အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဒေါနတပ်ရင်းဟာ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပါဝင်ချင်တဲ့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။

ဒေါနတပ်ရင်းထံ ဝင်ရောက်ချင်တဲ့ တပ်သားသစ်တွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ကျန်းမာရေးကောင်းမွန်ကာ စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်ရမယ်လို့ ဆိုထားပါတယ်။

တပ်သားသစ်တွေဟာ အခြေခံစစ်ပညာသင်တန်း၊ အထူးစစ်ဆင်ရေးသင်တန်းနဲ့ လိုအပ်ရင် မွမ်းမံသင်တန်းတွေ ပြီးဆုံးအောင်မြင်တဲ့အထိ တက်ရောက်နိုင်ရမှာဖြစ်ပြီး သင်တန်းပြီးဆုံးရင် တပ်ဖွဲ့က ပေးအပ်တဲ့ တာဝန်စုဖွဲ့မှုအတိုင်း တာဝန်ထမ်းဆောင်ရမယ်လို့ သိရပါတယ်။ 

“ကျနော်တို့ ပြည်တွင်းမှာရှိနေတဲ့ မိဘပြည်သူတွေအနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးအဖွဲ့အစည်းတွေကို ကူညီပေးဖို့ရယ်၊ လူငယ်တွေအနေနဲ့လည်း ကိုယ့်အိမ်ရှေ့မရောက်ခင်၊ ကိုယ့်ကိုမထိသရွေ့ နေသာသလိုမနေကြဖို့၊ အခွင့်အရေးရတုန်း စစ်ကော်မရှင်ကို တော်လှန်ဖို့ ရဲရဲဆုံးဖြတ်ချက်ချဖို့လိုပါတယ်” လို့ ဒေါနတပ်ရင်း ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက မောင်းကို ပြောပါတယ်။ 

တပ်ဖွဲ့ဝင်တွေဟာ အနည်းဆုံး ၂ နှစ် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပြီး လိုအပ်လို့ တာဝန်ပေးအပ်လာရင် နောက်ထပ် (၂) နှစ်အထိ ဆက်လက်တာဝန် ထမ်းဆောင်ရမယ်လို့ ဒေါနတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်မှ စစ်မှုထမ်းတပ်သား ၃ ဦး KNLA ထံ အလင်းဝင်

အကြမ်းဖက် စစ်ကော်မရှင်တပ်က စစ်မှုထမ်းတပ်သား ၃ယောက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ တပ်ရင်း (၉) ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

စဥ့်ကူးမှာ လူစည်ကားရာ စျေးကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၆)ဦးအပါ ပြည်သူ (၂၇)ဦး သေဆုံး၊ အယောက် ၃၀ ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာက စျေးတန်းကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် (၆) ယောက် အပါအဝင် ပြည်သူ (၂၇) ယောက် သေဆုံးခဲ့တယ်လို့ MDY-PDF က ဒီနေ့မှာ ထပ်မံ ထုတ်ပြန်ပါတယ်။
Read More

ကင်းပုန်းဝပ်ဖို့ ထွက်လာသည့် စစ်ကော်မရှင်တပ်သား ၅ ဦး တိုက်ခိုက်ခံရပြီး ၃ ဦး သေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းမပေါ် ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့မရဲစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး အများအပြား ဒဏ်ရာရ….

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊‌‌ ချေမှုန်းရေးတပ်ခွဲ(၇) - LPF က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေဦးကို ဝင်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ပြည်သူတွေကို သတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ကျေးရွာတွေကို ကန့်ဘလူနယ်ထဲက အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေ နယ်မြေချဲ့ စစ်ကြောင်းထိုးလာတာဟာ ၅ရက်နီးပါးရှိနေပြီလို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

အာဂျင်တီးနား ဖမ်း၀ရမ်းကို အင်တာပိုလ်ကတဆင့် အကောင်အထည်ဖော်ပေးဖို့ Blood Money Campaign က တောင်းဆို

အာဏာသိမ်းစစ်ခေါင်းဆောင် နဲ့ လူပုဂ္ဂိုလ် ၂၅ ဦးကို  အင်တာပိုလ်မှတဆင့် ဖမ်းဆီးမိန့်များထုတ်ပြန်ပေးဖို့ အာဂျင်တီးနားအစိုးရကို Blood Money Campaign - BMC က တိုက်တွန်းလိုက်ပါတယ်။