ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ၁၃ နှစ်ကြာ ပိတ်ထားခဲ့တဲ့ ဂျာမေဗလီကို အာရက္ခတပ်တော် (AA) ရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့မှာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မောင်တောမြို့က ဒေသခံ မွတ်စလင်အသိုင်းအဝိုင်း တွေ့ဆုံချိန်မှာ မွတ်စလင်ခေါင်းဆောင်တွေက ဂျာမေဗလီကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ရခိုင်ဒေသသတွင်း သတင်းတွေ တင်ဆက်ပေးနေတဲ့ အာရက္ခမင်းသမီး မီဒီယာမှာ ဖော်ပြထားပါတယ်။

အဆိုပါ တောင်းဆိုမှုကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ခွင့်ပြုပေးခဲ့တာကြောင့် ၂ ပတ်နီးပါးအကြာ စက်တင်ဘာ ၁၂ ရက်နေ့မှာ ဂျာမေဗလီကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဂျာမေဗလီဟာ ၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက်မှာ လူမျိုးရေးပဋိပက္ခတွေကြောင့် ပိတ်ထားခဲ့ရတာဖြစ်ပြီး ၁၃ နှစ်ကြာမှ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ အာရက္ခမင်းသမီး မီဒီယာ)

0 Shares:
You May Also Like
Read More

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ၊ နေအိမ် ၄ လုံး ပျက်စီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖာပွန်ခရိုင်မှာ ၁၅ ရက်အတွင်း တိုက်ပွဲ (၄၅) ကြိမ် ဖြစ်ပွါးခဲ့၊ စစ်ကောင်စီတပ်သား (၁၁) ယောက် သေ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်မှာ ဒီဇင်ဘာလ ပထမ ၁၅ ရက်တာအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၁၁) ယောက် သေဆုံးပြီး (၈) ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်၊ ဗျူဟာမှူးအပါ စစ်သုံ့ပန်းများနှင့် လက်နက်ကြီးပါ ရရှိ

ဘီးလင်းမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း အယောက် ၂၀ ကျော် ဖမ်းမိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

စစ်ဆင်ရေး အရှိန်မြှင့်ရန် ပဲခူးတိုင်းစစ်ဌာနထံ လက်နက်တပ်ဆင်ပေးအပ်

စစ်ဆင်ရေးတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့အတွက် ပဲခူးတိုင်းစစ်ဌာနထံ လက်နက်တပ်ဆင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း အမှတ် - ၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပဲခူးတိုင်းစစ်ဌာနထံ လက်နက်လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA တရားဝင်ထုတ်ပြန်

တအာင်းပြည် တပ်မဟာ (၂) နယ်မြေ၊ သီပေါမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ် ခလရ (၂၃) တပ်စခန်းအားလုံးကို အောက်တိုဘာ ၁၃ ရက် နေ့လည်ပိုင်း (၁း၀၀)နာရီအချိန်မှာ အလုံးစုံဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့  တအာင်းတပ်မတော် PSLF/TNLA ကတရားဝင်သတင်းထုတ်ပြန်လာပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ် အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြည်သူ ပိုင် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား (၁) ယောက် သေဆုံးခဲ့ပြီး (၄) ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်တို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲခြင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူပိုင် နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား (၁) ယောက် သေဆုံးကာ (၄) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU က ထုတ်ပြန်ထားပါတယ်။