ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ့ အပတ်စဥ် (၁/၂၀၂၅) တိုက်ခိုက်ရေးမွမ်းမံ သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာ ၁၄ရက်နေ့က တော်လှန်ရေးနယ်မြေ တနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖ က ဒီနေ့ထုတ်ပြန်ပါတယ်။

အဆိုပါသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနနဲ့ ပူးပေါင်းပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲကို ပဲခူးခရိုင် ပကဖ နာယကကြီး မန်းဂျော်နီ၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာမှူး ရဲဘော်ရန်နိုင်၊ ABSDF ရဲဘော်ဟောင်း ရဲဘော် လွမ်းသူတို့ တက်ရောက်အမှာစကားပြောခဲ့ပြီး သင်တန်းသားရဲဘော်တွေ သစ္စာရေသောက်ခြင်း၊ သစ္စာအဓိဌာန်ရွတ်ဆိုခြင်း၊ စံပြရဲဘော်ဆုနဲ့ အကောင်းဆုံး တပ်စိပ်ဆုတွေ ချီးမြှင့်ခြင်း စတဲ့ အစီအစဥ် ၁၂ ခုနဲ့ ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပဲခူးခရိုင် ပကဖ တာဝန်ခံ ရဲဘော်ဖြိုးမောင်က ကျေးဇူးတင်စကား ပြောကြားခဲ့သလို အခမ်းအနားကို ABSDF (အမှတ်-၃) တပ်ရင်းမှူးနဲ့ ရဲဘော်တွေ၊ ပဲခူးခရိုင်အတွင်းရှိ ပဲခူး (ဘုရားကြီး၊ အင်းတကော်)၊ သနပ္ပင်၊ ဝေါ၊ ကဝ၊ ဒိုက်ဦး မြို့နယ်တွေက ပကဖ တာဝန်ခံတွေ၊ ရဲဘော်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

KNU ဗဟို၏ စစ်ရေးနှင့် နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီး စောထူးထူးလေး၏ ဈာပနအခမ်းအနား

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (ဗဟို) စစ်ရေးနဲ့ နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီးစောထူးထူးလေးရဲ့ ဈာပနအခမ်းအနားပြုလုပ်တဲ့ ပုံရိပ်တွေကို KNU က မနေ့ကညပိုင်းမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စဉ့်ကူးမှာ ကျေးရွာစာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်အပါ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က ထုတ်ပြန်ထားပါတယ်။
Read More

NLD အစိုးရ မန်းတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေးအလွန်ဆိုးရွားနေချိန်ရောက်မှ စစ်ကောင်စီ လွတ်ငြိမ်းချမ်းသာခွင့်ပေး…

NLD အစိုးရ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေတဲ့အတွက် မန္တလေးဆေးရုံကြီးမှာ ဆေးဝါးကုသနေရချိန် အကြမ်းဖက်စစ်ကောင်စီက အခုရက်ပိုင်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

⁨⁨⁨ပြည်သူများကို အတင်းအကြပ် စစ်မှုထမ်းထဲ ထည့်နေသည့် ပျူစောထီး ဇရပ်မှာ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုမြန်မာစုကျေးရွာမှာနေထိုင်တဲ့  ပျူစောထီး ခင်မောင်ဝင်းဟာ ကျေးရွာနေ ပြည်သူတွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၃⁩) ထံက သိရပါတယ်။
Read More

မန္တလေးနှင့် အနီးတဝိုက် ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ မြို့ခံလူထု အထိတ်တလန့် ဖြစ်ခဲ့ရ

မန္တလေးတိုင်း၊ မန္တလေးမြို့အနီးကို ရစ်ချ်တာစကေး ၄.၉ အဆင့်ရှိတဲ့ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။
Read More

PNLA ဌာနချုပ် ဧရိယာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ် ၂ လုံး ပျက်စီး

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မောက်မယ်မြို့နယ်က PNLA ဌာနချုပ် ဧရိယာနဲ့ နောင်ထောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန်ထားပါတယ်။