စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာလမ်းပေါ် ခရီးသွားပြည်သူတွေကို အနိုင်ကျင့်ပိုက်ဆံတောင်းနေတဲ့ စစ် ကော်မရှင်တပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ မန္တလေး-မုံရွာလမ်းပေါ် ခရီးသွားပြည်သူတွေကို အနိုင်ကျင့်ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်သား ၄ ယောက် သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force ဦးဆောင်ပြီး မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၂၈) တပ်ခွဲ (၃) နဲ့ မူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Video – မုံရွာခရိုင် အမှတ် ၄ တပ်ရင်း

0 Shares:
You May Also Like
Read More

သရက်ချောင်းမြို့နယ် ဘုန်းကြီးကျောင်းမှာ ရေချိုးနေတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး ၁ ယောက်သေ ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ပျင်းဖြူသားဘုန်းကြီးကျောင်းမှာ ရေချိုးနေတဲ့ စစ်ကောင်စီ တပ်သားတွေ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ T5 Wings အဖွဲ့မှ မနေ့ဇွန်လ ၂၇ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၅ ရက် ဒီနေ့ မနက်အစောပိုင်းမှာ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်တောင် ရပ်ကွက် ၃ ကို စစ်ကော်မရှင်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၂ ယောက် သေဆုံးကာ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်ဒေသခံတွေထံက သိရပါတယ်။
Read More

ကရင်နီရှေ့တန်းစစ်မြေပြင်မှာ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်များ

ကရင်နီရှေ့တန်းစစ်မြေပြင်မှာ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ မြို့ပြစစ်ဆင်ရေးစစ်ကြောင်း(UOC) က တော်လှန်ရေးရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

TNLA ဦးဆောင်တဲ့ ကျောက်ကြီးတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပကဖမိုးကုတ်ရဲဘော်တွေ တိုက်ပွဲဝင်မှတ်တမ်း (ရုပ်/သံ)

TNLA ဦးဆောင်ပြီး မိုးကုတ်ဗျူဟာ PDFတပ်ရင်း၊ 513 PDFတပ်ရင်းတွေနဲ့အတူ ၇ မိုင် ကျောက်ကြီးတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ပ.က.ဖ မိုးကုတ်ရဲဘော်များတွေရဲ့ တိုက်ပွဲဝင် မှတ်တမ်းပုံရိပ်တွေကို မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ထုတ်ပြန်လိုက်ပါတယ်။