အကြမ်းဖက် စစ်ကော်မရှင်တပ်က စစ်မှုထမ်းတပ်သား ၃ယောက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ တပ်ရင်း (၉) ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၄ရက် ညနေပိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ခလရ (၆၀) တပ်ရင်းက မောင်ဝင်းထွန်း (၂၈နှစ်)၊ မောင်ရှိုင်းမင်း (၃၁နှစ်) နဲ့ ခမရ (၅၉၀) တပ်ရင်းက မောင်ဝင်းထက်အောင် (၃၀နှစ်) တို့ ၃ ယောက် လက်နက်ချ အလင်းဝင်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ ၃ ယောက်ဟာ စစ်မှုထမ်း အပတ်စဥ် ၁၁ သင်တန်းဆင်းတွေဖြစ်ပြီး မောင်ဝင်းထွန်းက ကျေးရွာကိုယ်စား သိန်း ၇၀ နဲ့ အငှားစစ်မှုထမ်းခဲ့သူဖြစ်ကာ မောင်ရှိုင်းမင်းနဲ့ မောင်ဝင်းထက်အောင်တို့ကတော့ စစ်မှုထမ်းဖို့ မတရားဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်လာချိန် အခက်အခဲအမျိုးမျိုးကြောင့် လက်နက်တွေ ယူဆောင်လာနိုင်ခြင်း မရှိပေမယ့် သူတို့ ၃ ယောက်ကို အဝတ်အစားနဲ့ စားသောက်စရာတွေ ထောက်ပံ့ကာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတရားစစ်မှုထမ်း စေခိုင်းခံရသူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ထဲကနေ ထွက်ပြေးကာ နီးစပ်ရာ တော်လှန်ရေးတပ်တွေထံ ရရာနည်းနဲ့ လက်နက်ချအလင်းဝင်ကြဖို့လည်း KNU က တိုက်တွန်းထားပါတယ်။

အလင်းဝင်ရောက်လာသည့် စစ်မှုထမ်းတပ်သား ၃ ဦး (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ကရင်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အချို့ အမှန်မမြင်ဘဲ အကြမ်းဖက်နေသည်ဟု ကရင်ပြည်နယ်နေ့ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မင်းအောင်လှိုင် ပြော

ဒီနေ့မှာကျရောက်တဲ့ ကရင်ပြည်နယ်နေ့ နှစ် (၇၀) ပြည့်အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ကရင်လက်နက်ကိုင်အဖွဲ့တချို့အပါအဝင် စစ်တပ်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေကို ပြစ်တင်ပြောဆိုလိုက်ပါတယ်။
Read More

မင်းနေကုန်းရဲစခန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်လို့ စစ်အုပ်စုတွေ အပြင်းအထန် ထိခိုက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ မင်းနေကုန်းရွာရဲစခန်းကို ဒရုန်းတွေ ၊ လက်နက်ကြီးတွေနဲ့ သွား​ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုတွေ အပြင်းအထန်ထိခိုက်သွားကြောင်း Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပ.က.ဖ) ၏ ၇၈ ကြိမ်မြောက် အာဇာနည်နေ့ ဦးညွှတ်ဂုဏ်ပြုခြင်းအခမ်းအနား… (ဓာတ်ပုံသတင်း)

ဇူလှိုင် ၁၉ ရက် ဒီနေ့မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ၉ ယောက်ကို ဦးညွှတ်အလေးပြုခြင်းနဲ့ နွေဦးတော်လှန်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ရေစကြိုမြို့နယ်(ပ.က.ဖ) မှ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ အာဇာနည်ရဲဘော်(၂၁) ယောက်ကို ဦးညွှတ်အလေးပြုခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

DKBA ပိုင်နက်ထဲ နိုင်ငံခြားသားများအပါ ကျားဖြန့်လုပ်သား ၂၀၀၀ ကျော်တွေ့၊ ကျားဖြန့်တိုက်ဖျက်ရေး နိုင်ငံတကာနှင့် ပူးပေါင်းလိုဟု KNU ထုတ်ပြန်

နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတစ်ခုဖြစ်တဲ့ အင်အားကြီးမားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တိုက်ဖျက်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီကနေ့ ထုတ်ပြန်ပါတယ်။ 
Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ယောက်အထိရှိလာပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
Read More

မင်းအောင်လှိုင်က သူ့လက်ထက်မှာ စီးပွားရေးတိုးတက်နေတယ်လို့ ကြွေးကြော်ခဲ့ပေမယ့် နိုင်ငံခြားငွေ မရရှိလို့ အခက်အခဲဖြစ်နေကြောင်း ဝန်ခံပြောဆို

စစ်ကောင်စီမှာ နိုင်ငံခြားငွေ အခက်အခဲဖြစ်နေမှုကို မင်းအောင်လှိုင်က ၀န်ခံပြောဆိုလိုက်ပြီး ပြည်ပရောက် မြန်မာတွေထံက နိုင်ငံခြားငွေမရရှိခြင်းက အဓိက ကျနေတယ်လို့ ပြောဆိုပြန်ပါတယ်။