မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ Voice Of Mandalay အဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၁၆ ရက် ဒီနေ့လယ် ၂ နာရီကျော်လောက်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးက မတ္တရာအရှေ့မြောက်ခြမ်းရှိ ဋီကာ စာသင်ကျောင်းအနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် စစ်ရှောင် ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

“ဋီကာ ကတော့ အထိအခိုက်ရှိပေမယ့် နည်းတယ်ဗျ။ စစ်ဘေးရှောင် ၂ ဦးလို့ ကြားပေမယ် စိုးရိမ်စရာ မရှိပါဘူး။ အဲ့ကျောင်းက ပိတ်ထားတာ ကြာပြီ။ စစ်ဘေးရှောင်တွေ ထားထားတယ် ကြားတယ်” လို့ Voice Of Mandalay တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တချိန်တည်းမှာပဲ အရှေ့မြောက်ကနေ အနောက်ဘက်ကို တက်လာတဲ့ စစ်ကော်မရှင် ဂျက်ဖိုက်တာတစ်စီးဟာ ဥက္ကံရွာ အနီးတဝိုက်ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဝပ်ရှော့ဆိုင်ထဲ ကျရောက်ပေါက်ကွဲပြီး ၃ယောက် သေဆုံးကာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“နေအိမ်တွေကတော့ ထိခိုက်မှု မရှိဘူး။ ဒေသခံတွေကတော့ စစ်ရှောင်ပြည်သူတွေဖြစ်တဲ့အတွက် ကြောက်နေကြပါတယ်။ ဒီထက်ရှောင်ရင်လည်း နေစရာကို မရှိတော့ပါဘူး။ ဥက္ကံနားကရွာကတော့ အရင်တစ်ခါ လယ်ကွင်းထဲ ပစ်ခံရဖူးတယ်ဗျ။ ဒါပါပဲ” လို့ Voice Of Mandalay တာဝန်ရှိသူက ဆက်ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာ ၁၅ ရက် ည ၁၁ နာရီကျော်လောက်ကလည်း Y12 ထောက်ပို့လေယာဥ်နဲ့ ဆည်တော်အနီးတဝိုက်ကို ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

(ဓာတ်ပုံ VOM)

0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ စစ်တပ်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်၊ အရာရှိ တစ်ဦးအပါ စစ်တပ်က ၁၅ ဦး သေဆုံး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးက အကြမ်းဖက်စစ်‌ကောင်စီ စခန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက် သေဆုံးခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦးကို လက်နက်ခဲယမ်း၊ အသုံးအဆောင်များနှင့်အတူ ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲ ၂ ယောက်ကို လက်နက်ခဲယမ်း၊ အသုံးအဆောင်အချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရိက္ခာပိုင်း မပြည့်မစုံဖြစ်နေသည့် အရှိုချင်းကာကွယ်ရေးတပ် (ACDF) ၏ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း

အရှိုချင်းကာကွယ်ရေးတပ် (ACDF) ရဲ့ အပတ်စဉ် (၆) အခြေခံစစ်ပညာသင်တန်း ပြုလုပ်နေရာ ​အခြေခံစစ်ပညာသင်တန်းမှာ တက်ရောက်သင်ယူနေတဲ့ ရဲဘော်ရဲမေတွေအနေနဲ့ စစ်သင်တန်းရဲ့ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေအပြင် အစားအသောက်နဲ့ ရိက္ခာပိုင်းဆိုင်ရာ မပြည့်စုံတဲ့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
Read More

ငါးသရောက်မြို့က စစ်ကောင်စီရဲ့ ရုံး ၄ ရုံးကို တော်လှန်ရေးတပ်တွေ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း တောင်သာ ပကဖ ထုတ်ပြန်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါးသရောက်မြို့က စစ်ကောင်စီထောက်တိုင်တွေဖြစ်တဲ့ လက်အောက်ခံ ရုံးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ကနီ ချောင်းမကျေးရွာ တိုက်ပွဲအတွင်း စစ်အုပ်စု အလောင်း ၃ လောင်း၊ သုံ့ပန်း ၄ ဦးနှင့် လက်နက်ခဲယမ်းများ PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမကျေးရွာက တပ်မ (၃၃) လက်အောက်ခံ၊ ခမရ (၁၆) ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်က ၃ယောက်သေဆုံးပြီး စစ်သုံ့ပန်း ၄ ယောက်နဲ့ လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။
Read More

အင်းတော်ကို စစ်ကူလာသည့် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၄၀ ခန့်သေပြီး ၃၀ ခန့်အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကနေ အင်းတော်မြို့နယ်ဘက် စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သားအယောက် ၄၀ ခန့်သေဆုံးပြီး အယောက် ၃၀ ခန့်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် - KIA ရဲ့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။