ဇူလိုင်နဲ့ သြဂုတ်လအတွင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖရုံး) ဒရုန်းတပ်ဖွဲ့ထံ အတင်းအကြပ် စစ်မှုထမ်းစုဆောင်းခံရတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၄ ယောက် လက်နက်ခဲယမ်းကိုယ်စီနဲ့ အလင်းဝင်ရောက်လာခဲ့ပြီး ပကဖနဲ့အတူ အကြမ်းဖက်စစ်တပ်ကို ပြန်လည်တိုက်ပွဲဝင်နေတယ်လို့ ကလေးခရိုင် ပကဖ တာဝန်ရှိသူ၁ယောက်က မောင်းကို ပြောပါတယ်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ နည်းလမ်းအမျိုးမျိုးနဲ့ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့ အဆိုပါ စစ်မှုထမ်းတပ်သားတွေဟာ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရုံးအောက်မှာရှိတဲ့ ခရိုင် ပကဖ Drone တပ်ဖွဲ့ (Wing of Kalay)ထံ ချိတ်ဆက်ပြီး အလင်းဝင် ခိုလှုံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူတွေနဲ့အတူ MA-3 အမျိုးအစားလက်နက်ငယ် (၅) လက်၊ MA-1 အမျိုးအစား လက်နက်ငယ် (၂) လက်၊ လက်ပစ်ဗုံးသီး (၉) လုံး၊ ၆၀ မမ လက်နက်ကြီးကျည် (၄) ဖူး၊ အီနာဂါ (၃) လုံး၊ ကျည်ဘောက် (၁၅) ဘောက်နဲ့ ၅.၅၆ ကျည် (၁၂၀၀) တောင့်တို့လည်း ပါဝင်လာခဲ့တယ်လို့ ကလေးခရိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။

ဒီအတွက် ပကဖဘက်ကလည်း အလင်းဝင်ရောက်လာသူတွေအတွက် အရေးပေါ် ဆုငွေ တစ်ယောက်ကို ငွေကျပ် သိန်းသုံးဆယ် (၃၀ သိန်းကျပ်) စီ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် အလင်းဝင်ခိုလှုံလာသူတွေက လက်ရှိမှာ ပကဖနဲ့ လက်တွဲပြီး အကြမ်းဖက်စစ်ကော်မရှင်ကို တိုက်ခိုက်နေတယလို့လည်း ဆိုပါတယ်။

“အလင်းဝင်လာတဲ့သူတွေထဲ လုံခြုံရေးအခြေအနေအရ အရေအတွက် ထည့်မဖော်ပြထားတဲ့သူတွေ ရှိပါသေးတယ်။ လာကြတဲ့ တပ်တွေကလည်း အစုံပါပဲ။ တချို့ ကိုယ့်မြို့ကို ကိုယ်ပြန်လိုတဲ့သူတွေကိုတော့ လိုက်ပို့ပေးတယ်။ စစ်တပ်ရဲ့ မတော်မတရား အနိုင်ကျင့် သတ်ဖြတ်ခံရမှုတွေကို မြင်ပြီး စိတ်နာကျည်းသွားလို့ ပြန်ပြီး တိုက်ပွဲဝင်ချင်ကြတာတွေလည်း ရှိပါတယ်”လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရှုံးနိမ့်နေပြီး နိုင်ငံတကာထောက်ခံမှုတွေ မရှိတော့သလောက် ဖြစ်နေတာပါ။

ဒီအတွက် နိုင်ငံရဲ့ အနာဂတ်ကြယ်ပွင့်တွေဖြစ်တဲ့ တိုင်းရင်းသား လူငယ်လူရွယ်တွေကို လူမျိုး ပျက်သုန်းစေဖို့ ရည်ရွယ်ချက်တွေနဲ့ လက်နက်အားကိုး အဓမ္မပေါ်တာဆွဲဖမ်းဆီးရင်း စစ်မြေပြင်အတွင်း အသေခံစေကာ စစ်အာဏာရှင် သက်ဆိုးရှည်စေရေးအတွက် လူမဆန်အောင် မိုက်တွင်း နက်နေတာဖြစ်တယ်လို့ ကလေးခရိုင် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

“ကလေးမြို့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်အောက်က တပ်စုပေါင်းတပ်အောက်နယ်တွေကို ရောက်လာတုန်းကတော့ များတယ်။ အင်အား ၃၀၀ကျော် လောက်ရှိတယ်။ (ပစ) ပြည်သူ့စစ်မှုထမ်းတွေချည်းပဲ။ ဒါပေမယ့် ရှေ့တန်းအတင်းတက်ခိုင်းပြီး အသေခံခိုင်းတယ်။ နောက်ပြန်ဆုတ်ရင် ပစ်သတ်တယ်။ တချို့လဲ တော်လှန်ရေးဖက်က ခုခံစစ်ကြောင့် သေတဲ့သူသေ၊ မိုင်းနင်းပြီး သေသူသေနဲ့ ဖြစ်ကြတယ်။ အလောင်းတွေတောင် တက်မဆွဲရဲလို့ ထားခဲ့ကြတာများတယ်။ နောက်ပြီး ထွက်ပြေးအလင်းဝင်တာတွေနဲ့ ဆိုတော့ အင်အားက သိပ်မရှိတော့ဘူး” လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ 

ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံး Drone တပ်ဖွဲ့ (Wing of Kalay) အနေနဲ့ အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်ကစလို့ တခြားသော လက်နက်ကိုင် တပ်ရင်း တပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲတွေ ဆင်နွှဲလာခဲ့တာ ဖြစ်ပါတယ်။

ကလေးခရိုင်ပကဖရုံးမှ ထုတ်ပြန်ထားသည့် အလင်းဝင် စစ်မှုထမ်းတပ်သားများ လက်နက်လွှဲပြောင်း ပေးအပ်နေသည့် ပုံရိပ်များနှင့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပတ်စဥ် /၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းအခြေစိုက် အထက်မင်းလှ မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) အပတ်စဥ် /၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၀ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဝမ်းတွင်းတွင် တောင်ယာလုပ်သည့် အမျိုးသား ၂ဦးကို စစ်တပ် ပစ်သတ်ပြီး အလောင်းမြှုပ်၊ အလောင်းမြှုပ်ထားသည့် မြေပုံနား မိသားစုဝင်များကို ကပ်ခွင့်မပေး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ၂ ယောက်ကို ပစ်သတ်ပြီး အလောင်းကို မြေမြှုပ်ထားခဲ့ကြောင်း၊ မိသားစုကိုပါ တွေ့ခွင့်မပေးကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ရွှေဘိုခရိုင် တပ်ရင်း ၂၆ မှ ရဲဘော် ရန်နိုင်စိုး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းက ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့အတွက် အဆိုပါ တပ်ရင်းက နိုဝင်ဘာ ၂ ရက်မှာ အမိန့်ပြန်တမ်း ထုတ်လိုက်ပါတယ်။
Read More

ကိုဗစ်ချေးငွေပြန်မဆပ်သည့် လုပ်ငန်းများကို သတင်းစာမှာ အမည်နှင့်တကွ ကြေညာမည် ဟု စစ်ကောင်စီ ခြိမ်းခြောက်

ကိုဗစ် ချေးငွေတွေကို လက်ရှိအချိန်အထိ ပြန်မဆပ်နိုင်သေးတဲ့ လုပ်ငန်းတွေကို သတင်းစာတွေကတဆင့် ထည့်သွင်းကြေညာတော့မယ်လို့ စစ်ကောင်စီက စီးပွားရေး လုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုထဲ လိုက်ပါဆောင်ရွက်သူကို PDF Zoland ဖမ်းဆီးထိန်းသိမ်း…

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ခံမှုမှာ တက်ကြွစွာ ပါဝင်တဲ့ Kam Lian Thang ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ PDF-Zoland က ထုတ်ပြန်ထားပါတယ်။ PDF Zoland နဲ့ Chin…
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၇ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီး

တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေရှိသလို နေအိမ်တွေလည်း ထိမှန်ပျက်စီးသွားတယ်လို့  ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ထံက သိရပါတယ်။