တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်းရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၁၇ရက် ဒီမနက်ကစလို့ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနဲ့ သရက်ချောင်းမြို့နယ်အတွင်းက နေရာတော်တော်များကို အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲနေတာလို့ သိရပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) အပါအဝင် တော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေကလည်း စစ်အုပ်စု ဆက်တိုက် လေကြောင်းဗုံးကြဲနေတာကြောင့် သတိထားကြဖို့ တိုက်တွန်းထားကြပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မြိတ်လေဆိပ်တက် Y12 ထောက်ပို့လေယာဥ်တွေ အသုံးပြုပြီး ခရိုင်အတွင်းက ကျေးရွာတွေဆီ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာတွေဟာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထားဝယ်မြို့ကို လာဖို့ရှိတာကြောင့် အရပ်သားတွေ သေကြေပျက်စီးရအောင် တမင်လုပ်တာလို့လည်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဘာတိုက်ပွဲမှမရှိဘဲ ရွာတွေထဲကို ဘလိုင်းကြီး ကြဲချတယ်။ တကယ့်ကို လူစိတ်မရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေပါ။ မနက်ဖြန် ထား၀ယ်ကို မင်းအောင်လှိုင် လာမယ်ဆိုပြီး သတင်းကြားထားတယ်။ အဲဒီအတွက် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပြည်သူကို ဗုံးကြဲသတ်ဖြတ်တာလို့ယူဆရပါတယ်” လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ လောင်းလုံးမြို့နယ်အတွင်း ရဘဲ၊ ကျောက်တွင်းဖက်၊ ဟင်ချိုတောနဲ့ အပြေရှောင်ရွာတွေကြားက ဝေဒီရွာကို ဗုံးကြဲတိုက်ခိုက်ရာမှာ အရပ်သား ၂ယောက် ထိခိုက်သေဆုံးခဲ့ပြီး ၃ယောက် အပြင်းအထန်ဒဏ်ရာရရှိကာ နေအိမ်ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ သရက်ချောင်းမြို့နယ်အတွင်းက ကင်းရှေ့ရွာတောစပ် မိုးရွှေကုန်းရွာအနီးနဲ့ ဥတ္တူရွာ၊ ထား၀ယ်မြို့နယ်အရှေ့က အရှေ့တောဖက်တွေကိုပါ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပြီး ရေဖြူ
မြို့နယ်ဘက်ကို ဆက်လက်ပျံသန်းသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ကျနော်တို့ လက်လှမ်းမမှီနိုင်တာတွေ ရှိနိုင်တယ်ဗျ။ အခုပဲ Y12 ၂စီး ပြန်ရောက်လာတယ်။ မြိတ်ဘက်ကို ပြန်ဆင်းနေတယ်။ ကျနော်ထင်တာတော့ မလွှဲတောင် ရေဖြူတကြောမှာ သွားကြဲပြီး ပြန်လာတယ်ထင်တယ်။ သတင်းအဆက်အသွယ်မရသေးတော့ သေချာမပြောနိုင်ဘူး” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

နှောညောင်ပင်ရွာ စစ်တပ်အထိုင်စခန်းကို ပကဖများ ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်မှ တပ်ကြပ်အပါ ၆ဦး သေဆုံးပြီး လက်နက်ခဲယမ်းနှင့် သုံ့ပန်း ၁ ဦး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ချောက်မှာ ရွာမီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီက လင်းတကိုင်းတိုက်နယ်ကို ဝင်ရောက်စီးနင်းပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေဆီက ကာလတန်ဖိုး ငွေကျပ် သိန်း ၇၀၀ နီးပါးရှိတဲ့ ငွေကြေးနဲ့ပစ္စည်းတွေ လုယက်သွားတယ်လို့ သိရပါတယ်။
Read More

တပ်မ ၃၃ မှ ထွက်လာသည့် စစ်ကောင်စီကားတန်း မုံရွာ မအူဂိတ်အနီးတိုက်ခိုက်ခံရ၊ စစ်ကောင်စီ အရာရှိအပါ၂ ဦး သေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကိုင်း တပ်မ ၃၃ ဌာနချုပ်က ထွက်လာတဲ့ ကြေးနီတင်ကားတန်း​ကိုကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၂ ယောက် သေပြီး အများအပြားထိခိုက်သွားကြကြောင်း Brave Heart Army (BHA) က သတင်းထုတ်ပြန်ပါတယ်။
Read More

ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးလို့ နိုင်ကျဉ်းတစ်ယောက် ဆီးကျောက်ရောဂါနဲ့ ကျဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ယောက် ဆီးကျောက်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။ 
Read More

ထီးလင်းစစ်ကြောင်း အထိနာအောင် ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြု

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က ထွက်ခွာလာတဲ့ အင်အား ၈၀ ပါ စစ်တပ်စစ်ကြောင်းကို အထိနာ နောက်ပြန်ဆုတ်သွားအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

မတ္တရာမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ဦး ဒဏ်ရာရ၊ အိမ်မွေးတိရစ္ဆာန်များ သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Voice Of Mandalay ထံက သိရပါတယ်။