စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ စုဖွဲ့နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – ရေဦးက သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၄ ရက် မနက် ၁၀ နာရီခွဲခန့်က ရေဦးမြို့အနောက်ဘက်ခြမ်းကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်စုဖွဲ့နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဂါဝီပန်းခြံဂိတ်ကနေ ဒရုန်းဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်စစ်ကြောင်းရှိ စစ်ဗိုလ်အပါအဝင် ၆ ယောက်သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ၊ အမှတ်(၉)တပ်ရင်း ၊ အမှတ်(၁၂)တပ်ရင်း ၊ အမှတ်(၂၀) တပ်ရင်းနဲ့ ဘုတလင် ပကဖ(ဒရုန်းတပ်ဖွဲ့) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ပြည်သူ့ကာကွယ်ရေးတပ်မတော် – ရေဦး

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ ယာယီအရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ တန့်ယန်းမြို့မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်မှုအချို့ရှိ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့မှာ ဒီနေ့ ဧပြီ ၃၀ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကော်မရှင်၏ အတုယောင်ရွေးကောက်ပွဲတွင် မပါဝင်ကြဖို့ သခင်ဖိုးလှကြီး မကွေးခရိုင် ပကဖ တပ်ခွဲ ၆ ရဲဘော်များ တောင်းဆို (ရုပ်/သံ)

စစ်ကော်မရှင်က ဒီဇင်ဘာလအတွင်း ပြုလုပ်မယ်လို့ ကြေညာထားတဲ့ အတုယောင်ရွေးကောက်ပွဲကို ပြည်သူလူထု ပါဝင်ခြင်းမပြုလုပ်ကြဖို့ သခင်ဖိုးလှကြီး မကွေးခရိုင် ပကဖ တပ်ခွဲ ၆ ရဲဘော်တွေက မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။
Read More

မိုးမိတ်မြို့နယ် မန်ကျည်းပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက် (ရုပ်/သံ)

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ် မန်းကျည်းပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းကနေ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နှင့် မြေပြင်ထိတွေ့မှုမှတ်တမ်းရုပ်သံ ကယန်းအမျိုးသားတပ်မတော် (KNA) ထုတ်ပြန်

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နဲ့ မြေပြင်ထိတွေ့တိုက်ပွဲ မှတ်တမ်းရုပ်သံကို ကယန်းအမျိုးသားတပ်မတော် (KNA) က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည် နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေသည်ဟု သားဖြစ်သူ ပြော (ရုပ်/သံ)

အသက် (၈၀) ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေဆိုးရွားနေတယ်လို့ သားဖြစ်သူ Kim Aris - Htein Lin က ပြောပါတယ်။
Read More

လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းနဲ့ စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၀ ‌ထက်မနည်းသေဆုံးပြီး လက်နက် ၈လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း အခိုင်အမာတပ်စွဲထားတဲ့ စစ်တပ်စခန်းနဲ့ စစ်ကူစစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ထက်မနည်းသေဆုံးပြီး လက်နက် ၈ လက် သိမ်း ဆည်းရရှိခဲ့တယ်လို့ KNDF မှ သတင်းထုတ်ပြန်ထားပါတယ်။