မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာလမ်းဆုံအနီးမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကင်းပုန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သားတွေ သေဆုံးမှုရှိနိုင်တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီဝန်းကျင်အချိန်မှာ နှစ်ကရင်ကျေးရွာ လမ်းဆုံအနီး ရထားလမ်းနံဘေးနားက စစ်ကော်မရှင်တပ်သားတွေရဲ့ ကင်းပုန်းနေရာတွေကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာနက တပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နဲ့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

“သူတို့ရဲ့ ကင်းပုန်းတွေက ရေးမှာ စစ်ရေးအရ လှုပ်ရှားနေတဲ့အတွက်ကြောင့် ကျမတို့ သွားရောက် ဗုံးကြဲချခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ ထိခိုက်သေဆုံးမှုကတော့ ရှိပါတယ်။ ဒါပေမယ့် အတိအကျကိုတော့ ကျမတို့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်” လို့ MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ မိတလဉာဏ်က မောင်းကို ပြောပါတယ်။ 

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာလည်း ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးက ကွမ်ကျိုက် စစ်ဆေးရေးဂိတ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ 

မိတလဉာဏ်က “ကွမ်ကျိုက် ဂိတ်စခန်းကဆိုရင် ပြည်သူတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာမျိုး၊ ပြီးတော့ အကြမ်းဖက်တာမျိုး ဒီလိုအပြုအမူတွေနဲ့ ဆက်ဆံတာတွေကြောင့် ကျမတို့အနေနဲ့ ခြောက်လှန်တဲ့ သဘောနဲ့ ဗုံးသီးကြဲချခဲ့တာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ 

အဲဒီ တိုက်ခိုက်မှုမှာတော့ ထိခိုက်သေဆုံးသူ မရှိခဲ့ဘူးလို့ သိရပါတယ်။ 

အဆိုပါ မစ်ရှင်တွေကို ဖော်ဆောင်ခဲ့တဲ့ တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေကတော့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ (၁) နဲ့ ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ- တပင်ရွှေထီးတပ်တို့ပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲအတုကို အမွှန်းတင်၊ တော်လှန်ရေးကို ပုံဖျက်ထားသည့် ဇာတ်ကားနှင့် စစ်တပ်၏ ဝါဒဖြန့်မှုကို ကူညီပုံဖော်ပေးသည့် သရုပ်ဆောင်များ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရ

အကြမ်းဖက်စစ်ကော်မရှင်က သူတို့ရဲ့ အတုယောင်ရွေးကောက်ပွဲအတွက် ပြည်တွင်းစျေးကွက် နာမည်ရ သရုပ်ဆောင်တွေကို အသုံးပြုပြီး "ခေတ်သမိုင်းကို ဒုန်းစီးမည့်သူများ" ဆိုတဲ့ ဝါဒဖြန့်ပေါ်လစီ ဇာတ်ကားတစ်ကားကို စစ်တပ်ပိုင် မြဝတီချန်နယ်ကတဆင့် ထုတ်လွှင့်ပြသခဲ့ပါတယ်။
Read More

ငလျင်ကြောင့် အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသူ ၆ ဦး သေဆုံး…

စစ်ကိုင်းမြို့နယ်ကို ဗဟိုုပြုပြီး မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေး၊ အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသူ ၆ ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က အတည်ပြုထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်နဲ့ချီ လက်နက်ချခဲ့တဲ့ နန်တိန်းမင် စခန်းသိမ်းတိုက်ပွဲနေ့ကို  ပြန်လည်ထူထောင်ရေးနေ့အဖြစ် MNDAA သတ်မှတ်

MNDAA က ရှမ်းပြည်မြောက်ပိုင်း၊ လောက်ကိုင်ဒေသက နန်တိန်းမင် တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကို ပြန်လည်ထူထောင်ရေးနေ့အဖြစ် သတ်မှတ်လိုက်တယ်လို့ မနေ့က ဇန်နဝါရီလ ၅ ရက်နေ့မှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြန်ပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ဖို့ လော်စပီကာနဲ့ လိုက်အော်နေတဲ့ အုပ်ကြီး ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီအလိုကျ သန်းခေါင်စာရင်းကောက်ဖို့ လော်စပီကာနဲ့ လိုက်အော်နေတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ တပ်ရင်း (၃၈၀၂) တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံက သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် တပ်ရင်း ၄ ၏ အပတ်စဥ် (၁၁) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင် အမှတ် ၄ တပ်ရင်းရဲ့ အပတ်စဥ် (၁၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

ရွှေကျင်ဒေသထဲက စစ်ကောင်စီ အခြေစိုက်ရာ နေရာနှစ်ခုကို ဒရုန်းနဲ့တိုက်ခိုက်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ထဲက  စစ်ကောင်စီ အခြေစိုက်ရာ နေရာနှစ်ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ကြောင်း KNLA Nighthawks အဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။