စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုက အရပ်သားတွေကို မြို့အတွင်းဓားစာခံအဖြစ် ပိတ်ထာကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက်နေ့ကစပြီး ကချင်နဲ့ စစ်ကိုင်းတိုင်းအစပ်က ဗန်းမောက်မြို့မှာ အကြမ်းဖက်စစ်တပ်အပါ ရှမ်းနီ (SNA) တပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ရှိနေတာ ဖြစ်ပါတယ်။

စစ်ရေးသတင်းရင်းမြစ်တချို့ရဲ့အဆိုအရ KIA ၊ PDF ၊ ပကဖ နဲ့ အထူးတပ်ရင်းတွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာဖြစ်ကြောင်းနဲ့ စစ်အုပ်စု ကာကင်းစခန်းတွေကို တိုက်ခိုက်နေတာလို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ရက် ညနေပိုင်းကလည်း ဗန်းမောက်မြို့နယ်၊ နားယကာကျေးရွာအနီးမှာ တော်လှန်ရေးစိုးမိုးနယ်မြေထဲ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင်တွေ ဝင်ရောက်ပစ်ခတ်ရင်း ထိတွေ့မှုဖြစ်ခဲ့သေးတယ်လို့ ကသာခရိုင် အမှတ်(၄) တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဗန်းမောက်မြောက်ပိုင်းနဲ့ အနောက်ခြမ်းဒေသတွေမှာ ရှမ်းနီ (SNA)တပ်တွေ တချိန်တည်း ထိုးစစ်ဆင်လာတာကြောင့်တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုတွေရှိခဲ့ပါတယ်။

စက်တင်ဘာလ ၁၅ရက်နေ့မှာတော့ အင်းတော်-ဗန်းမောက် ဗျူဟာလမ်းပိုင်းအပါအဝင် အင်းတော်ကနေ ဗန်းမောက်ကိုသွားတဲ့ လမ်းပိုင်းတွေကို အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရက်အကန့်သတ်မရှိ ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်းသုံး တိုက်ခိုက်တာမျိုးရှိကြောင်းနဲ့ ရှမ်းနီ (SNA) တပ်ဖွဲ့ဝင်တွေက မြို့ဝင်မြို့ထွက်တွေကို ပိတ်ဆို့ထားတယ်လို့သိရပါတယ်။

“သူတို့က မြို့ဝင်မြို့ထွက်တွေကို ဒေသခံတွေပေးမထွက်ဘဲ အထဲမှာပဲ လူသားဒိုင်းပုံစံမျိုး ထားထားတာပေါ့။ အဲ့တော့မထွက်နိုင်ဘဲ ကျန်နေတဲ့သူတွေပိတ်မိနေတယ်။ အင်းတော်တိုက်ပွဲတုန်းကကျ ဘုန်းကြီးကျောင်းမှာပဲထားတာ။ ဒါကျမတူဘူး။ တိုက်ပွဲတွေက ဆက်ဖြစ်နေဆဲပါပဲ။” လို့ ဗန်းမောက်စစ်ရေးအခြေအနေကြောင်းသိတဲ့ စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်အစပ်မှာရှိတဲ့ ဗန်းမောက်မြို့ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အင်းတော်၊ ပင်လည်ဘူး၊ ကောလင်း စတဲ့မြို့တွေနဲ့ ထိစပ်နေတာဖြစ်ပြီး အင်းတော်-ဗန်းမောက်လမ်းပိုင်းကိုလည်း NUG လက်အောက်ခံ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း NUG လက်အောက်ခံတော်လှန်ရေးတပ်တွေက ဗန်းမောက်မြို့နဲ့ထိစပ်နေတဲ့ အင်းတော်မြို့ကို ၈လကြာတိုက်ယူပြီး ရရှိထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကောလင်းမြို့အရှေ့ခြမ်း ကျောက်တန်းရွာတွင် ဒေသခံ မိသားစုကို ကြိုးတုပ် ရိုက်နှက် ဓားပြတိုက်သူများကို တော်လှန်ရေးတပ်များ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အရှေ့ခြမ်းက ကျောက်တန်းရွာမှာ ဒေသခံမိသားစု တစ်စုကို ကြိုးတုပ် ရိုက်နှက် ဓားပြတိုက်သူတွေကို တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ Kawlin Info က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကြို့ပင်ကောက်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်ကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင် ဝင်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ်။
Read More

ရခိုင်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း UNDP ထုတ်ပြန်

ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့အတူ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့်  ရခိုင်ပြည်နယ်မှာ လူဦးရေ ၂ သန်းကျော် အငတ်ဘေးကြုံနိုင်ကြောင်း ကုလဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
Read More

နိုဝင်ဘာလအတွင်း ပြည်သူ ၅ ဦးကို စစ်အုပ်စု ရွေးကောက်ပွဲဥပဒေဖြင့် ထပ်မံဖမ်းဆီးထား၊ ရန်ကုန်တွင် ၂ လအတွင်း ဖမ်းဆီးခံထားရသူ ၁၅ ဦး ရှိ

အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုပြီး ရန်ကုန်တိုင်းအတွင်းက အရပ်သား ၅ ယောက်ကို ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၃ (က) နဲ့ အသီးသီး ထပ်မံ အရေးယူထားကြောင်း ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ် မိတ်ဖက် SSPP နယ်မြေတွင်လည်း ကျားဖြန့်များ ဖမ်းမိလာ

အကြမ်းဖက် အာဏာသိမ်းစစ်တပ်ရဲ့ အပေါင်းအပါဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF နယ်မြေ ထိုင်း-မြန်မာနယ်စပ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ဖမ်းမိတာတွေ ရှိခဲ့သလို စစ်တပ်နဲ့ မိတ်ဖက်ဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း သျှမ်းပြည်တပ်မတော်-SSPP/SSA ထိန်းချုပ်ရာ နယ်မြေထဲမှာလည်း ကျားဖြန့်လုပ်ဆောင်သူတွေကို ဖမ်းဆီးရမိတာမျိုးတွေ ရှိလာတယ်လို့ သိရပါတယ်။
Read More

စင်ပေါ်တွင် ညစ်ညမ်းစကားပြောဆိုသူအပါ ၁၃ယောက် အုပ်စုနှင့် ပွဲစီစဥ်သူ ၃ ယောက်ကို အရေးယူထားကြောင်း စစ်ကော်မရှင် ထုတ်ပြန်

နိုဝင်ဘာလအစက ရန်ကုန်မြို့ Overflow Music Festival ဖျော်ဖြေပွဲမှာ စင်ပေါ်ကနေ လိင်ကိစ္စ ညစ်ညမ်းစကားတွေပြောပြီး ကွန်ဒုံးတွေ ကြဲချခဲ့တဲ့ အဆိုတော် Wink အပါအဝင် အမျိုးသား ၁၃ ယောက်နဲ့ ပွဲစီစဥ်သူ ၃ယောက်ကို ဖမ်းဆီးအရေးယူထားကြောင်း အာဏာသိမ်းစစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့က မနေ့က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။