ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာမှာ မိသားစုတစ်စုကို ထိမှန်ခဲ့ပြီး မိဘ ၂ ပါးနဲ့ အဘွားဖြစ်သူတို့ သေဆုံးကာ အသက်မပြည့်သေးတဲ့ ကလေး ၃ ယောက်သာ ကျန်ရစ်ခဲ့တယ်လို့ Free Burma Rangers က သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက် ည ၁၀ နာရီဝန်းကျင်အချိန်မှာ စစ်တပ်ရဲ့ ခြေလျင်တပ်ရင်း (၁၀၂) ကနေ ဒီးမော့ဆိုမြို့နယ်၊ ဒေါဗျားခူကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် အဘွား၊ အမေ၊ အဖေနဲ့ ကလေးသုံးယောက်အပါအဝင် ၆ယောက် ရှိတဲ့ မိသားစုတစ်စုကို ထိမှန်ခဲ့ရာ အဘွားဖြစ်သူ ဒေါ်မီမာ (အသက် ၉၁ နှစ်)၊ အမေဖြစ်သူ ဒေါ်သူမာ (အသက် ၃၈ နှစ်) နဲ့ အဖေဖြစ်သူ ဦးငါးရဲ (အသက် ၄၄ နှစ်) တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အသက်ရှင် ကျန်ရစ်ခဲ့တဲ့ အသက် ၁၅ နှစ်၊ ၁၂ နှစ်နဲ့ ၈ နှစ်အရွယ် ကလေးငယ် (၃) ယောက်ဟာလည်း စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ Free Burma Rangers က ဖော်ပြထားပါတယ်။

(ဓာတ်ပုံ Free Burma Rangers)

0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ မဟာမိတ်တပ်ပေါင်းစု သင်တန်းဆင်းပွဲ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ အမှတ် (၁) စစ်ဒေသ တစ်နေရာမှာ မဟာမိတ်တပ်ဖွဲ့တွေ ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစု အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇန်နဝါရီလအတွင်း ပြုလုပ်ခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
Read More

ယောကာကွယ်ရေးတပ်မှ စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းရဲဘော်များကို အောက်မေ့ရည်စူးပြီး ဆီမီးထွန်းဂုဏ်ပြုခြင်း အခမ်းအနား ပြုလုပ်

ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် - YDF က စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေကို အောက်မေ့ရည်စူးပြီး ဆီမီးထွန်းဂုဏ်ပြုတဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ YDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တောင်ပြတ်ကျေးရွာတိုက်ပွဲတွင် သာယာဝတီခရိုင် PDF တပ်ရင်း (၃) မှ ရဲဘော် ၄ ဦးကျဆုံးခဲ့

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ တောင်ပြတ်ကျေးရွာတိုက်ပွဲမှာ  အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင်တပ်ရင်း ၃ (Myanmar Defense Force) က ရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဆီးမီးခုံမြို့မှာ စျေးထွက်ဝယ်တဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ယောက်သေ၊ ၄ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဆီးမီးခုံမြို့ထဲ စျေးဝယ်ထွက်တဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အရပ်သားတွေကို ဖမ်းဆီးခဲ့ကြောင်း ရွှေဂျိုးဖြူ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

စစ်ဆင်ရေးဖော်ဆောင်လျက်ရှိတဲ့ မင်းတပ်နဲ့ ဖလမ်းမှာ Chinland Council တပ်ဖွဲ့တွေ အနှောက်အယှက်မပေးဖို့ ချင်းညီနောင်တို့ တောင်းဆို

ချင်ညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ မင်းတပ်နဲ့ ဖလမ်းတို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကနေ စတင်ပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ကို ချင်းပြည်နယ်အတွင်း စစ်တပ်ကင်းစင်ရေးဖော်ဆောင်ရာမှာ Chinland Council တပ်ဖွဲ့တွေအနေနဲ့ အနှောက်အယှက်မပြုဖို့ကို ချင်းညီနောင်တို့မှ သဘောထားချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
Read More

ဟန်ပြရွေးကောက်ပွဲနှင့် အတုအယောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အတူတကွဆန့်ကျင်ကြရန် NUG နှင့် NUCC မေတ္တာရပ်ခံ ပန်ကြား…

အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနဲ့ အတုအယောင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အတူတကွရပ်တည် ဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုများကို မေတ္တာရပ်ခံ ပန်ကြားလွှာ ပေးပို့ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။