စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေ လျှပ်တပြက် စီးနင်းဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကော်မရှင်တပ်သားတွေ သေဆုံးမှု ရှိခဲ့သလို အရှင်ဖမ်းမိတဲ့လူတွေကိုတော့ သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ကန့်ဘလူခရိုင် လှုပ်ရှားပကဖတပ်ရင်းထံက သိရပါတယ်။

စက်တင်ဘာ ၁၇ ရက် မနေ့ ညနေ ၃ နာရီလောက်မှာ ဇီးကုန်းမြို့ရဲစခန်းကို ကန့်ဘလူခရိုင် ပကဖစစ်ကြောင်းက ဦးဆောင်ပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ဗိုလ်လေးနဲ့ ရဲတပ်သား ၆ ယောက် သေဆုံးကာ နောက်ထပ် ဗိုလ်လေး ၂ ယောက်၊ တပ်သား ၂ ယောက်နဲ့ သူတို့ရဲ့ အမျိုးသမီး ၂ ယောက်၊ ကလေး ၂ ယောက်၊ အချုပ်သား ၃ ယောက်ကို အရှင်ဖမ်းမိထားတယ်လို့ ဆိုပါတယ်။

“ပစ်ခတ်မှုက နာရီဝက်လောက်ပဲ ကြာတယ်။ ဖမ်းမိတဲ့အထဲမှာ သူတို့အမျိုးသမီးတွေပါတယ်။ သေဆုံးမှုကို ကိုယ်တိုင်တွေ့ခဲ့ရတာပါ။ စခန်းထဲ ကျန်ခဲ့တာတွေက ထွက်ပြေးသွားတယ်” လို့ ကန့်ဘလူခရိုင် လှုပ်ရှားပကဖတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇီးကုန်းရဲစခန်း ဝင်ရောက်စီးနင်းမှု မှတ်တမ်းရုပ်သံထဲမှာ ဖမ်းဆီးရမိတဲ့အထဲ ရဲတစ်ယောက်ရဲ့ ကိုယ်ဆောင်အမျိုးသမီးလည်း ပါနေပြီး တော်လှန်ရေးရဲဘော်တွေက အဆိုပါ အမျိုးသမီးအတွက် ကိုယ်ဝန်ဆောင်အင်္ကျီတွေ ဝင်ယူပေးနေတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဖမ်းမိသူတွေကို ဘာမှမလုပ်ဘူးဆိုတဲ့အကြောင်း အာမခံ ပြောဆိုနေတာကို တွေ့ရပါတယ်။

ရဲစခန်းထဲက အဆောက်အအုံတချို့ကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

“လိုင်းတွေနဲ့ ရုံးခန်း၊ အချုပ်ခန်း၊ စခန်းတခုလုံးပါပဲ၊ လိုင်းခန်းတွေက အရှေ့၊ အနောက်နဲ့ တောင်ဘက်မှာရှိတယ်။ အချုပ်ခန်းနဲ့ ရုံးက တောင်ဘက်အလယ်ခေါင်မှာ။ ဖမ်းမိ သုံ့ပန်းများ သုံ့ပန်းဥပဒေအရ ထားရှိပါတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အဆိုပါ စီးနင်းတိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖ စစ်ကြောင်းက ဦးဆောင်ပြီး ဓူဝံပကဖ အပါအဝင် နယ်မြေခံ ပကဖတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကာ ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် ဝက်တိုးရဲစခန်းနဲ့ ဇီးကုန်းအရှေ့ဘက် သကြားစက်ကနေ စစ်ကော်မရှင်စစ်ကူ တစ်ရာခန့် ရောက်လာခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရဲစခန်းထဲကနေ G3 သေနတ် ၉ လက်၊ G4 ၁ လက်၊ MA 15 ၁ လက်နဲ့ ပစ္စတို ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆားလင်းကြီးမြို့မရဲစခန်းကနေ လက်နက်နဲ့ အလင်းဝင်လာခဲ့တဲ့ ရဲတပ်သားကို Salingyi Revolution Eagles က ဂုဏ်ပြုဆုငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မ အကြမ်းဖက်ရဲစခန်းက လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ရဲတပ်သားကို ဂုဏ်ပြုဆုငွေ ပေးအပ်ခဲ့တယ်လို့ Salingyi Revolution Eagles က ထုတ်ပြန်ပါတယ်။
Read More

(၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားအား KNDO စစ်ဌာနချုပ်တွင် ကျင်းပ

ဇူလိုင်လ (၁၆)ရက်မှာ ကျရောက်တဲ့ (၇၈)ကြိမ်‌မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO DAY) ဂုဏ်ပြုပွဲအခမ်းအနားကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေး – ထားဝယ်လမ်းမပေါ် အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့

မွန်ပြည်နယ်၊ ရေး-ထားဝယ်လမ်းပိုင်းက အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force - MSRF က သတင်းထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်တွင် လူ့အခွင့်အရေး အသိပညာပေးမှုပြုလုပ်

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးဧရိယာတစ်ခုမှာ ဒေသခံပြည်သူတွေအတွက် လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ အခြေခံအကြောင်းအရာတွေကို အခုစက်တင်ဘာလထဲမှာ ဆွေးနွေးပြောကြားမှု ပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

တပ်ပျက်ပြီး ဆုတ်ပြေးသွားသည့် စစ်ကော်မရှင်စစ်ကြောင်းမှ ကျန်ရစ်ခဲ့သည့် သေဆုံးစစ်သားအလောင်းများအား တော်လှန်ရေးတပ်များက ခက်ခက်ခဲခဲ မီးရှို့ သဂြိုလ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးသွားရတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းက ကျန်ရစ်ခဲ့တဲ့ သေဆုံးစစ်သားအလောင်းတွေကို လိုက်လံကောက်ယူ မီးရှို့ရှင်းလင်းခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း စွန့်ပစ်ခံထားရတဲ့ စစ်အုပ်စုဝင်အလောင်းတွေကို ခင်ဦးပကဖ နဲ့ တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာလ ၂၈ရက် မနေ့တစ်နေ့လုံး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရင်းနဲ့ မီးရှို့သဂြိုလ်ပေးခဲ့ရတာဖြစ်တယ်လို့ သိရတာပါ။
Read More

သီပေါမှာ စစ်ကောင်စီတပ်ရဲ့ လက်ကျန်မြေမြှုပ်မိုင်းကို အရပ်သား ၂ ယောက်က ဖြုတ်ယူရာမှာ ပေါက်ကွဲပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်ကျန်မြေမြှုပ်မိုင်းကို အရပ်သား အမျိုးသား (၂) ယောက်က ဖြုတ်ယူရာမှာ ပေါက်ကွဲပြီး သေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။