စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ နေရာမှာတင် ၄ယောက်သေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၁၆ ရက် ဒီမနက်မှာ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့၄ခုက စစ်အုပ်စုကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လမ်းပိုင်းအတွင်း အရပ်သားတွေကို အနိုင်ကျင့်ငွေညှစ်နေတဲ့ စစ်ကော်မရှင်တပ်သားတွေ ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“ပြောချင်တာကတော့ ခရီးသွားတွေအနေနဲ့ စခကားတန်းတွေနဲ့ ကပ်မလိုက်ဖို့ရယ်၊ သူတို့ကားတွေတွေ့တယ်ဆိုရင် ကားကိုခနရပ်ထားပြီး ဝေးမှပြန်ထွက်ပါ။ ဘာလို့ဆို ရှေ့မှာ ပြည်သူတွေကိုငဲ့ပြီး မဆွဲခဲ့ရတာတွေလည်း ရှိလို့ပါ” လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force က ဦးဆောင်ပြီး မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂၈) တပ်ခွဲ (၃) နဲ့ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဒီနေ့မနက်ပိုင်းကစပြီး စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့က်ပွဲတွေ ရှိနေတာကြောင့် လမ်းပိုင်းကိုပိတ်ထားကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်ကို ICC အမြန်ဆုံး ဖမ်း၀ရမ်းထုတ် အရေးယူပေးဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့အစည်းတွေ အသီးသီးထုတ်ပြန်တောင်းဆို

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC အနေနဲ့ အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ပေးနိုင်ဖို့ တောင်းဆိုတိုက်တွန်းလိုက်ကြောင်း မန္တလေး အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ကန်ပက်လက်ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက်သေပြီး ၂ ယောက် အရှင်ဖမ်းဆီးရမိ…

ချင်းပြယ်နယ်၊ ကန်ပက်လက်မြို့ကနေ ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးပြီး ၂ ယောက် အရှင်ဖမ်းဆီးရမိထားတယ်လို့ Laung She Regional People's Defence Force က သတင်းထုတ်ပြန်လာပါတယ်။
Read More

မြိုင်မြို့ပေါ် ဈေးလာဝယ်တဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ရာ စစ်သား ၂ ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာဈေးဝယ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ရာစစ်သား ၂ ယောက် သေဆုံးသွားတယ်လို့ မြိုင်ပကဖကနေ သတင်းထုတ်ပြန်လာပါတယ်။
Read More

Cobra Column (2) Venom စစ်ကြောင်း စစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်အခြေစိုက် Cobra Column (2) Venom စစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၅ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ပါချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ကမကထပြု လှူဒါန်းသည့် မေတ္တာနန္ဒဆေးရုံကို စစ်ကောင်စီ ဗုံးကြဲ၊ မီးဖွားပြီးစ အမျိုးသမီးတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်က မေတ္တာနန္ဒဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ဆေးရုံတက်နေတဲ့ မီးဖွားပြီးခါစ အမျိုးသမီးတစ်ယောက် သေဆုံးခဲ့သလို ဆေးရုံရဲ့ အဆောက်အဦး ၃လုံး ပျက်စီးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မင်းလှမြို့နယ် ဇရစ်မျှောင်ရွာမှ အမျိုးသမီး ၅ ဦးအား စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဇရစ်မျှောင်ရွာက အမျိုးသမီး ၅ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။