အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာချိန် သူတို့ရဲ့ လူယုံ ဗိုလ်ချုပ်ကြီး၊ ဗိုလ်မှူးကြီးအဆင့်တွေ အပါအဝင် တပ်ကြပ်ကြီး စာရေးတွေကအစ ကြံခိုင်ရေးပါတီထဲကို ပါတီဝင်အဖြစ် ပြောင်းလဲစေလွှတ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် စစ်တပ်ရဲ့ ရာထူးကြီးပိုင်း ဗိုလ်ချုပ်တချို့ ကြံ့ခိုင်ရေးပါတီထဲ အရပ်သားအဖြစ် ပြောင်းလဲဝင်ရောက်ကာ ရွေးကောက်ပွဲဝင်မယ်လို့ ပြောဆိုသံတွေ ကြားလာရပါတယ်။ စစ်တပ်ထဲက ဗိုလ်ချုပ်ကြီးအဆင့်ကနေ တပ်ကြပ်ကြီးစာရေးအဆင့်အထိ အပါအဝင် စုစုပေါင်း ၄၈၉ ယောက် စစ်ဝတ်စုံချွတ် ပုဆိုးဝတ်ကာ ကြံ့ခိုင်ရေးထဲကို အရပ်သားအဖြစ် ပြောင်းလဲဝင်ရောက်တယ်လို့ သိရပါတယ်။

“အခုကတော့ ရုံးတွင်းအမိန့် ပုံစံမျိုးနဲ့ ထွက်လာတာ။ သူတို့ လက်မှတ် ထိုး၊ မထိုးကတော့ မသိရသေးပါဘူး။ အကုန်လုံးက ရာနဲ့ချီနေတော့ တိုက်ခိုက်ရေးအင်အားလျော့မှာစိုးတယ်ဆိုပြီး လူလျှော့ဖို့ ပြင်နေသံလည်း ကြားရပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီထဲ စေလွှတ်ခံရတဲ့လူတွေဟာ စစ်အုပ်စုရဲ့ လူယုံတွေအဖြစ် သတ်မှတ်လို့ရပြီး တရားမဝင် ရွေးကောက်ပွဲပြီးတာနဲ့ အရပ်သားအစိုးရ အယောင်ဆောင်ပြီး စစ်တပ်ရဲ့ အာဏာကို ထိန်းသိမ်းပေးကြမယ့်လူတွေပဲ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီထဲကို စစ်တပ်က လူသစ်တွေ အလုံးအရင်း ထည့်နေတာဟာ ပါတီကို သွေးသစ်ပြန်လောင်းတာဖြစ်ပြီး ဒီလူတွေကပဲ မင်းအောင်လှိုင်ရဲ့ လက်ကိုင်တုတ်တွေ ဖြစ်လာမယ်လို့လည်း ဆိုကြပါတယ်။

“တကယ်တော့ ဒီလို အရပ်ဘက်ဝန်ထမ်းတခုခုကို ရောက်ဖို့က စစ်တပ်ကလူတွေရဲ့ ရည်မှန်းချက်လို့ ပြောလို့ရတယ်။ ဒါကြောင့် အခုလို အသုတ်လိုက်တွေ ပြောင်းနေကြတာ.. အရင်က ရှိတဲ့သူတွေက အိမ်ဖြည့်ပဲ။ အရပ်ဘက်ကို ပြောင်းချင်ရင်က ကြံ့ဖွံ့မဟုတ်ရင် ဦးပိုင်ပေါ့နော်… အဲ့လိုဆိုတော့ အခုက ရွေးကောက်ပွဲနီးလာတော့ အုံနဲ့ကျင်းနဲ့ ရွှေ့ပေးတဲ့ သဘောပါပဲ ” လို့ ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီဆိုတာဟာ စစ်တပ်က အငြိမ်းစားဗိုလ်ချုပ်ကြီးတွေ၊ အငြိမ်းစားမဟုတ်ဘဲ အရပ်ဘက် ပြောင်းလာတဲ့ ဗိုလ်ချုပ်တွေ၊ စစ်အုပ်စုရဲ့ အဆက်အနွယ်တွေနဲ့သာ ဖွဲ့စည်းထားတဲ့ အရပ်သားအယောင်ဆောင် နိုင်ငံရေးပါတီတစ်ခုပဲ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လူယုံအဖြစ် နာမည်ကြီးတဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကလည်း ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

လက်ရှိ ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီဟာလည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်ကနေ ဖွဲ့စည်းတဲ့ တရားမဝင်အစိုးရမှာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လာမယ့် ဒီဇင်ဘာမှာ ရွေးကောက်ပွဲ ပထမပိုင်းကို ကျင်းပမယ်လို့ တရားဝင် ကြေညာထားကာ ရွေးကောက်ပွဲ ကန့်ကွက်ဆန့်ကျင်သူတွေကို ဖမ်းဆီးဖို့အတွက် ဥပဒေတွေကိုလည်း တရားမဝင် ပြဋ္ဌာန်းချမှတ်ထားတာပဲ ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ဝန်းသိုမြို့နယ် နန်းချိုရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ ပျက်စီး

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း Kawlin info က ထုတ်ပြန်ထားပါတယ်။
Read More

ပုလောမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီဆောင်ရွက်နေတဲ့ စစ်တပ်မိတ်ဖက် တစညပါတီဥက္ကဋ္ဌဖြစ်သူကို ဖမ်းဆီးရာ ခုခံသဖြင့် ရှင်းလင်းခဲ့ရဟုဆို

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာနယ်မြေအတွင်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီပေးနေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဥက္ကဋ္ဌဖြစ်သူကို တော်လှန်ရေးရဲဘော်တွေက သွားရောက်ထိန်းသိမ်းဖမ်းဆီးရာ သေနတ်လုယူခုခံတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁)တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။
Read More

သံတွဲနှင့် ဂွမြို့အနီး ပင်လယ်ပြင်တွင် ညအချိန် ငါးဖမ်းမှု AA တားမြစ်မိန့် ထုတ်ပြန်၊ ပင်လယ်ကမ်းဝေး ငါးမဖမ်းရန် ပြည်သူများကို မေတ္တာရပ်ခံ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်မှာ ပြည်သူတွေ ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာကို တားမြစ်ကန့်သတ်ကြောင်း အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၁၉ ရက် မနေ့က အသိပေးတားမြစ်မိန့် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်လာပါတယ်။  
Read More

ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို DPLF/DPLA လှုပ်ရှားနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်

တပေါင်းလဆန်း(၁၄)ရက်မှာ ကျရောက်တဲ့ ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) ရဲ့ လှုပ်ရှားနယ်မြေ တစ်နေရာမှာ DPLF/DPLA က ဦးဆောင်ပြီး အကျဥ်းရုံး ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ နဲ့ ဗျူဟာစစ်ကြောင်း (၁) ကို ကျည်ကာပစ္စည်းတွေ တပ်ဆင်ခဲ့…

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း၅၁၀၂ နဲ့ ဗျူဟာစစ်ကြောင်း (၁) ကို ကျည်ကာပစ္စည်းတွေ တပ်ဆင်ခြင်းအခမ်းအနား ရှေ့တန်းတနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ခင်ဦးမြို့ပေါ် ဆေးရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ် ဆေးရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ FUTURE HERO အဖွဲ့က ထုတ်ပြန်ပါတယ်။