ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ရာအိမ်မှူး ၁ယောက်ကို နေအိမ်အထိ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် အမှတ်-၁ တပ်ရင်း (၃၈၀၁) က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၁၇ ရက် မနေ့က မနက်ပိုင်းမှာ နတ်တလင်းမြို့နယ်၊ ရှားစီးဘိုရွာ၊ အောက်စုနေ ရာအိမ်မှူး ဖိုးကျော်ဆိုသူကို PDF တပ်ဖွဲ့ဝင်တွေ နေအိမ်အထိ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း (၁)၊ တပ်ခွဲ (၇) Gold Brother တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်စဥ် ရာအိမ်မှူး ဖိုးကျော်ထွက်ပြေးတာကြောင့် နောက်ကနေ လိုက်လံပစ်ခတ်ရှင်းလင်းခဲ့ရတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် ရာအိမ်မှူးဖိုးကျော်

နေရာမှာတင် သေဆုံးသွားတဲ့ ရာအိမ်မှူးဖိုးကျော်အနေနဲ့ ရပ်ရွာအတွင်း စစ်မှုထမ်းပေါ်တာဆွဲတာ၊ စစ်မှုထမ်းကြေးကောက်ခံတာမျိုးတွေကို လုပ်ဆောင်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အမာခံထာက်တိုင် ၁ယောက် ဖြစ်တာကြောင့် အခုလို ရှင်းလင်းခဲ့တာလို့ ဆိုထားပါတယ်။

ဒါ့အပြင် ပစ်ခတ်ရှင်းလင်းမှုအပြီး ရာအိမ်မှူးဖိုးကျော်ဆီက ဆိုင်ကယ်(၁)စီးနဲ့ ဖုန်း(၁)လုံးကိုလည်း PDF တပ်ဖွဲ့ဝင်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

သိမ်းဆည်းရရှိသည့် ဖုန်းနှင့် ဆိုင်ကယ်အား တွေ့ရစဥ်
သိမ်းဆည်းရရှိသည့် ဖုန်းနှင့် ဆိုင်ကယ်အား တွေ့ရစဥ်
0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့နယ်တွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ကျေးရွာ ၂၀ ကျော်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ကျေးရွာ ၂၀ ကျော်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဝမ်းတွင်းမြို့အနီး ရစ်ချက်တာစကေး ၅.၉ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၅.၉ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကျင်မှာ စစ်ကောင်စီက ပြည်သူ ၁ ယောက်ကို ရှင်းလင်းကာ ပြည်သူအယောက် ၅၀ ခန့်ကို လူသားဒိုင်းလုပ်ပြီး ဖမ်းဆီးထား

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ မင်းလမ်းသံဆိပ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ရောက်လာကာ ပြည်သူအယောက် ၅၀ ခန့်ကို လူသားဒိုင်းလုပ်ကာ ဖမ်းဆီးထားတယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။
Read More

၂၀၂၄ ခုနှစ်အတွင်း KNU ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများမှာ စစ်ကောင်စီတပ်သား (၃၁၃၆) ဦး သေ၊ (၂၂၂၅) ဦး ဒဏ်ရာရရှိခဲ့…

ကရင်အမျိုးသားအစည်းအရုံး - KNU နယ်မြေမှာ ၂၀၂၄ ခုနှစ်တစ်နှစ်တာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၃၁၃၆) ယောက် သေဆုံးခဲ့ပြီး (၂၂၂၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာနှင့် ရန်တောင်ရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာနဲ့ ရန်တောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်တပ်က ၁၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေါင်းညီနောင်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်၊ မှော်စီစာရွာ လမ်းမကြီးပေါ်တွင် သေနတ်ဒဏ်ရာဖြင့် အမျိုးသား ၂ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မှော်စီစာရွာ လမ်းမကြီးပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။