၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အခု စက်တင်ဘာလ ပထမပတ်အထိ အာဏာသိမ်း စစ်ကော်မရှင်လက်အောက်ကနေ အလင်းဝင်လာသူတွေနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၂၀၂၉ ယောက် ရှိပြီ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အခု စက်တင်ဘာလ ပထမပတ်ထဲမှာဆိုရင် အလင်းဝင်သူနဲ့ လက်နက်ချ စစ်သုံ့ပန်း ၂၅ ယောက်ရှိခဲ့တယ်လို့ သိရပြီး အလင်းဝင်လာသူ ၁၅ ယောက်နဲ့ စစ်သုံ့ပန်း ၁၀ ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သား ၁၅ ယောက်ဟာ စစ်ကိုင်းတိုင်းက ဖြစ်ပြီး သူတို့ထဲမှာ ၂ ယောက်က စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ကာ ၁၃ ယောက်က စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဟောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ အရင်က တပ်သားသစ်တွေသာ အုပ်စုလိုက် လင်းဝင်လာတာများပေမယ့် အခုနောက်ပိုင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဟောင်းတွေပါ ဦးဆောင်အလင်းဝင်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ပထမပတ်အတွင်း ဖမ်းဆီးခံ စစ်သုံ့ပန်း ၁၀ ယောက်ကတော့ တနင်္သာရီတိုင်းက ဖြစ်ပြီး သူတို့ထဲက ၆ ယောက်က တပ်သားသစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ စစ်ကော်မရှင်တပ်သားတွေဟာ တော်လှန်ရေးကာလ ကြာလာသည်နှင့်အမျှ အနားမရမှု၊ ဖိနှိပ်ခံရမှု၊ မိသားစုနဲ့ ကြာမြင့်စွာ ခွဲခွာနေရမှုတွေကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်လာတာကို မြင်တွေ့ရပြီး ၂၀၂၅ ခုနှစ်အတွင်း အလင်းဝင်လာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၂၀၂၉ ယောက် ရှိပြီဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပေါင်းတည်တွင် စစ်ကူအင်အားဖြည့်ရန် ထွက်လာသည့် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးမှုရှိနိုင်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ စစ်ကူအင်အားဖြည့်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ ၃၆၀၁ တပ်ရင်းထံက သိရပါတယ်။
Read More

တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ အပတ်စဥ် ၃ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြီးမှူးကျင်းပတဲ့ အပတ်စဥ် ၃ စစ်ပညာမွမ်းမံသင်တန်းဆင်းပွဲကို တနင်္သာရီမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်ဖြူ ဓည၀တီရေတပ်စခန်းကို AA စတင်တိုက်ခိုက်၊ စစ်တွေအနီးတွင်လည်း တိုက်ပွဲများပြင်းထန်နေ

တရုတ်စီမံကိန်းတွေ အများစုတည်ရှိရာ ကျောက်ဖြူက ဓည၀တီရေတပ်စခန်းကို အာရက္ခတပ်တော် AA က စတင်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်ကောင်စီအတွက် ပေါ်တာဆွဲပေးနေသူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ နတ္တလင်းကျေးရွာမှာ နေထိုင်တဲ့ ခင်စိုး ဆိုသူဟာ စစ်ကောင်စီအတွက် ပေါ်တာဆွဲပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲပြန် အောင်ပွဲရ CDF-Mindat တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူများ လှိုက်လှိုက်လှဲလှဲ ကြိုဆို (ဓတ်ပုံသတင်း)

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)/ CDF- Mindat တပ်ဖွဲ့ဝင်တွေ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ပေါင်း ၁၇ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်‌နေ့မှာ ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
Read More

အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဘုရားပေါ်ဖိနပ်စီးတက်ရောက်ခဲ့ဟု တပ်ချုပ်ရုံး ဝက်ဘ်ဆိုက်မှာ ဖော်ပြ

စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းဟာ ဘုရားပေါ်ကို ဖိနပ်စီးတက်ရောက်ခဲ့တဲ့အပေါ်  တပ်ချုပ်ရုံးရဲ့ ဝက်ဆိုက်မှာ ဖော်ပြရာကတဆင့် ပြည်သူတွေ သိရှိခဲ့ရပါတယ်။