တနင်္သာရီတိုင်း၊ ခမောက်ကြီးမြို့နယ်အတွင်း ရေလမ်းကနေ စက်လှေ ၂ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး လှေ ၁ စီးနစ်မြုပ်သွားကာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၉ ရက် နေ့လယ်ပိုင်းက ခမောက်ကြီးမြို့နယ် ခမောက်ငယ်ကျေးရွာဘက်သို့ ရေလမ်းကနေ စက်လှေ ၂ စီးနဲ့ ထွက်လာတဲ့ အင်အား ၃၀ ခန့်ရှိ စစ်ကော်မရှင်တပ်သားတွေကို စောင့် ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း စက်လှေ ၁ စီးနစ်မြုပ်သွားပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အထိနာသွားတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ၁၂၀ မမ လက်နက်ကြီး၊ ၈၁ မမ လက်နက်ကြီးတွေနဲ့ ပစ် ကူပေးခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းကလည်း အင်အား ၅၀ ခန့်ရှိ စစ်ကော်မရှင်တပ်သားတွေကို ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာ ဆယ်အိမ်စုအနီး တော်လှန်ရေးရဲဘော်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲက ၂ရက်၊ ၃ကြိမ်ဖြစ်တယ်။ သူတို့အသေအပျောက်ကို အတိအကျမသိရဘူး။ အလောင်းတွေတော့တွေ့ရတယ်။ သေချာတာတော့ ထိခိုက်ဒဏ်ရာရတာများတယ်။ နောက်ပိုင်းသတင်းတွေအရဆို ထိုင်းဘက်မှာ ၇ကောင် ဆေးသွားကုနေရတယ်။ ခမောက်ကြီးနဲ့ ကော့သောင်းဆေးရုံတွေမှာ ကုသနေရတာတွေ၊ မြိတ်ဆေးရုံကို ပို့လိုက်တာတွေလည်း ရှိတယ်ပေါ့နော်။ လက်ရှိ ကော့သောင်း ခမောက်ကြီးစစ်တပ်ထဲမှာလည်း နာရေးတွေဆက်တိုက်ရှိနေတာ ဘုန်းကြီးတွေလည်း မနားရဘူးပေါ့။” လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် ကျားကြီးက မောင်းကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ကော့သောင်းခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစု၊ အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့

0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ် လှတောရွာကို အကြမ်းဖက်စစ်တပ် ဝင်ရောက်မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ Wetlet Informational Network က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေး-မုံရွာလမ်းပေါ်တွင် ပြည်‌သူများထံမှ ပိုက်ဆံတောင်းနေသည့် စစ်ကော်မရှင်တပ်သားများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

မန္တလေး-မုံရွာလမ်းပေါ်မှာ ခရီးသွားပြည်သူတွေထံကနေ ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်းက သတင်း ထုတ်ပြန်ထားပါတယ်။
Read More

ဖီဖော်မြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ် အထူးဒေသ ၁ မြန်မာ-တရုတ်နယ်စပ် ဖီမော်မြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၂ ရက် မနေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ Northern Shan State Alliance Army ရဲဘော်တွေရဲ့ စစ်ရေးလှုပ်ရှားမှုမှတ်တမ်း (ရုပ်/သံ)

ရှမ်းပြည်နယ် မိုးကုတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ်က ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (Northern Shan State Alliance Army) ရဲဘော်တွေ ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှု မှတ်တမ်းရုပ်သံဖိုင်ကို အဆိုပါ တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အရပ်သား ၁ ယောက် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ထံက သိရပါတယ်။