၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ အခု စက်တင်ဘာလ ပထမပတ်အထိ အာဏာသိမ်း စစ်ကော်မရှင်လက်အောက်ကနေ အလင်းဝင်လာသူတွေနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၂၀၂၉ ယောက် ရှိပြီ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အခု စက်တင်ဘာလ ပထမပတ်ထဲမှာဆိုရင် အလင်းဝင်သူနဲ့ လက်နက်ချ စစ်သုံ့ပန်း ၂၅ ယောက်ရှိခဲ့တယ်လို့ သိရပြီး အလင်းဝင်လာသူ ၁၅ ယောက်နဲ့ စစ်သုံ့ပန်း ၁၀ ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်သား ၁၅ ယောက်ဟာ စစ်ကိုင်းတိုင်းက ဖြစ်ပြီး သူတို့ထဲမှာ ၂ ယောက်က စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ကာ ၁၃ ယောက်က စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဟောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ အရင်က တပ်သားသစ်တွေသာ အုပ်စုလိုက် လင်းဝင်လာတာများပေမယ့် အခုနောက်ပိုင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဟောင်းတွေပါ ဦးဆောင်အလင်းဝင်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ပထမပတ်အတွင်း ဖမ်းဆီးခံ စစ်သုံ့ပန်း ၁၀ ယောက်ကတော့ တနင်္သာရီတိုင်းက ဖြစ်ပြီး သူတို့ထဲက ၆ ယောက်က တပ်သားသစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ စစ်ကော်မရှင်တပ်သားတွေဟာ တော်လှန်ရေးကာလ ကြာလာသည်နှင့်အမျှ အနားမရမှု၊ ဖိနှိပ်ခံရမှု၊ မိသားစုနဲ့ ကြာမြင့်စွာ ခွဲခွာနေရမှုတွေကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်လာတာကို မြင်တွေ့ရပြီး ၂၀၂၅ ခုနှစ်အတွင်း အလင်းဝင်လာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စုစုပေါင်း ၂၀၂၉ ယောက် ရှိပြီဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကံထူးမရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း NUG သင်ကြားရေးအတတ်ပညာတက္ကသိုလ် ကျောင်းသူ မထက်မိုးဦးလည်း အသက်ဆုံးရှုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မုံရွာ-ကျောက္ကာလမ်းပိုင်းအတိုင်း ၁ လကျော်ကြာ ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို လက်ရှိမှာလည်း သမိုင်းဝင်ရွှေဂူနီဘုရားဝန်းအတွင်း အထိုင်ချတပ်စွဲထားတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ကိုင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းများကို SAGAING-PDF မဟာမိတ်များနှင့်အတူ တိုက်ခိုက်နေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းတွေကို စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) အနေနဲ့ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းလက်တွဲပြီး တိုက်ပွဲဝင်နေတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ထီးလင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ၄ ရက်တာ တိုက်ခိုက်မှုအတွင်း ၂၄ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျောက်ထုမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ၄ ရက်တာ တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ယောက်အပါအဝင် စစ်သား ၂၄ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Yaw Army – YA တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၅၀ နီးပါး သေဆုံးခဲ့ရာ သေဆုံးသူများ၏ မိသားစုဝင်များကို MDY-PDF ကူညီထောက်ပံ့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာနဲ့ ရေထွက်ကျေးရွာတို့မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အယောက် ၅၀ နီးပါး သေဆုံးခဲ့ရာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်ရေကန်ဗျူဟာစခန်းမှ ထွက်ပြေးနေသည့် စစ်ကော်မရှင်တပ်သားများ ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိဟု AA ထုတ်ပြန်၊ အလင်းဝင်လက်နက်ချသူများလည်း ရှိဟု ဆို

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းကနေ ကစဥ့်ကလျား ထွက်ပြေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိတာတွေရှိပြီး အလင်းဝင် လက်နက်ချသူတွေလည်း ရှိတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရွာငံမှာ မြို့အဝင်ဘီးခွန်ဂိတ်၊ မူးယစ်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တွေက စစ်အုပ်စုတွေ ဝင်ရောက်ပစ်ခတ်ခံရပြီး ရဲအရာရှိ၁ယောက်အပါ ၁၃ယောက်သေ

ရှမ်းတောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့မှာ မြို့အဝင်ဘီးခွန်ဂိတ်အပါအဝင် မူးယစ်ရဲစခန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့က အကြမ်းဖက်စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး မူးယစ်ရဲအရာရှိ၁ယောက် အပါအဝင် အကြမ်းဖက်ရဲနဲ့ စစ်သား ၁၃ယောက်သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။