ထိုင်းနိုင်ငံ ပတ္တယားမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ LGBT အလှမယ်ပြိုင်ပွဲမှာ အလှမယ် Chayavate Somwong က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

“ YOU IS U 2025 ” LGBT အလှမယ်ပြိုင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝတ်စားဆင်ယင်မှုပုံစံ ဝတ်ဆင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူလေးစားအားကျရတဲ့ ပုဂ္ဂိုလ်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကြံ့ခိုင်သန်မာသူဖြစ်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပြိုင်ပွဲမှာ အဆိုပါ LGBT အလှမယ် Chayavate Somwong ဟာ 4th Runner-up ဆုကို ရရှိခဲ့ပါ တယ်။

Video – tpn.global.official

0 Shares:
You May Also Like
Read More

စာသင်နေချိန် အိုးထိန်းတွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် ဆရာမ ၂၂ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ သေဆုံးသူ ကလေးငယ်နဲ့ ဆရာမ ၂၂ ယောက် အထိရှိလာပြီလို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူအတွင်းရှိ စစ်အုပ်စုအထိုင်ချထားတဲ့ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း၊ ထွေအုပ်ရုံးကို မီးရှို့ရှင်းလင်းခဲ့ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်အုပ်စုအထိုင်ချ ဌာနဆိုင်ရာရုံးတွေကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ထွေအုပ်ရုံးကို မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်မနေ့က ရေဖြူမြို့နယ်အတွင်း စစ်အုပ်စု အင်အား ၃၀ ကျော် ရှိနေတဲ့ မြို့နယ်ထွေအုပ်ရုံး၊ ဌာနဆိုင်ရာရုံးများရှိရာ စုပေါင်းရုံးနဲ့ မြို့မရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရတာပါ။
Read More

သီတာယုမွန် ပျူအဖွဲ့ စီးနင်းလာသည့်ကား တိုက်ခိုက်ခံရပြီး ကားပေါ်ပါသည့် ၅ ဦးလုံး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်ရဲ့ အဖွဲ့သားတွေ စီးနင်းလာတဲ့ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ထံက သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီ၏ ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းအား KNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ရဲ့ အမိုနယ်စပ် (သို့)  ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟို က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်းက ရဲဘော်တစ်ဦးရဲ့ ဈာပန အခမ်းအနား ( ရုပ်/သံ)

မုံရွာခရိုင် အမှတ် (၂၀) တပ်ရင်းက တိုက်ပွဲတစ်ခုအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တစ်ဦးရဲ့ ဈာပန အခမ်းအနားအတွင်း ဂုဏ်ပြုတပ်ဖွဲ့က အမိန့်ပြန်တမ်းဖတ်ကြားနေတဲ့ ရုပ်သံမှတ်တမ်းကို BOB - Battalion Of Budalin က ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

မုံရွာ-မန္တလေးကားလမ်းပေါ် မိုင်းရှင်းလင်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၁ ‌ယောက်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မုံရွာ-မန္တလေးကားလမ်းမပေါ် ကန်ဖျားဇရပ်အနီး မိုင်းရှင်းလင်း ရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရဦ စစ်သား ၁ ယောက်သေဆုံးသွားတယ်လို့ Moe Nyo Revolution Force အဖွဲ့ထံက သိရ ပါတယ်။