စစ်ခေါင်‌ဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကော်မရှင်ဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တာကြောင့် နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့က ဒီနေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူလူထုက စစ်ကောင်စီလို့ ခေါ်ကြတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ကို အကြမ်းဖက်အုပ်စုအဖြစ် ၂၀၂၁ ခုနှစ် မတ်လ ၁ရက်နေ့မှာ CRPH က ကြေညာခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အဆိုပါ အကြမ်းဖက်အုပ်စုကို “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ပြည်သူလူထု၏ ရန်သူ – Enemy of the State” အဖြစ် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၅ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီကနေ အသွင်ပြောင်းလိုက်တဲ့ ပြည်သူတွေ စစ်ကော်မရှင်လို့ ခေါ်ကြတဲ့ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်” ကိုလည်း နိုင်ငံနဲ့ ပြည်သူရဲ့ ရန်သူအဖြစ် ကြေညာလိုက်တာ ဖြစ်သလို သူ့လက်အောက်ခံ အဖွဲ့အစည်းတွေဟာလည်း အကြမ်းဖက်အုပ်စုဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်နဲ့ သူ့လက်အောက်ခံ အဖွဲ့အစည်းအားလုံးရဲ့ လုပ်ဆောင်ချက်မှန်သမျှဟာ တရားဝင်မှု မရှိတာကြောင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေကို စစ်ကော်မရှင်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာမှုတွေကလည်း တရားမဝင် ပျက်ပြယ်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကော်မရှင်နဲ့ သူ့လက်အောက်ခံအဖွဲ့တွေကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ၁ ယောက် လက်နက်နဲ့တကွ မြိုင် ပကဖ ထံ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ မြိုင်-ပကဖ ကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေး Golden City အဆောက်အဦး ဖြိုချရှင်းလင်းရေးလုပ်ဆောင်နေစဉ် ပြိုကျခဲ့

မန္တလေးက Golden City အဆောက်အဦး ရှင်းလင်းရေးလုပ်ဆောင်နေချိန် ပြိုကျခဲ့ပေမယ့် ထိခိုက် ဒဏ်ရာရသူတစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ မန္တလေးစည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များကို နေပြည်တော် ပကဖ တိုင်းတာဝန်ခံနှင့်အဖွဲ့ သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်း-တာဝန်ခံ ရဲဘော်နောင်ချိုနဲ့အဖွဲ့ဟာ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ နေပြည်တော် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကနီ ချောင်းမကျေးရွာ တိုက်ပွဲအတွင်း စစ်အုပ်စု အလောင်း ၃ လောင်း၊ သုံ့ပန်း ၄ ဦးနှင့် လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာက တပ်မ (၃၃) လက်အောက်ခံ၊ ခမရ (၁၆) ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်က ၃ယောက်သေဆုံးပြီး စစ်သုံ့ပန်း ၄ ယောက်နဲ့ လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။
Read More

လားရှိုးမြို့က မန်နားကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်လို့ အရပ်သား ၉ ယောက် ဒဏ်ရာရပြီး ၃ ယောက် ဒဏ်ရာပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် - MNDAA က သိမ်းပိုက်ထားတဲ့ လားရှိုးမြို့၊ မန်နားကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ ယောက် ဒဏ်ရာရပြီး ၃ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ လားရှိုးမြို့ ပြန် လည်ထူထောင်ရေးက ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် ပစ်ချခံရသည့် ဂျက်ဖိုက်တာကို စက်ချို့ယွင်း၍ ပျက်ကျဟု စစ်ကောင်စီ ပြော

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲမှာ ပစ်ချခံခဲ့ရတဲ့ ​အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာကို စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ပါတယ်။