မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းမှာ ဆင်ပေါင်ဝဲမြို့နယ်မှူးအပါအဝင် စစ်အုပ်စုစီးနင်းလာတဲ့ ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ ၃ ယောက်သေဆုံးခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းက ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းမှာ ဆင်ပေါင်ဝဲမြို့နယ်မှူးအပါအဝင် စစ်သားနဲ့ ရဲတွေ စီးနင်းလာတဲ့ ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သားနဲ့ ရဲ ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆင်ပေါင်ဝဲမြို့နယ်မှူးနဲ့ စစ်သား၊ ရဲအချို့ ထိခိုက်ဒဏ်ရာရရှိသွားကာ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသလျက်ရှိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် (၅) တပ်ရင်း ရဲဘော်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်း

0 Shares:
You May Also Like
Read More

အိန္ဒိယမှ လန်ဒန်မြို့သို့ ထွက်ခွာမည့် ခရီးသည် ၂၄၃ ဦးပါ လေယာဉ်ပျက်ကျ (ရုပ်/သံ)

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် Ahmedabad မြို့မှာ ခရီးသည် ၂၄၃ ယောက် စီးနင်းလိုက်ပါလာတဲ့ လေယာဉ် ၁ စီး ပျက်ခဲ့တယ်လို့ အိန္ဒိယသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေမှု မှတ်တမ်း (ရုပ်/သံ)

ကရင်ပြည်နယ် မြ၀တီမြို့နယ်၊လေးကေ့ကော်ဒေသက စစ်ကောင်စီရဲ့ အရေးပါတဲ့ စွယ်တော်ကုန်းကျပြီးတဲ့နောက် လက်ကျန် အောင်ဇေယျစစ်ကြောင်း နဲ့ ကရင်တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်နေတဲ့ ရုပ်သံကို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ဖော်ပြလာပါတယ်။
Read More

လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် စခန်းကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Dawei Guerrilla Revolutionary Force - DGRF က ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော်တွင် အဆောက်အအုံအောက် ၄၄ နာရီကြာ ပိတ်မိနေသည့် လူငယ် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ ၂ လမ်းက အဆောက်အအုံအောက်မှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့ ငလျင်ကြောင့် ပိတ်မိနေတဲ့ အမျိုးသား လူငယ် ၁ ယောက်ကို ၄၄ နာရီကြာပြီးနောက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကောလင်း-ဝန်းသိုလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေ (ရုပ်/သံ)

ကောလင်းခရိုင် အမှတ်၂တပ်ရင်း ထိန်းချုပ်စိုးမိုးထားတဲ့ စစ်ကိုင်းတိုင်း ကောလင်း-ဝန်းသိုလမ်းပိုင်းကုထ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ကောလင်းခရိုင်တပ်ရင်း၂ ထံက သိရပါတယ်။
Read More

ပုလဲမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ Southern YSO PDF ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း ပုလဲမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို Southern YSO PDF မှ ထုတ်ပြန်လိုက်ပါတယ်။