အာဏာသိမ်းစစ်ကော်မရှင်က အွန်လိုင်းပေါ်မှာ ထိုင်းထီနဲ့ ဈေးရောင်းချမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသမီး ၁ ယောက်၊ အမျိုးသား ၂ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ သတင်းထုတ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်က မန္တလေးတိုင်း၊ ချမ်းမြေ့သာစည်မြို့နယ် ၁၁၂ လမ်း၊ ၅၄-၅၅ လမ်းကြား၊ ထွန်တုံးရပ်ကွက်မှာနေထိုင်တဲ့ CDM ပညာရေးဝန်ထမ်း ဒေါ်သီတာဇော်နဲ့ ဦးဖြိုးမင်းစိုးတို့ကို ပြည်ပရောက် CDM ဝန်ထမ်း မခိုင်စုလွင်နဲ့ပေါင်းပြီး ထိုင်းထီနဲ့ ကုန်ပစ္စည်း ရောင်းဝယ်လုပ်ကိုင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကော်မရှင်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၅/၅၈)၊ ဂရုဏာ (၅)လမ်း၊ ကြူစမ်းရွာသစ်၊ ပြန်လည်နေရာချထားရေး ရပ်ကွက်မှာ နေထိုင်တဲ့ ဦးသန်းဇော်မိုးကိုလည်း အလားတူ အကြောင်းပြချက်နဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ 

ထိုင်းထီနှင့် ဈေးရောင်းမှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားသည်ဟု စစ်ကော်မရှင် သတင်းထုတ်ပြန်ထားပုံ

စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာတော့ CDM ဝန်ထမ်း မခိုင်စုလွင်ဟာ ထိုင်းထီနဲ့ အထည်ရောင်းချငွေတွေကို တော်လှန်ရေးအတွက် ငွေကြေးထောက်ပံ့ရာမှာ ဦးသန်းဇော်မိုးရဲ့ Mobile Payment ကို အသုံးပြုခဲ့ကြောင်း၊ မသီတာဇော်ကလည်း အထည်တွေကို ချုပ်လုပ်ပြီး မခိုင်စုလွင်ထံ တရားမဝင် ဖြန့်ဖြူးရောင်းချနေကြောင်း၊ ကိုဖြိုးမင်းစိုးကလည်း မခိုင်စုလွင်ရဲ့ အထည်လုပ်ငန်းလုပ်ကိုင်ရန်  သူရဲ့ Mobile Payment ကို အသုံးပြုခွင့်ပေးပြီး တရားမဝင် ထိုင်းထီတွေကိုလည်း ဝယ်ယူခဲ့ကြောင်း စွပ်စွဲထားတာ ဖြစ်ပါတယ်။ 

ပြည်ပြေး သစ္စာမရှိတဲ့ ဝန်ထမ်း DCS လို့ စစ်တပ်က ပုံဖော်နေတဲ့ မခိုင်စုလွင်ကတော့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အခု စစ်အုပ်စု ဖမ်းဆီးထားတဲ့လူတွေကို သူ့အနေနဲ့ မသိကြောင်း ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးနှင့် ဝမ်းတွင်းတွင် စစ်မှုထမ်းမဲပေါက်သူများ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ခံနေရ

မန္တလေးမြို့နဲ့ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က စစ်မှုထမ်းစာရင်းပါဝင်သူတွေကို ဆက်တိုက်ဆိုသလို တစ်အိမ်တက်ဆင်း ဖမ်းဆီးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကော့ကရိတ်မြို့နယ်တွင်းက စစ်ကောင်စီ၏ တပ်စခန်းငယ်တစ်ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းငယ်တစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်ပြည်နယ်တွင်းက ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

သာကေတရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး ရဲ ၃ ဦး ဒဏ်ရာရ၊ ၁ ဦး ဒဏ်ရာ ပြင်းထန်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ သာကေတနယ်မြေ ရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ စခန်းအတွင်းရှိနေတဲ့ ရဲ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နောင်ချိုမြို့နယ်၊ အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးများ အလွန်အကျွံ အသုံးပြု

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အုမ္မတီးနဲ့ ရေမောင်းတန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားသည့် စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ချေမှုန်း၊ စစ်တပ်က ၁၅ ဦးထက်မနည်း သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရ…

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၁၅ ယောက်ထက်မနည်း သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရှမ်းတောင်၊ ကရင်နီ စစ်တိုင်းဗျူဟာ(၁၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြို့ပေါ်က စစ်တပ်ထောက်တိုင်တွေကို ဖြိုဖျက်ဖို့ “မြို့ပြအတွက် အတိုတစ်လက်” သိန်းတစ်ရာကမ်ပိန်း

ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG People Army (YUPA) က ပစ္စတိုတစ်လက် ဝယ်ယူဖို့အတွက် ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။