တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ စစ်ကော်မရှင်တပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ရက်နေ့မှာ အပတ်စဥ် (၁၉)၊ ခမရ (၄၀၆) မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သား ရဲနိုင်သိန်းဟာ စစ်တပ်လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တော့တာကြောင့် အလင်းဝင်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

တပ်သား ရဲနိုင်သိန်းဟာ ထားဝယ်မြို့ကနေ ပကာရီရွာကို ထွက်လာတဲ့ စစ်ကော်မရှင်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ကြောင်းကနေ  MA1 ၁ လက်၊ ကျည်ဘောက် (၄) ခု၊ ကျည် (၁၈၀) တောင့်တို့ကို ယူဆောင်ပြီး DNLA ထံ လက်နက်ချ အလင်းဝင်ရောက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ 

အခုလို အလင်းဝင်ရောက်မှုအပေါ် DNLA က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ဆုကြေးငွေ သိန်း (၅၀) ချီးမြင့်ပေးအပ်ခဲ့ကာ သွားချင်တဲ့ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ 

တော်လှန်ရေး စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက်မှာ ရပ်တည်လိုတဲ့ စစ်ကော်မရှင်တပ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ရင်ခွင်ထံ ခိုလှုံပြီး အမြန်ဆုံး ပူးပေါင်းပေးကြဖို့လည်း ဒူရကစစ်ကြောင်းက တိုက်တွန်း ဖိတ်ခေါ်ထားပါတယ်။

(ဓာတ်ပုံ ဒူရကစစ်ကြောင်း)

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်း မြို့နယ်တချို့မှာ စစ်မှုထမ်းထောက်ပံ့ကြေး ကောက်ခံတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ကောက်ထားတဲ့ငွေတွေ တစ်အိမ်တက် တစ်အိမ်ဆင်း ပြန်ပေးနေ

ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း ထောက်ပံ့ကြေးဆိုပြီး ပိုက်ဆံကောက်ခံနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် ကောက်ခံထားတဲ့ ငွေတွေကို တစ်အိမ်တက် တစ်အိမ်ဆင်း ပြန်ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြားက ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ဖြေဆိုပြီးစီး

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြားက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရ ပညာသင်ကျောင်းမှာ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ဖြေဆိုပြီးစီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ၄ လ ကျော်ကြာတဲ့အထိ ထောင်ဝင်စာဧည့်တွေ့ခွင့်မရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက ထောင်ဝင်စာဧည့်တွေ့ခွင့်မရတာ ၄ လကျော်အထိ ကြာနေပြီလို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကနေထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးနှင့် မတ္တရာတွင် စစ်ကောင်စီ တစ်ရက်တည်း လေကြောင်းတိုက်မှုကြောင့် ၅ လသား ကလေးငယ်အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅လသား ကလေးငယ် အပါအဝင် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

AA တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ အသီးသီး သဝဏ်လွှာ ပေးပို့၊ တော်လှန်ရေးမှာ AA အပေါ် ယုံကြည်ကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြောဆို

၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးနဲ့အတူ တော်လှန်ရေးကို အောင်ပွဲရရှိတဲ့အထိ စည်းလုံးညီညွတ်သွားမယ်လို့ အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အတွက် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့  ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် အရာရှိ ၂ ယောက် ဒေါနစစ်ကြောင်းထံ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ (၃၃) နယ်မြေအတွင်းက ဒေါနစစ်ကြောင်း စစ်ရေးလှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် အရာရှိ ၂ ယောက် အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။