စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မှုထမ်း ပေါ်တာဆွဲစုဆောင်းမှု တိမ်းရှောင်လိုတဲ့ အရပ်သားတွေကို စိုးမိုးနယ်မြေအထိရောက်အောင် သွားရောက်ကူညီခေါ်ထုတ်ပေးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ခန္တီးမြို့နယ်၊ နန်းစီပွန်ဒေသကနေ စစ်အုပ်စုရဲ့ ပေါ်တာဆွဲ စစ်သားစုဆောင်းမှုကို ရှောင်းတိမ်းလိုတဲ့ အရပ်သားမိသားစုဝင်တွေကို ခန္တီးပကဖက စက်လှေနဲ့ သွားရောက်ခေါ်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အဓိကအားဖြင့် ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ ခန္တီး-တိုက်တီး၊ ခန္တီး-နန်စီပွန်(ကျောက်မှော်)နဲ့ ခန္တီး-ပဒူးမုန်း လမ်းကြောင်းတွေကို နည်းလမ်းမျိုးစုံနဲ့ ပိတ်ပင်ထိန်းချုပ်ထားတာကြောင့် မြစ်ကမ်းဘေးကျေးရွာတွေမှာ အရပ်သားတွေ ပိတ်မိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ခန္တီးမြို့ပေါ်အပါအဝင် ကျေးရွာတွေမှာ အတင်းအကြပ် မဲနှိုက်ခိုင်းတာအပြင် နေအိမ်ပေါ်အထိတက်ပြီး ဖမ်းဆီးတဲ့အထိပါ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

“ကျနော်တို့သွားရောက်ကယ်ထုတ်ခဲ့တာ နန်စီပွန် (ကျောက်မှော်)ဘက်ကပါ။ အဲ့မှာပေါ်တာဆွဲတာနဲ့ ကျနော်တို့ရှိတဲ့ဘက်ကို တက်ခဲ့ချင်တာ။ စက်လှေ‌လိုင်းတွေပိတ်တော့ တက်ရသလောက် တက်လာကြတာမှာ ကျနော်တို့ အရှေ့ကာကင်းနားအထိ ရောက်တဲ့သူတွေကိုတော့ အကုန်ခေါ်ပေးနိုင်ခဲ့ပါတယ်။ ပဒူးမုန်းဂိတ်နဲ့ နီးတဲ့နေရာက မိန်းကလေး ၅ ယောက်ကိုတော့ စကမက လှေနဲ့ ပြန်ခေါ်သွားတယ် ကြားတယ်” လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ခန္တီး ပကဖ စက်လှေများဖြင့် အရပ်သားများကို ခေါ်ထုတ်ပေးနေစဥ်
ခန္တီး ပကဖ စက်လှေများဖြင့် အရပ်သားများကို ခေါ်ထုတ်ပေးနေစဥ်

ခန္တီးပကဖ သွားရောက်ခေါ်ဆောင်နိုင်ခဲ့တဲ့သူဟာ ၃၅ ယောက်အထိ ရှိခဲ့ပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

“အမျိုးသမီး ၆ ယောက်လောက် ပါတယ်။ ကလေးတွေရောပေါ့။ မိသားစုလိုက် တက်ခဲ့တာတွေလည်း ပါတယ်။ အခုထိ စက်လှေလိုင်းတွေ မဖွင့်သေးတာလည်း ပေါ်တာဆွဲချင်လို့ပါ” လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက စက်လှေလိုင်းတွေအပြင် ချင်းတွင်းမြစ်အတွင်း သွားလာခွင့်ကိုပါ တင်းကြပ်ထားတာကြောင့် မြစ်ကမ်းဘေးကျေးရွာတွေဟာ ပိတ်မိနေတာမျိုးတွေရှိပြီး စီးပွားရေးကျပ်တည်းတာ၊ ဆေးဝါးဝယ်ယူခွင့်မရတာ စတဲ့ အခက်အခဲတွေ ကြုံနေရတယ်လို့လည်း သိရပါတယ်။

အရပ်သားလူငယ်တွေဟာလည်း ချင်းတွင်းမြစ်အထက်ပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားရာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က ရွှေလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

“ပဒူးမုန်းကနေ နာရီဝက်လောက် စက်လှေနဲ့မောင်းရင် ကျနော်တို့စိုးမိုးနေရာကိုရောက်ပြီ။ သူတို့က အဲ့ကိုရောက်ပြီးရင် အထက်ကိုဘက်ပြီး KIA ရဲ့ထိန်းချုပ်နယ်မြေထဲက ရွှေမှော်မှာသွားပြီး အလုပ်လုပ်ကြတာပါ။ အဲ့ကနေမှ ဆန်တွေဘာတွေဝယ်ပြီး ချက်စားကြတာ။ အဲ့လူတွေကိုလည်း ကျနော်တို့က KIA နဲ့ အတူ သူတို့အလုပ်အကိုင်ရအောင် ဆောင်ရွက်ပေးနေပါတယ်။ ” လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

လယ်ထွန်မည့် ပျူစောထီးများ ချုံခိုတိုက်ခိုက်ခံရပြီး ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ လယ်ထွန်ဖို့ထွက်လာတဲ့ ပျူစောထီးတွေကို ချုံခိုတိုက်ခိုက်ရာ ၂ ယောက် သေဆုံးပြီး လက်နက်နဲ့ ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ Ngwe Dwin Revolution Force တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရခိုင်ပြည်နယ် ဂွမြို့နဲ့ ဧရာဝတီတိုင်းထိစပ်နေတဲ့ နေရာက ဒေသခံတွေကို ပြောင်းရွှေ့ဖို့ အကြမ်းဖက်စစ်တပ် ဖိအားပေးနေ

ရခိုင်ပြည်နယ်ဂွမြို့နဲ့ ထိစပ်နေတဲ့ နေရာက ဒေသခံတွေကို စစ်ကောင်စီက အောက်တိုဘာလ ၂၁ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းထားလို့ ဒေသခံတချို့ပြောင်းရွှေ့ပေးနေရတယ်လို့ သိရပါတယ်။
Read More

မြိုင်မြို့နယ် နှောပင်ရွာတွင် စစ်ကော်မရှင် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ် နှောပင်ရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့ရကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။
Read More

ထိတွေ့ပစ်မှုမရှိဘဲ ရှရော်ခရွာကို စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ဗုံးကြဲ၊ ဒေသခံ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရှရော်ခရွာထဲကို စစ်ကော်မရှင်တပ်က ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကနီမြို့နယ် NUG ပညာရေးတာဝန်ခံ မိသားစုလိုက် ရက်စက်စွာ အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ တပုန်းကျေးရွာမှာ နိုင်ဝင်ဘာ ၄ရက် ညပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနဲ့ သူ့ရဲ့မိသားစုတွေ အသတ်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ဘယ်တော်လှန်ရေးအဖွဲ့ကိုမှ မကြောက်ဘူးဟု စိန်ခေါ်သည့် စစ်တပ်သတင်းပေး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကိုမှ မကြောက်ဘူးလို့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်သတင်းပေးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့ထံက သိရပါတယ်။