မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ဇွန်လနဲ့ သဩဂုတ်လတွေမှာ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်က ဆိပ်ဖြူမြို့နယ် ဆယ်မိုင်လမ်းဆုံဂိတ်ကနေ ကင်းယူဖို့ ထွက်လာတဲ့ အင်အား ၂၀ ခန့်ရှိ စစ်ကော်မရှင်တပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ယောက်သေဆုံးပြီး ၁၀ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇွန်လ ၁၇ ရက်ကလည်း ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ စစ်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၃၀ ရက်မှာလည်း ဆိပ်ဖြူမြို့ကနေ စစ်ကား ၂ စီးနဲ့ ထွက်လာတဲ့ အင်အား ၃၀ ခန့်ရှိ စစ်ကော်မရှင်တပ်သားတွေကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၁၃ ရက်ကလည်း ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းကို ဒရုန်းနဲ့ ‌ဗုံးသီး ၃ လုံးကြဲချပြီး သြဂုတ် ၁၅ ရက်မှာ ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရဲ ၂ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP နဲ့ ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း ၊ တပ်ခွဲ(၃) ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ် ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Video – ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

0 Shares:
You May Also Like
Read More

စခန်းသိမ်းတိုက်ပွဲဆင်နွှဲရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် ယွန်းချစ်သဲ (ခ) လိပ်ပြာကြီး (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ ရှေ့တန်းတစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စခန်းသိမ်းတိုက်ပွဲဆင်နွှဲစဉ် စက်တင်ဘာ ၁၈ ရက် နေ့လည်ပိုင်းက  ရဲဘော် ယွန်းချစ်သဲ (ခ) လိပ်ပြာ ကြီး ကျဆုံးခဲ့ရတယ်လို့ ရွှေဘိုခရိုင် အမှတ်(၄) တပ်ရင်း ၊ တပ်ခွဲ(၂) ထံက သိရပါတယ်။
Read More

မင်းတပ်မြို့အတွင်း ညအချိန် အကြမ်းဖက်စစ်တပ် ကြဲချခဲ့သည့် ဗုံးပေါက်ကွဲမှုပြင်းအား (ရုပ်/သံ)

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
Read More

ပလရဲစခန်းကုန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချမှု မိုင်းကွင်းအတွင်း ပေါက်ကွဲပြီး ရဲစခန်းပတ်လည်မီးလောင် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က ပလမြို့ရဲစခန်းကုန်းကို ဇန်နဝါရီ ၁၇ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့  ပုလောပကဖဒရုန်းတပ်ဖွဲ့ (Shadow Squad) က ထုတ်ပြန်ထားပါတယ်။
Read More

အင်းတော်တိုက်ပွဲမှ ထွက်ပြေးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၅၀ ကျော် ဖမ်းမိထား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးနေကြတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅၀ ကျော်ကို ဖမ်းဆီးရမိထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းက သီလုံးပျူစခန်း၊ ပန်ရံပျူစခန်းနဲ့ မြင်းချင်းပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက သီလုံးပျူစခန်း၊ ပန်ရံပျူစခန်းနဲ့ မြင်းချင်းပျူစခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြဝတီမြို့နယ်အတွင်း အမြင့်ဆုံးတောင်ကုန်းပေါ်ရှိ ဘုရင့်နောင် စစ်ကောင်စီတပ်စခန်းကုန်းကို နာရီပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ စစ်‌ကောင်စီရဲ့ ဘုရင့်နောင်စစ်တပ် စခန်းကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ AEC ထိုင်းသတင်းမှာ ဖော်ပြပါတယ်။