တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ Y-12 လေယာဉ်တွေနဲ့ ၁၂၀ မမ ဗုံးသီးတွေ ဆက်တိုက်ကြဲချ တိုက်ခိုက်နေတယ်လို့ Democracy Movement Strike Committee-Dawei က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၇ ရက် ဒီမနက် ၁၁ နာရီဝန်းကျင်က စတင်ပြီး ထားဝယ်မြို့နယ်အတွင်းရှိ ပကာရီ၊ ပခပ်နဲ့ ရေဝိုင်းကျေးရွာ၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကင်းရှေ့၊ ဥတ္တူ၊ စော်ဖျား၊ မဲနယ်အိုးနဲ့ လောင်းလုံးမြို့နယ်အတွင်းရှိ ဝေဒီ၊ သပြေရှောင်၊ ကြက်ယက်တွင်း၊ ကျောက်တွင်း စတဲ့ ကျေးရွာတွေကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် ဝေဒီကျေးရွာရှိ ပြည်သူ ၂ ယောက် သေဆုံးပြီး ၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာ အသက် (၁၀) နှစ်အောက် ကလေးငယ် ၂ ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။ 

Video – Democracy Movement Strike Committee-Dawei

0 Shares:
You May Also Like
Read More

မော်ချီးဒေသကို စစ်တပ်လေကြောင်း ဗုံးကြဲမှုကြောင့် ၈ လအရွယ် ကလေးငယ်အပါ အရပ်သား ၆ ဦး သေဆုံး (ရုပ်/သံ)

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို အကြမ်းဖက်စစ်တပ်က ဧပြီ ၂၄ ရက် မနေ့က နေ့ လယ်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က လေယာဉ်နဲ့ ချပေးခဲ့တဲ့ လက်နက်ကြီးကျည်၊ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ ယင်းမာပင်ဗျူဟာ ၄၂ သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်းအတွင်း ယင်းမာပင်ဗျူဟာ ၄၂ ရဲ့ စစ်ဆင်ရေးလှုပ်ရှားနေတဲ့ နေရာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ချပေးခဲတဲ့ လက်နက်ကြီးကျည်၊ ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်တော်လှန်‌ ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ ကာကင်းစခန်းကို ‌တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို PDF တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Dragon Urban Guerrilla အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

သထုံမြို့ပေါ်ကို တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးရေး လှည့်လည်လုံခြုံရေးယူ (ရုပ်/သံ)

မွန်ပြည်နယ် သထုံမြို့ပေါ်ကို အောက်တိုဘာ ၁၃ ရက်က တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးနိုင်ရေး လှည့်လည်ပြီး လုံခြုံရေးယူခဲ့တယ်လို့ သထုံမြို့ပြအထူးပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး အထူးတိုက်ခိုက်ရေးတပ်ရင်း (၂) အပတ်စဉ် (၃) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အထူးတိုက်ခိုက်ရေးတပ်ရင်း (၂) အပတ်စဉ် (၃) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၄ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။