အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေဟာ ရွှေမှော်ကနေ ပြန်လာတဲ့ အရပ်သားပြည်သူ ၇ ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ရာ ၁ ယောက်သာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၂ ရက် ညနေပိုင်းမှာ ရွှေမှော်ကနေ ပြန်လာတဲ့ ပြည်သူ ၇ ယောက်ကို ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်း၊ ဘူးကုန်းလမ်းခွဲ ဇရပ်အနီးမှာရှိတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ပျူစောထီးတွေက ဖမ်းဆီးကြိုးတုပ်ပြီး အရှင်လတ်လတ် မီးရှို့ခဲ့ရာ ၇ ယောက်ထဲက ၁ ယောက်သာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။

“သတင်းမှန်ပါတယ်၊ သူတို့က ရွှေတောကအပြန် ဘူးကုန်းလမ်းဆုံမှာ စခတွေအထိုင်ချထားကို မသိဘဲ ဖြတ်သွားမိရာက ရက်စက်စွာ မီးရှို့အသတ်ခံရတာပါ” လို့ ကန့်ဘလူမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

သေဆုံးသူတွေဟာ ကိုစိုးတင့် (၄၅) နှစ်၊ ကိုမိုးသက်ခ (၁၆) နှစ်၊ ကိုဂေါင်းကြီး၊ ကိုချစ်သဲမောင် (၂၃) နှစ်၊ ကိုရီဝေမိုး (၁၈) နှစ်နဲ့ ကိုပါကြယ်တို့ ၆ ယောက်ပဲ ဖြစ်ပါတယ်။ ထွက်ပြေးလွတ်မြောက်လာတဲ့ မောင်ကောင်း (အမည်လွှဲ) ကတော့ အသက် (၁၅) နှစ်ဝန်းကျင်သာ ရှိသေးတယ်လို့ သိရပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူ ၇ယောက်ဟာ စက်တင်ဘာ ၉ ရက် မနက် ၈နာရီခန့်မှာ ဆိုင်ကယ် ၃ စီးနဲ့ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်း၊ ရွှေဘိုကနေ ကန့်ဘလူဘက်ကို မောင်းနှင်လာရာ ကန့်ဘလူမြို့နယ်၊ ရေကြည်ဦးရွာနဲ့ ဘူးကုန်းရွာကြား ဘူးကုန်းလမ်းခွဲရှိ ဇရပ်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး သူတို့ကို ဘူးကုန်း ဘုန်းကြီးကျောင်းကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

သူတို့ ၇ ယောက်ကို ၄ ရက်ဆက်တိုက် အကြမ်းဖက်နှိပ်စက်ခဲ့ကြပြီး စက်တင်ဘာ ၁၂ ရက် ညနေမှာတော့ ကြိုးတုပ်ကာ ကားတာယာတွေနဲ့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ရာ အသက် ၁၅ နှစ်အရွယ် မောင်ကောင်း (အမည်လွှဲ) က ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်အုပ်စုဟာ ကန့်ဘလူမြို့နယ်အတွင်း လှည့်ပတ်စစ်ကြောင်းထိုးနေတာ တစ်လနီးပါး ကြာမြင့်နေပြီဖြစ်ပြီး ကျေးရွာတွေ မီးရှို့ဖျက်ဆီးတာ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို စိုးမိုးမှုအလုံးစုံ ရရှိဖို့ ကြိုးပမ်းနေပြီး အခုအခါ ရေကြည်ဦး၊ ဘူးကုန်းရွာလမ်းခွဲ၊ ဇီးကုန်း-မလယ်လမ်းဆုံတို့မှာ ထပ်တိုးနေရာယူကာ ပြည်သူတွေကို အထင်ရင်မထင်သလို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာကြောင့် ခရီးသွားပြည်သူတွေ အထူးသတိထားသွားလာကြဖို့ အသိပေးထားပါတယ်။

ထွက်ပြေးလွတ်မြောက်လာသည့် မောင်ကောင်း (အမည်လွှဲ) (ဓာတ်ပုံ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

0 Shares:
You May Also Like
Read More

မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေး ရဲဘော်တွေရဲ့ အပတ်စဉ် ၁ မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေးရဲဘော်တွေရဲ့ မွမ်းမံသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကယန်းလူထု အခြေပြု ကယန်းအမျိုးသားတပ်မတော် စတင်ဖွဲ့စည်း

ကရင်နီဒေသက မြို့လေးမြို့ အပါအဝင် ပြန့်ကျဲနေတဲ့ ကယန်းလူထုအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို စုစည်းကာ ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းလိုက်ကြောင်း ကယန်းအမျိုးသားတပ်မတော် - KNA က ဒီနေ့ အောက်တိုဘာ (၂၉)  ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပိတ်ဆို့ တိုက်ခိုက်နေသည့် ရွာ ၂ ရွာမှ ပျူစောထီးများ စခန်းစွန့်ခွါထွက်ပြေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အငတ်ဘေးကြုံံနေရတဲ့ ညောင်ကိုင်း နဲ့ တည်သီးတောရွာတွေအတွင်းက ပျူစောထီးတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီဖြစ်တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ကိုဗလကြီးက မောင်းကို ပြောပါတယ်။
Read More

ပုဂံမြို့သစ်တွင် စစ်အုပ်စုကင်းပုန်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့မှုဖြစ်

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မနေ့က သြဂုတ်လ ၂၇ ရက်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မလိုအပ်ဘဲ မသွားလာဖို့ PDF သတိပေး

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ  အချိန်မရွေးတိုက်ပွဲတွေ ဖော်ဆောင်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ အထူးသတိပြုသွားလာနေထိုင်ပေးဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးပြောဆိုနေပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခ.မ.ရ (၅၆၁) တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် ခ.မ.ရ (၅၆၁) တပ်ရင်းက တပ်ကြပ်ကြီးတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၃)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။