မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ မင်္ဂလာဦးကျေးရွာက ဆိုင်တချို့ကို သွား​ရောက်စစ်ဆေးရင်း ထုတ်ကုန်တွေကို ဖျက်ဆီးကာ ရောင်းချနေသူတွေကို ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA တာ၀န်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။ 

စစ်အုပ်စုထိန်းချုပ်ထားရာ မင်းတုန်းမြို့နဲ့ ကပ်လျက်ရှိတဲ့ မင်္ဂလာဦးကျေးရွာကို မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နဲ့ ဗမာပြည်ကာကွယ်ရေးတပ် – USBA တို့က ရှောင်တခင် ဝင်ရောက်စစ်ဆေးရင်း အကြမ်းဖက်စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ ဆိုင်တချို့ကို သတိပေးကာ ထုတ်ကုန်တွေကို အရေးယူ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

“ထုတ်ကုန်အများစုကတော့ မိုင်တဲဆင်းကဒ်တို့ ဘီယာ၊ ဆေးလိပ်၊ ကြံ့ ဘိလပ်မြေအိတ်တွေပါ။ မင်္ဂလာဦးက ရွာထက်ရပ်ကွက်တစ်ခုလိုပါ။ မင်းတုန်းမြို့ကပ်လျက် မထုံးချောင်းပဲခြားတယ်။ စကမကထိန်းချုပ်ထားတာပါ” လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA တာ၀န်ခံ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။ 

ပြီးခဲ့တဲ့နှစ်ပိုင်းကလည်း မင်းတုန်းမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ဆီ သွေးစွန်းငွေတွေ မရောက်စေဖို့ ရည်ရွယ်ချက်နဲ့ မြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်တွေ ဝင်ရောက်မှုကို ထိန်းချုပ်နိုင်ဖို့ မင်းတုန်းပကဖက သတိပေးတာမျိုးတွေ လုပ်ဆောင်ခဲ့ဖူးပြီး လက်တွေ့အရေးယူတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

“အရေးယူတယ်ဆိုတဲ့နေရာမှာ သတိ​ပေးချက်ကို မလိုက်နာကြပေမယ့်လည်း ပြည်သူမျက်နှာကိုထောက်သောအားဖြင့် ဘာမှမလုပ်ခဲ့ပါဘူး။ ဒါ​ပေမယ့် ပစ္စည်းတွေကိုတော့ အရေးယူတဲ့အနေနဲ့ ဘယ်လောက်တန်ဖိုးကြီးကြီး ဖျက်ဆီးခဲ့တာတွေ ရှိပါတယ်” လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA တာ၀န်ခံ ကိုဗဟိန်းက မောင်းကိုပြောပါတယ်။ 

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ မင်းတုန်းမြို့နယ်အတွင်းက နယ်မြေ ၄၀ ရာခိုင်နှုန်းလောက်အထိ အတုအယောင်ရွေးကောက်ပွဲ လုပ်ဆောင်ဖို့ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

ပုသိမ်-မုံရွာလမ်းပိုင်းဘေး တည်ရှိပြီး စစ်တပ် ကာကွယ်ရေးလက်နက်ပစ္စည်းတွေ ထုတ်လုပ်ရာ ကပစ စက်ရုံတွေရှိတဲ့ သရက်၊ မင်းလှ(အထက်) မြို့နယ်တွေအပြင် ရခိုင်ပြည်ရိုးမနဲ့ပါ ထိစပ်နေတဲ့ မင်းတုန်းမြို့နယ်ဟာ တော်လှန်ရေး နောက်ကျရာ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

အခုလို စစ်အုပ်စုပိုင် ထုတ်ကုန်​​တွေကို စစ်တပ်ထိန်းချုပ်ရာ နယ်မြေထဲအထိ ဝင်​ရောက်ဖျက်ဆီးပြတာဟာ မကြာခင်လုပ်ဆောင်မယ့် အတုယောင်ရွေးကောက်ပွဲအတွက်ပါ လုံခြုံမှုမရှိတာကို သိစေချင်တာ ဖြစ်တယ်လို့ ကိုဗဟိန်းက ပြောပါတယ်။

“မင်္ဂလာဦးဆိုတာ စကစ ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေတဲ့ ရွာဖြစ်တယ်၊ ရွေးကောက်ပွဲအတွက် မလုံခြုံဘူးဆိုတာ လုပ်မယ့်သူတွေ သိဖို့ သတိပေးတဲ့သဘောပါ။ ကျနော်တို့အနေနဲ့ စကစ ထုတ်ကုန်တွေကို ပြတ်ပြတ်သားသား လက်မခံဘူးဆိုတာ သူတို့သိဖို့ရယ် အတုအယောင် ရွေးကောက်ပွဲ လုပ်မယ့်နေရာတွေကို ၀င်ရောက်စီးနင်းတာမျိုးတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်။ မလိုအပ်ဘဲ မထိခိုက်အောင် စကမ ရွေးကောက်ပွဲနဲ့ မပတ်သက်ကြဖို့ ခပ်ဝေးဝေးနေကြဖို့ ပြည်သူတွေကို သတိပေးတဲ့သဘောပါ။” လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA တာ၀န်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ ထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်ကို ဒဂုံ တကသ မှ ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း…

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံရပြီး အင်းစိန်အကျဥ်းထောင်အတွင်း ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင်ကို ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းလိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

နမခ အခြေစိုက် မုံရွာမြို့နယ်အတွင်း ရှစ်လေးလုံးအထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်ခဲ့

အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ ဗောဓိတစ်ထောင်အပါအဝင် မုံရွာ - မန္တလေး လမ်းမကြီးပေါ်နဲ့ မုံရွာမြို့ မုဒ်ဦးရှေ့တို့မှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ တက်ကြွလူငယ်တွေ ပူးပေါင်းပြီး ၃၇ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအထိမ်းအမှတ် လှုပ်ရှားမှုတွေ ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

MDY-PDF စိုးမိုးနယ်မြေအတွင်း လူထုတွေ့ဆုံပွဲများနှင့် လေကြောင်းရန် ကာကွယ်ရေး အသိပညာမျှဝေပွဲများ ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေမှာ လူထုတွေ့ဆုံပွဲတွေနဲ့ လေကြောင်းရန် ကာကွယ်ရေးအသိပညာမျှဝေပွဲတွေ ပြုလုပ်ခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ် BGF ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များ ဖာပွန်ခရိုင်အတွင်း ၄ ရက်ကြာ တိုက်ပွဲဖြစ်ခဲ့

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ထဲမှာ မောင်လှကြိုင်ဦးဆောင်တဲ့ BGF တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ နဂါးနက်စစ်ကြောင်းထံက သိရပါတယ်။
Read More

မန္တလေးမှ စစ်သင်္ဘောအုပ်စု ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆက်လက် ဆန်တက်နေ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်နေတဲ့ စစ်သင်္ဘောတွေကြောင့် မြစ်ကမ်းဘေးကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရယ်တွေ ဆက်တိုက်ကြုံတွေ့ နေရကြောင်း သိရပါတယ်။
Read More

မုံရွာတွင် စတိတ်ရှိုး သွားကြည့်သည့် လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဆုတောင်းပြည့်ဘုရားပွဲအထိမ်းအမှတ် စစ်အုပ်စု ကျင်းပတဲ့ စတိတ်ရှိုးပွဲသွားကြည့်သူ လူငယ်အယောက် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရကြောင်း Monywa Road Information-MRI တာဝန်ရှိသူက မောင်းကို ပြောပါတယ်။