကျနော်လည်း တော်တော်လေးအံသြသွားတယ်” လို့ ဆိုပါတယ်။

နောက်ထပ်တစ်ယောက်ကတော့ သြဂုတ်လကုန်ပိုင်းလောက်ကမှ ရောက်ရှိလာတဲ့ မင်းနောင် (ခ) မင်းသက်ဦးဖြစ်ပြီးရှေ့တန်းစစ်မျက်နှာမှာရောက်နေချိန် ထွက်ပြေးသွားတာပဲဖြစ်ပါတယ်။ သူ့ရဲ့ သတင်းကို စုံစမ်းချက်အရ အမရပူရဘက်ရှိ ပျူစောထီးတပ်ဖွဲ့တွေနဲ့ သွားလာလှုပ်ရှားနေကြောင်း သိရှိခဲ့ရတယ်လို့ဆိုပါတယ်။

သူတို့ ၃ ယောက်ထွက်ပြေးသွာစဉ်မှာလည်း စခန်းထဲကနေ လက်နက်တွေ ယူဆောင်သွားတာမျိုး၊ ပိုက်ဆံတွေ ယူဆောင်သွားတာမျိုးမရှိဘူးလို့ ဆိုပါတယ်။အခုလို စခန်းထဲကနေ ထွက်ပြေးသွားတဲ့အတွက် ကျန်ရှိနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ လေကြောင်းအန္တရာယ်ကို ကြောက်တာကြောင့် စခန်းစွန့်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ရေး – ထားဝယ်လမ်းမပေါ် အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့

မွန်ပြည်နယ်၊ ရေး-ထားဝယ်လမ်းပိုင်းက အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force - MSRF က သတင်းထုတ်ပြန်ပါတယ်။
Read More

ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေရဲ့ စစ်ရေးအောင်မြင်မှုတွေ အစမ်းသပ်ခံ ကာလကို ဖြတ်ကျော်ကာ တာရှည်ခံနိုင်အောင် ကြိုးပမ်းရမည်ဟု ဆို 

လက်ရှိ ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေရဲ့ စစ်ရေးအောင်မြင်မှုတွေအနေနဲ့ အစမ်းသပ်ခံကာလတွေကို ဖြတ်ကျော်ကာ အောင်မြင်မှုကို တာရှည်ခံအောင် ကြိုးပမ်းဆောင်ရွက်ရမယ်လို့ MNDAA ရဲ့ တပ်တည်ထောင်ခြင်း နှစ်ပတ်လည်အတွက် AA နဲ့ TNLA တို့က ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

PDF တွေရဲ့ မြေမြှုပ်မိုင်းရှိတဲ့ သဲပုံပေါ်မှာ နေရာယူ ပစ်ခတ်နေတဲ့ စစ်သားတွေ မိုင်းခွဲခံရပြီး အရာရှိတစ်ယောက်အပါ ၉ယောက် သေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ကွန်ပျုတာတက္ကသိုလ်ကို ထွက်လာတဲ့ စစ်ကောင်စီအိမ်စီးကားကို မိုင်းဆွဲတိုက်ခိုက်ရင်း ထိတွေ့မှုဖြစ်ကာ စစ်ကောင်စီဘက်က အရာရှိ ၁ယောက်အပါဝင် ၉ယောက်သေဆုံးခဲ့ကြောင်း PDF Kalay -Mine Team ထံက သိရပါတယ်။
Read More

အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၃ အတွက် ပြင်ဆင်နေတဲ့ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး… (ဓာတ်ပုံသတင်း)

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က ရဲဘော်တွေအနေနဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၃) အတွက် ပြင်ဆင်စုဖွဲ့နေကြတဲ့ ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မတ္တရာနှင့် ပုသိမ်ကြီးအစပ်ရှိ စခန်းများအား MDY PDF နှင့်ပူးပေါင်းတပ်များ သိမ်းပိုက်အပြီး စစ်အုပ်စု လေကြောင်း ဆက်တိုက် တိုက်ခိုက်နေ

မန္တလေးတိုင်း၊ မတ္တရာနဲ့ ပုသိမ်ကြီးမြို့နယ်က အကြမ်းဖက်စစ်စခန်းတွေကို MDY PDF နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်အပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ကာ ပြန်လည် ထိုးစစ်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရွေးကောက်ပွဲဝင်မယ့် ပါတီတချို့နဲ့ အပစ်ရပ်လက်နက်ကိုင်တချို့ ဖက်ဒရယ်စနစ်ဆွေးနွေးပွဲအတွက် အိန္ဒိယနိုင်ငံကို ရောက်ရှိနေဟု ဆို

စစ်ကာင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတချို့နဲ့ အပစ်ရပ် လက်နက်ကိုင်အဖွဲ့တချို့ဟာ အိန္ဒိယနိုင်ငံကို လေ့လာရေးခရီးစဉ် တစ်ခု သွားရောက်နေတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြပါတယ်။