ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမရှေ့မှာ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်အုပ်စုက ပိတ်ဆို့ရှာဖွေမှုတွေလုပ်ဆောင်ခဲ့ကြောင်း Freeland Attack Force (FLA) က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၆ရက် ဒီမနက်အစောပိုင်းမှာ ရန်ကုန်တိုင်း၊ ပန်းပဲတန်းမြို့နယ်၊ မဟာဗန္ဓုလပန်းခြံနဲ့ ဆူးလေမြို့တော်ခန်းရှေ့က အကြမ်းဖက်စစ်သားတွေရှိရာကို FLA ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

FLA အနေနဲ့ အကြမ်းဖက်စစ်ကော်မရှင်ကို ပြည်သူလူထုနဲ့အတူ ရန်ကုန်မြို့ပြအတွင်း နိုင်ရာဝန်အင်အားသုံးပြီး တွန်းလှန် ခုခံနေမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

မစ်ရှင်လုပ်ဆောင်အပြီး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်းနဲ့ အခင်းနေရာကို အကြမ်းဖက်စစ်ကော်မရှင်က ပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

မြို့တော်ခန်းမရှေ့မှာရှိတဲ့ စစ်တပ်လုံခြုံရေးဘယ်ရီဂိတ်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ကြောင်းနဲ့ ပေါက်ကွဲပြီးပြီးချင်း အခင်းနေရာကို ရဲကား၊ စစ်ကားတွေရောက်ရှိလာပြီး ၁၅မိနစ်ကြာစစ်ဆေးရင်း အခင်းနေရာကို လူသွားလူလာကန့်သတ်ခဲ့တယ်လို့လည်း ဗဟန်းကင်းထောက်အဖွဲ့က ဖော်ပြထားပါတယ်။

ဒါဟာ အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ အတုအယောင်ရွေးကောက်ပွဲစတင်ဖို့ သိပ်မလိုတော့အချိန်အတွင်း ခပ်စိပ်စိပ်တွေ့လာရတဲ့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ရက်နေ့ မနက်ပိုင်းကလည်း မြောက်ဒဂုံမြို့နယ် ထွေအုပ်ရုံးနဲ့ အမှတ်(၆) ယာဥ်ထိန်းရဲရုံးတို့ကို Operation Flame အဖွဲ့က လက်ပစ်ဗုံးတွေ ပစ်သွင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

ရန်ကုန်မြို့အတွင်းလှုပ်ရှားနေတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့ အကြမ်းဖက်စစ်ကော်မရှင်အလိုကျ စစ်မှုထမ်းဥပဒေအပါအဝင် အတုအယောင် ရွေးကောက်ပွဲရဲ့ အဓိက ထောက်တိုင်တွေ၊ အားပေးအားမြှောက်လုပ်သူတွေကို ထိထိရောက်ရောက်အရေးယူသွားမယ်လို့လည်း ပြောကြားထားကြတာဖြစ်ပါတယ်။

ဒီအတွက် ပြီးခဲ့တဲ့ သြဂုတ်လတစ်လလုံးမှာလည်း ရန်ကုန်မြို့အတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးဖော်ဆောင်မှု ၈ခုအထိရှိခဲ့ပြီး တိုက်ခိုက်ခံရတဲ့အထဲမှာ ရပ်ကွက်ရုံးတွေ၊ ထွေအုပ်ရုံးတွေ အဓိကပါဝင်နေတယ်လို့ Rangoon Scout Network က ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမှာ တစ်လအတွင်း စစ်မှုထမ်းဖို့ လူငယ် ၂၀၀ ကျော် ဖမ်းဆီးစုဆောင်းခံရ 

မန္တလေးက မြို့နယ် (၇) မြို့နယ်မှာ တစ်လအတွင်း လူငယ် ၂၀၀ကျော်ကို စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း  မန္တလေးသပိတ်အင်အားစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

BPLA မွေးနေ့အခမ်းအနားကို TRI ဗျူဟာမှူး တက်ရောက် ဂုဏ်ပြုစကားပြောကြား

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI ဗျူဟာ) ရဲ့ ဗျူဟာမှူးက အမှတ် (၃၀၈) အညာစစ်ဒေသရှိ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ (၄) နှစ်ပြည့် မွေးနေ့အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က ဦးစီးကျင်းပသည့် (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား (ဓာတ်ပုံသတင်း)

ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ခမ်းကောင် (PNDF-KK) က မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ဦးစီးကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ်အားပေး အနုပညာရှင်အမည်ခံများကို ထိရောက်စွာ စတင်အရေးယူမည်ဟု ရန်ကုန် UG များ ကြေညာ

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံအားပေးကူညီတဲ့ အနုပညာရှင်အမည်ခံ စစ်ကော်မရှင် လက်ကိုင်တုတ်တွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား UG အဖွဲ့တွေက ဒီညမှာ ကြေညာလိုက်ပါတယ်။
Read More

ရေဦးမြို့ပေါ် ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ဦးကို စစ်အုပ်စု ဖမ်းဆီးထား၊ ၆ ရက်ကြာတဲ့အထိ ပြန်မလွတ်သေး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ကို ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဇွန်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ရေဦး အနောက်ပိုင်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံဆီက သိရပါတယ်။