တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနဲ့ ညောင်ဇင်ရွာအကြားမှာ အကြမ်းဖက်စစ်တပ်ထံက သိမ်းဆည်းရရှိထားတဲ့ ကပစထုတ် ရှေ့ထွက်မိုင်းတွေနဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်လူငယ်လက်ရုံးတပ် – DYAF က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်က သရက်ချောင်းမြို့နယ် ရန်တောင်ရွာနဲ့ ညောင်ဇင်ရွာအကြား တောက်ထိပ်တောင်လမ်းပိုင်းမှာ ကပစ ထုတ် ‌ရှေ့ထွက်မိုင်း ၃ လုံးနဲ့ အကြမ်းဖက်စစ်သားတွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၄ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်သားတွေဟာ နီးစပ်ရာ ရွာထဲ ဝင်ရောက်ပြီး တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူကာ နေအိမ်‌တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ သရက်ချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါင်းညီနောင်)အဖွဲ့ဝင် ထားဝယ်လူငယ်လက်ရုံးတပ် – DYAFတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

Video – ထားဝယ်လူငယ်လက်ရုံးတပ် – DYAF

0 Shares:
You May Also Like
Read More

မန်တုံမြို့‌ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အမျိုးသား ၁ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ အမျိုးသား ၁ ယောက်သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

စစ်အုပ်စုကို KNDF-UAV တပ်ဖွဲ့၏ ဒရုန်းဖြင့် တိုက်ခိုက်ချေမှုန်းခဲ့မှု မှတ်တမ်း (ရုပ်/သံ)

အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို KNDF-UAV တပ်ဖွဲ့ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်ချေမှုန်းခဲ့မှု မှတ်တမ်းရုပ်သံကို Karenni Nationalities Defence Force က ထုတ်ပြန်လိုက်ပါတယ်။
Read More

နတ်မောက်မြို့နယ်အတွင်း ပျူစောထီးခေါင်းဆောင်နဲ့အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပိတောက်ငုတ်ရွာ ပျူစောထီးခေါင်းဆောင် ရွာအုပ်ကြီးတို့အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ တပ်ခွဲထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမကြီးတွင် လုံခြုံရေးယူရန်လာသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ လုံခြုံရေးယူဖို့လာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Special Forces 11 - PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း ကင်းပတ်နေစဉ် စစ်ကောင်စီတပ်သား ၁ ဦးအား လက်နက်နှင့်တကွ ဖမ်းမိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း တော်လှန်ရေးရဲဘော်တွေ နယ်မြေလုံခြုံရေးအတွက် ကင်းပတ်နေချိန် စစ်ကောင်စီတပ်သား ၁ ယောက်ကို လက်နက်နဲ့တကွ ဖမ်းမိခဲ့တယ်လို့ Spring Warriors Column က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနိုင်တဲ့အတွက် သတိထားသွားလာကြဖို့ PDF တွေ ကွင်းဆင်းသတိပေး (ရုပ်/သံ)

ရန်ကုန်-မန္တလေးအမြန်လမ်းကြီး မိုင်တိုင် အမှတ် ၃၁၈ မှာ ဒီနေ့ ဒီဇင်ဘာ ၂၃ရက် မနက်ပိုင်းက ခရီးသွားပြည်သူတွေကို PDF ရဲဘော်တွေက လက်ရှိဖြစ်ပွားနေတဲ့ တော်လှန်ရေးအခြေအနေတွေနဲ့ တိုက်ပွဲဖြစ်ပွားလာနိုင်မှုတွေကို ကွင်းဆင်းအသိပေးခဲ့တယ်လို့ Natogyi People Defence Force က ထုတ်ပြန်ထားပါတယ်။